ရန်ကုန်သင်္ကြန်ရေကစားမည့် မိန်းကလေး လျော့နည်းနိုင်

ရန်ကုန်သင်္ကြန်ရေကစားမည့် မိန်းကလေး လျော့နည်းနိုင် 
 
“အရင်တုန်းက စီစီတီဗီတွေ မတပ်တာတောင်မှ မဏ္ဍပ်ပေါ်က မိန်းကလေးပုံတွေကို ဓာတ်ပုံရိုက်ပြီး တင်တာတွေရှိတော့ ကိုယ့်ဘာသာနေတော့လည်း သူတို့ကိုရိုက်ရင်းနဲ့ ရောပါသွားတာမျိုး အဖြစ်မ ခံနိုင်ဘူး”

ယခုနှစ်မဟာသင်္ကြန်တွင် ရန်ကုန်မြို့ ရေကစားမဏ္ဍပ်များ လျော့နည်း သွားသကဲ့သို့ သင်္ကြန်မဏ္ဍပ်များ၌ ရေကစားမည့် သူများလည်း လျော့နည်းနိုင်ကြောင်း မဏ္ဍပ်ဆောက်သူများက ပြောသည်။ ယခင်နှစ် ကကဲ့သို့ ဗုံးပေါက်ကွဲမှုများ မဖြစ်စေရန်အတွက် မဏ္ဍပ်များတွင် လုံခြုံရေးတိုးမြှင့်ထားခြင်း၊ မဏ္ဍပ်တိုင်း တပ်ဆင်ရမည့် လုံခြုံရေး ကင်မရာများနှင့် ဆက်စပ်၍ အင်တာနက်ပေါ်တွင် ဗီဒီယိုဖိုင်များ ရောက်ရှိ သွားမည်ကို စိုးရိမ်ခြင်းနှင့် ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွား မည်ကို စိုးရိမ်ခြင်း စသည်တို့ကြောင့် သင်္ကြန်ရေကစားမည့်သူများ လျော့နည်းနိုင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ယခုနှစ်တွင် အကြမ်းဖက် သမားများ၏ အန္တရာယ်ကြောင့် သင်္ကြန်ရေကစားမဏ္ဍပ်များတွင် CCTV ကင်မရာများ ဘက်ပေါင်းစုံမှ တပ်ဆင်ထားရမည်ဟု ညွှန်ကြားချက် ထုတ်ပြန်ထားခဲ့သည်။ ထိုကဲ့သို့ စီစီတီဗီ ကင်မရာများ တပ်ဆင် ထားခြင်းသည် လြုံခုံရေးအရစိတ်ချရသော်လည်း မသမာသူ အချို့၏ အင်တာနက်ပေါ်တွင် ဗီဒီယို ဖိုင်များတင်မည့် အန္တရာယ်ကို စိတ်ပူခြင်းများရှိသည့်အတွက် သင်္ကြန်မဏ္ဍပ်များတွင် ရေကစားမည့်သူ လျော့နည်းသွားကြောင်း မဏ္ဍပ်ထောင်သူတစ်ဦးက ပြောသည်။


“အရင်တုန်းက စီစီတီဗီတွေ မတပ်တာတောင်မှ မဏ္ဍပ်ပေါ်က မိန်းကလေးပုံတွေကို ဓာတ်ပုံရိုက်ပြီး တင်တာတွေရှိတော့ ကိုယ့်ဘာသာနေတော့လည်း သူတို့ကိုရိုက်ရင်းနဲ့ ရောပါသွားတာမျိုး အဖြစ်မခံ နိုင်ဘူး”ဟု နှစ်စဉ်မဏ္ဍပ်တွင် ရေကစားသူ မိန်းကလေးတစ်ဦးက ယခုနှစ် မကစားဖြစ်သည့်အကြောင်းကို 7Day News သို့ပြောသည်။ “ဒီနှစ် စီစီတီဗွီတွေတပ်ရမယ၊် လြုံခုံရေးဝန်ထမ်းတွေ ခန့်ရမယ်ဆို တာကြောင့် မဏ္ဍပ်လုပ်တဲ့သူတွေမှာ ကုန်ကျစရိတ်က ပိုကြီးသွားတယ်။ တခြားစရိတ်တွေကလည်း မြင့်လာတယ်။ ဒါပေမဲ့ ကစားမယ့်သူကျတော့ ဗုံးကြောက်တာရော စီစီတီဗီကြောက်တာရောကြောင့် မနှစ်ကလောက် မများတော့တဲ့အတွက် ဒီဘက်မှ မကိုက်တော့ဘူး။အဲဒါကြောင့် ကစားမယ့်သူလည်းနည်း မဏ္ဍပ်လည်းနည်းသွားတာဟု နှစ်စဉ်မဏ္ဍပ်ဆောက်ခဲ့သူတစ်ဦးက ပြောသည်။ ယခုနှစ်တွင် ဧပြီလဆန်း ရောက်ရှိနေသော်လည်း မဏ္ဍပ်ကြော်ငြာများ ပန်းဖလက်များကို များစွာမတွေ့ ရသေးခြင်းတို့ကြောင့် နှစ်စဉ်နှစ်တိုင်းကဲ့သို့ သင်္ကြန်မဏ္ဍပ်များနှင့်ဆိုင်သော မည်သည့်လှုပ်ရှားမှုများမှ မတွေ့ရသေးဘဲ ဧပြီလဆန်းသည် အလွန်ငြိမ်သက်နေသည်ဟု သင်္ကြန်ကို ရင်ခုန်စွာစောင့်မျှော်နေကြသူ လူငယ်များ ကပြောသည်။ မဏ္ဍပ်များတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ထားမည်ကို မနှစ်သက်၍ သူငယ်ချင်း အားလုံးကလည်း ယခင်နှစ်ကဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကို ကြောက်လန့်နေကြသေး၍ ခရီးသွားရန် သာ ရည်ရွယ်ထားသည်ဟု အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ပြောကြားခဲ့သည်။ စီစီတီဗွီကင်မရာ ငှားရမ်းခြင်းလုပ်ငန်းများကို လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန် သက်ဆိုင်ရာက ညွှန်ကြားချက်ထုတ်ပြန်ထားပြီး ကင်မရာ လေးလုံးတစ်စုံအတွက် အထူးငှားဈေး ကျပ်ခြောက်သိန်း ခန့်ရှိကြောင်း သိရသည်။
Credit: အိဖြူလွင် (7Day News Journal)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection