ရန်ကုန်၌ အမည်မသိရောဂါဖြင့် ၀က်များ သေဆုံး၊ ၀က်သားဈေးကျ

ရန်ကုန်၌ အမည်မသိရောဂါဖြင့် ၀က်များ သေဆုံး၊ ၀က်သားဈေးကျ

ရန်ကုန်တိုင်း အတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် မွေးမြူထားသော ၀က်များမှာ မေလ တတိယပတ်မှ စတင်ပြီး ရောဂါအမည် မသိဘဲ သေဆုံး မှုများဖြစ်ပေါ်နေပြီး ၀က်သား ဈေးနှုန်းများလည်း ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

ဝက်မွေးမြူသူများအနေဖြင့် ၀က်များနေ့စဉ် သေဆုံးမှုကြုံတွေ့နေရပြီး သေဆုံးရခြင်းအကြောင်းရင်းများကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလက်ထောက် ညွှန်ကြားရေးမှူး တဦးက ပြောသည်။
“၀က်နားရွက်ပြာ ရောဂါလက္ခဏာ တွေ့ရတာလည်း ရှိတယ်၊ ဘာ လက္ခဏာမှ မတွေ့ရဘဲနဲ့ သေဆုံးကုန်တာတွေလည်း ရှိတော့ရောဂါ ကို အတိအကျ ပြောလို့မရသေးဘူး”ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငါးဆူတောင်ရှိ ၀က်မွေးမြူရေးခြံတခြံ (ဓာတ်ပုံ - မြန်မာတိုင်းမ်)

ဝက်အများဆုံး သေဆုံးလျက်ရှိသော မြို့နယ်များမှာ ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ အင်းစိန်၊ သာကေတ၊ ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း စသည့် မြို့နယ်များ ပါဝင်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စာရင်းများ၌ ဖော်ပြထားသည်။ ယုဇနဥယျာဉ် မြို့တော်တွင်လည်း ၀က်များနေ့စဉ် သေဆုံးမှုရှိနေကြောင်း သိရသည်။

တချို့ဝက်များတွင် မသေဆုံးမီအချိန်၌ပင် နားရွက်များအတွင်းမှ လောက်ကောင်များ ထွက်ရှိခြင်းများလည်း ဖြစ်ကြောင်း၊ ၀က်သေဆုံးမှုများ ဖြစ်ပွားခဲ့သော မြို့နယ်များတွင် ၀က်သားဈေးများ ကျဆင်းကာ ၀က်သားစားသုံးမှုနှုန်းလည်း ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

“၀က်သားဈေးက ၁၀ ကျပ်သားကို ကျပ် ၁၀၀ ၊ စားလည်းမစားရဲဘူး၊ ၀က်နားရွက်ပြာရောဂါ အကြောင်း ကြားပဲကြားဖူးတာ၊ လူကို ကူးမ ကူးဆို တာ မသိဘူး”ဟု လှိုင်သာယာမှ မစိုးစိုးငယ်က ပြောသည်။

ကမာရွတ်၊ ကျောက်တံတား ၊ စမ်းချောင်း ၊ ဒဂုံ စသည့် မြို့နယ်များ အတွင်းရှိ ဈေးများတွင် ၀က်သား ပုံမှန်ရောင်းချနေကြကြောင်း ကျောက် တံတားမြို့နယ်မှ အိမ်ရှင်မ တဦးဖြစ်သည့် ဒေါ်ကြည်ကြည်က ပြောပြသည်။

“ဒီမှာကတော့ ၀က်သားဈေး ပုံမှန်ပါပဲ၊ ကျပ် ၆၀၀၊ ၇၀၀ ပါပဲ။ ၀က်တွေ ရောဂါရပြီး သေတယ်ဆိုတာ ကြားတော့ကြားတယ်။ ဈေးကတော့ မကျ သေးဘူး”ဟု ၎င်း က ဆိုသည်။

ဝက်နားရွက်ပြာရောဂါသည် ၂၀၁၀ ပြည့် နှစ်ကုန်ပိုင်းတွင် မန္တလေးတိုင်းအတွင်း စတင်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် နှစ်ဆန်း ပိုင်း၌ မကွေးတိုင်းနှင့် နေပြည်တော်တို့တွင်လည်း ဖြစ်ပွားခဲ့ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဝက်နားရွက်ပြာဖြစ်ပွားမှုမှာ မကွေးတိုင်းတွင် ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်မှ ၀က်ကောင်ရေ ၁၅၀ ကျော်၊ မန္တလေး တိုင်း၌ ၀က် ကောင်ရေ ၁၀၅၂ ၊ နေပြည်တော်တွင် ၀က်ကောင်ရေ ၁၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း မွေးမြူရေးနှင့် ရေ လုပ်ငန်း ၀န်ကြီးဌာန က ထုတ်ပြန်ထားသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection