စိတ်ကြွဆေး နှစ်သောင်း မြန်မာပြည်သားထံမှ ဖမ်းမိ
စိတ်ကြွဆေး အလုံးရေ ၂၀၀၀၀ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁ ယောက်ကို ထိုင်းနိုင်ငံ အလယ်ပိုင်း ချုံဘူရီ ခရိုင် စီလာချာမြို့နယ်မှာ အာဏာပိုင်တွေက မနေ့က ဖမ်းဆီးလိုက်တဲ့အကြောင်း ထိုင်းသတင်းဌာန ၀က်ဆိုက် မန်နေဂျာ အွန်လိုင်းမှာ ဒီကနေ့ ရေးထားပါတယ်။
အဖမ်းခံရသူက အသက် ၃၅ နှစ်အရွယ် စောစိုးပိုင် ဖြစ်ပြီး၊ သူက ဒီ ရာဘ (ခေါ်) မက်သာ အဖက် တမင်း စိတ်ကြွဆေးပြားတွေကို လူတ ယောက် ဆီကို သွားပို့မယ့် အချိန်မှာ အာဏာပိုင်တွေက ၀ိုင်းဖမ်းခဲ့ တာလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ မတ်လက မြန်မာနိုင်ငံသား ၃ ယောက်ဆီက စိတ်ကြွဆေးပြား ၃ သိန်းကျော်နဲ့ အတူ ဘတ်ငွေ ၅ သိန်း ၆ သောင်း တို့ကိုလည်း အာဏာပိုင်တွေက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့ပါတယ်။
တယောက်က ၂၅ နှစ်၊ ကျန်တဲ့ ၂ ယောက်ကတော့ အသက် ၂၈ နှစ် နဲ့ ၃၆ နှစ် အရွယ်တို့ ဖြစ်ပါတယ်။ သူတို့ဆီက ဖမ်းမိထားတယ် ဆိုတဲ့ စိတ်ကြွ ဆေးပြားတွေက ခန့်မှန်းခြေ ဘတ်သန်း ၁၀၀ ၀န်းကျင် (ဒေါ်လာ ၃သန်း ၀န်းကျင်) ရှိမယ်လို့ ဆိုပါတယ်။
(သန်းထိုက်ဦး )