ငွေကြေးအစားထိုး ပစ္စည်းသုံးလျှင် အရေးယူခံရမည်
ကျပ် ၁၀၀ တန်၊ ကျပ် ၂၀၀ တန် ငွေစက္ကူများ ရှားပါးနေသောကြောင့် ဈေးဝယ်စင်တာများ၊ မြို့တွင်း ပြေးဆွဲနေသော ယာဉ်လိုင်းများက ကူပွန်များ၊ ဆေးလိပ်၊ ကော်ဖီမစ်၊ သကြားလုံး စသည်တို့ကို ငွေအကြွေ အစားထိုးပြန်အမ်းငွေအဖြစ် သုံးပြုနေခြင်းကို ငွေကြေးဥပဒေအရ တရားစွဲဆို အရေးယူ သွားမည်ဟု ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
ငွေအကြွေ အစားထိုး တန်ဖိုးတူ ကူပွန်များ အသုံးပြု နေခြင်းသည် ငွေကြေးဥပဒေအရ တရားစွဲဆို အရေးယူနိုင် သည်အထိ အပြစ် မှုကြီးသောကြောင့် ဆက်လက်မပြု လုပ်ကြရန် ရန်ကုန်ရှိ ဈေး၀ယ် စင်တာ များနှင့် ယာဉ်လိုင်း များအား သတိပေးထား သည်။
ဈေး၀ယ်စင်တာများ၊ ကုန်ခြောက်ဆိုင်များ နှင့် မော်တော် ယာဉ်လိုင်းများတွင် ငွေအကြွေအစားထိုး ကူပွန်သုံးစွဲမှုများ စစ်ဆေးတွေ့ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသုံးမပြုရန် သတိပေး တားမြစ်ခဲ့ပြီး အသုံးပြုသည်ကို ထပ်မံတွေ့ရှိပါက ဥပဒေအကြောင်းအရ အရေးယူဆောင် ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ အစိုးရအဖွဲ့မှ တာ၀န် ရှိသူတဦးက ပြောသည်။
၎င်းက “ငွေကျပ် ၂၀၀ နဲ့ညီတဲ့ ကူပွန်မှာ ဆိုင်တံဆိပ်ပါတယ်။ အဲဒီတော့ ဒီ ၂၀၀ ကို သူ့ဆိုင်မှာပဲ ထပ်သုံးရမယ် ဆိုတဲ့သဘောပဲ။ ဒီတော့ ၀ယ်သူအနေနဲ့ ထိခိုက်နစ်နာစေပါတယ်။ ဒါ့အပြင် ငွေအကြွေ အစားထိုးသုံးစွဲနေတာ တရားမ၀င်တဲ့ အတွက် သတိပေး တားမြစ်ခဲ့ပြီးပြီ။ နောက်တကြိမ် ထပ်အသုံးပြုနေတာ စစ်ဆေးတွေ့ရှိရင်တော့ ဘယ်သူ့ကို မဆို အရေးယူသွားမှာပါ” ဟု ဆိုသည်။
ထိုသို့ ငွေအကြွေအစားထိုး ကူပွန်များ အသုံးပြုလျှင် အရေးယူမည် ဆိုသောကြောင့် အကြွေရှားပါးမှု ပြဿနာ ကြုံတွေ့နေရသည့် ဈေးဆိုင်များ၊ ယာဉ်လိုင်းများ အခက်တွေ့နေကြသည်။
“ကူပွန်တွေကို ပြန်အမ်းတာက တကယ့်ကို ငွေ ၂၀၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်တွေ အခက်အခဲဖြစ်လို့ပါ။ ကော်ဖီမစ်တို့ ခေါင်းလျှော်ရည်ထုတ်တို့ကို လူတိုင်းက လိုချင်တာ မဟုတ်ဘူးလေ။ ကူပွန်ကျတော့ ဒီမှာ သူတို့လိုချင်တာကို ပြန်၀ယ်သုံးလို့ ရတော့ ကျေကျေနပ်နပ်ပဲ ယူကြပါတယ်။ အခုတော့ ငွေအကြွေအတွက် ဘယ်လို ဖြေရှင်းရမလဲ ဆိုတာတောင် မသိတော့ဘူး” ဟု ဈေ၀ယ်းစင်တာတခုမှ မန်နေဂျာ အမျိုးသမီးတဦးက ပြောသည်။
ဈေး၀ယ်စင်တာများတွင် တဦးချင်းအလိုက် ပြန်အမ်းငွေအဖြစ် လိုအပ်လျက်ရှိသော ကျပ် ၁၀၀ တန်၊ ၂၀၀ တန်များအား အစိုးရဘဏ်မှ ထုတ်ပေးနေသော်လည်း အမှန်တကယ် လိုအပ်ငွေ၏ ၅ ပုံတပုံခန့်မျှသာ ရှိသောကြောင့် အဆင်ပြေစေရန် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း အဆိုပါ မန်နေဂျာက ဆက်ပြောသည်။
