ပထမနှစ် စီမံကိန်း အဖြစ် ကျပ်သုံးသိန်းတန် ဖုန်းများ အလုံးရေ လေးသန်းဝန်းကျင် ချထားပေးမည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပထမနှစ် စီမံကိန်းအဖြစ် ချထားပေးရန် စီစဉ်နေသော GSM ဖုန်းလုံးရေ လေးသန်း ဝန်းကျင်ကို ကနဦး ပေးသွင်းခ ငွေကျပ်သုံးသိန်း ဝန်းကျင်ဖြင့် အသုံးပြုခွင့် ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။
အဆိုပါ ငွေကျပ်သုံးသိန်းဝန်းကျင်ဖြင့် ချထားပေးရန် စီစဉ် နေသော GSM ဖုန်းလိုင်းများကို ယခုနှစ်အတွင်း ချထား ပေးမည် ဖြစ်ကြောင်း ၊ ပထမနှစ် စီမံကိန်းကာလအဖြစ် အကျုံးဝင်မည့် နှစ်ကာလ အတိုင်းမတာ မသတ် မှတ်ရ သေးကြောင်း၊ ဖုန်းလိုင်းချထားပေရန် အတွက် ပူးပေါင်း လုပ်ကိုင် မည့် ကုမ္ပဏီကိုလည်း မသတ်မှတ်ရ သေးကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တယ်လီဖုန်း သုံးစွဲမှု မြင့်မားလာစေရေး အတွက် ငါးနှစ်စီမံ ကိန်းအဖြစ် GSM မိုဘိုင်းဖုန်း လိုင်း အင်အား သန်း ၃ဝ တိုးချဲ့ တပ်ဆင်နိုင် ရေးကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း ကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် GSM မိုဘိုင်းဖုန်းများအား မြန်မာတစ်နိုင်ငံလုံးသို့ လုံးရေ တစ်သန်းဝန်းကျင် ငှားရမ်း သုံးစွဲခွင့် ပြုထားပြီး ဖြစ်ကြောင်းနှင့် မြို့ပေါင်း ၅၃ မြို့တွင် သုံးစွဲနိုင်ကြောင်း သိရသည်။ GSM မိုဘိုင်းဖုန်းအား ၂ဝဝဝ ပြည့်နှစ် ၂ဝဝ၁ ခုနှစ် ဝန်းကျင်တွင် အများပြည်သူထံ သုံးစွဲခွင့်ပြုခဲ့ပြီး ယင်းအချိန်က GSM ဖုန်းမှာ ပြင်ပပေါက်ဈေး ကျပ် သိန်း ၃ဝ နှင့် သိန်း ၄ဝ ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။