မရမ်းကုန်းမြို့နယ်မှ အိမ်ရှင်မ တဦးက “ပိုက်ဆံအကြွေ ပြန်မအမ်းနိုင်လို့ ကူပွန်ပြန်အမ်းတာက တော်သေးတယ်လို့ ထင်တယ်၊ အဆင်ပြေတယ်။ အကောင်းဆုံးကတော့ ပိုက်ဆံပဲပေါ့။ အခု ဒီမှာက ၂၀၀ တန် နဲ့ ၁၀၀ တန်က သိပ်ရှားတယ်။ တခါတလေလည်း ပိုက်ဆံတွေက စုတ်ပြတ်နေတော့ ကိုင်ရမှာတောင် ရွံစရာဖြစ်နေတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ငွေကျပ် ၁၀၀ တန်၊ ၂၀၀ တန်ရှားပါးမှုကြောင့် ငွေအကြွေ အရောင်းအ၀ယ် မှောင်ခို ဈေးကွက်လည်း ပေါ်ထွက်လာကြောင်း သိရှိရသည်။
“ကျနော်တို့က အကြွေ ကျပ် ၁ ထောင်ဖိုး ၀ယ်ရင် ၉၀၀ ရတယ်။ ၁ သောင်းဖိုးဆိုရင် ၁ ထောင်ပေး၀ယ်ရတဲ့ အခြေအနေ ဖြစ်နေတယ်။ ရှားလွန်းရင်တော့ ၁ ထောင်ပေးရင် ၈၀၀ ပဲရတယ်၊ ငွေအကြွေရှားတဲ့အပေါ်မှာ မူတည်တယ်။ အဲဒီလို အကြွေ၀ယ်တာတောင် လိုသလောက်ရတာ မဟုတ်ဘူး” ဟု ဘုရင့်နောင်ဈေးမှ ကုန်ခြောက်သည် တဦးက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ စတိုးဆိုင်များ၊ ဈေး၀ယ်စင်တာများနှင့် တချို့သော အထူးယာဉ်းလိုင်းများပေါ်တွင် ငွေအကြွေအမ်းရန် အဆင်မပြေပါက ကော်ဖီမစ်၊ သကြားလုံး၊ ပီကေ၊ ဆေးလိပ်၊ ခေါင်းလျှော်ရည် စသည်ဖြင့် ပြန်အမ်းမှုများ ရှိနေသည့်အပြင် တချို့ ဘတ်စ်ကားလိုင်းများတွင် အကြွေ ပြန်မအမ်းနိုင်သည့်အခါ လောင်းကစားနည်းများ ပြုလုပ်လာကြကြောင်းလည်း သိရှိရသည်။
“ကျနော်စီးတဲ့ ၂၀၄ ဘတ်စ်ကားမှာ အကြွေ ၁၀၀ ပြန်မအမ်းနိုင်တဲ့အတွက် ယာဉ်နောက်လိုက်က ပိုက်ဆံ ပွတ်မယ်လို့ ပြောတယ်။ သူနိုင်ရင် ပြန်အမ်းငွေ ၁၀၀ မပေးတော့ဘူးပေါ့၊ ကျနော်နိုင််သွားရင်တော့ သူက ၂၀၀ တန် ပြန်ပေးမယ်လို့ ပြောတယ်” ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
ထိုကဲ့သို့ ငွေအကြွေ ပြဿနာ အခက်အခဲအား ဖြေရှင်းရာတွင် ၀ယ်သူဘက်မှ အစဉ် နစ်နာမှုများ ရှိနေကြောင်း၊ အစားထိုး ကူပွန်ငွေများ လက်ခံမိ၍ သတ်မှတ်ဆိုင်များတွင် ပြန်လည် အသုံးပြုနိုင်ခြင်း မရှိပါက ဆုံးရှုံးမှုများ ရှိကြကြောင်း၊ ငွေအကြွေပြဿနာ ဖြေရှင်းရန်အတွက် အစိုးရမှ ဟောင်းနွမ်း ငွေစက္ကူများနှင့် အကြွေများ လဲလှယ် ထုတ်ပေးရန် လိုအပ်လျှက် ရှိကြောင်း ရန်ကုန်မြို့မှ စီးပွားရေးပညာရှင် တဦးက ပြောသည်။
“ဒီကိစ္စဖြစ်ရတာ အစိုးရအနေနဲ့ လိုအပ်နေတဲ့ ၁၀၀ ကျပ်တန်နဲ့ ၂၀၀ တန် ငွေစက္ကူတွေကို လုံလုံလောက်လောက် ထုတ်မပေးနိုင်လို့ပါ။ ဒါကို အခွင့်ကောင်းယူတဲ့ စီးပွားရေး သမားတွေရှိလာတော့ ပြည်သူတွေ နစ်နာကြတယ်။ ပြည်သူ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ ငွေစက္ကူတွေကို ပြန်လဲလှယ် ပေးတာတွေ၊ ထုတ်ပေးတာတွေ များများ လုပ်ရလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ယမန်နှစ် ဇန်နဝါရီလက ရခိုင်ပြည်နယ် မောင်တောတွင် ငွေကျပ်အစားထိုး သုံးစွဲသော ကူပွန်လက်မှတ် ကျပ် ၉ သိန်းကျော်ဖိုးကို နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) က ဖမ်းဆီခဲ့သေးသည်။ ဖမ်းဆီးခဲ့သော ကူပွန်လက်မှတ်များတွင် ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန်တို့နှင့် တန်ဖိုးညီမျှသော အစားထိုးလက်မှတ်များ ပါဝင်သည်။

ဧရာဝတီသတင်းဌာန