အမေရိကန်တွေ မြန်မာစာ၊ မြန်မာစကား သင်နေပြီ


မြန်မာလူမျိုး သင်္ဘောသူကြီး ကိုလံဘတ် (ကြီးလာတဲ့အခါ ဦးလံဘတ်)၏ အမေရိကား တိုက် ရှာဖွေတွေ့ရှိမှု နှင့်အတူ အမေရိကန်ပြည်တွင် မြန်မာလူမျိုး မြောက်မြားစွာ အခြေချ နေထိုင်ခဲ့ကြသည်။ ပေါင်ကားကားနှင့် ဆောင့်ကြောင့်ထိုင်နေသော အမေကြီးတဦးကို သင်္ဘောသူကြီး ကိုလံဘတ်က စတင်တွေ့ရှိရာမှ "အမေကြီး -ကား" ဟု အမည်ပေးခဲ့ပြီး ကာလ ရွေ့လျားသော် "အမေရိကား" ဖြစ်လာသည်။

မြန်မာတို့သည် အမေရိကားနိုင်ငံတွင် ဥက္ကလံမြို့ (Oakland) နှင့် ဖိုးဝင်းမြို့ (Fort Wayne) - (ဦးဖိုးဝင်း တည်ထောင်သည်) - တို့တွင် လူဦးရေ ထူထပ်စွာနေထိုင်ကြသည်။ အဆိုပါ မြန်မာများ အနက်မှ ဖားရိုက်ကာ ဈေးတွင် ဖားသား ရောင်းပြီး အသက်မွေး ၀မ်းကျောင်းပြုသော ဖားရိုက်-အိုဗမာ (Barack Obama) ဆိုသူ မြန်မာ အမျိုးသားတဦး သမ္မတ ဖြစ်လာခဲ့ရာ အမေရိကား ရုံးသုံးစာ အဖြစ် မြန်မာ စာကို ပြဌာန်းလိုက်သည်။ ထို့ကြောင့် အမေရိကန် လူမျိုးအပေါင်းတို့သည် မြန်မာစာ၊ မြန်မာစကားကို သင်ယူ လျက်ရှိကြကြောင်း သတင်းရရှိသည်။ 

မြန်မာလူမျိုး ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုလ်ကြီးများ (၂)

(BSN အထူးဆောင်းပါး ဒုတိယပိုင်း)


ပုံတောင် ပုံညာဒေသမှာ ပရိုင်းမိတ်တွေ တွေ့ရှိမှုနဲ့ အတူ လူသားမျိုးနွယ်တွေ မြန်မာပြည်က စတင်ခဲ့ ပါတယ်။ ကမ္ဘာ့ ပထမဆုံး လူသား  မျိုးနွယ်ဖြစ်တဲ့ မြန်မာတွေဟာ ကမ္ဘာအရပ်ရပ်ကို ပြန့်နှံ့သွားကြပြီးတော့ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ အလွန်ထင်ရှားတဲ့ ထိပ်သီး ခေါင်းဆောင်ကြီး များ ဖြစ်လာကြပါတယ်။ ဒီအကြောင်း ကို BSN-News က လေ့လာ စုံစမ်းထားပြီး သတင်းဆောင်းပါး အဖြစ် တင်ပြလိုက်ပါတယ်။
 
ကမ္ဘာ့သမိုင်းမှာ လျှမ်းလျှမ်းတောက် ကြော်ကြားခဲ့ပြီး ကမ္ဘာတစ်လွှားကို စစ်အောင်နိုင်ခဲ့တဲ့ မက်ဆီဒိုးနီးယား ဘုရင်ကို မသိသူ မရှိသလောက်ပါ။ ဒီလို ကမ္ဘာကြီး တစ်ခုလုံး နီးပါးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ဟာ မြန်မာလူမျိုး ဖြစ်တဲ့ အတွက် မြန်မာတစ်မျိုးသားလုံး ဂုဏ်ယူစရာ ကောင်းလှပါတယ်။  ဒီပုဂ္ဂိုလ်ကတော့ "အလဲ့-စန္ဒာ the Great" ပဲဖြစ်ပါတယ်။ သူဟာ မြန်မာ အမျိုးသမီးတစ်ဦး ဖြစ်ပါသတဲ့။ ထိုနည်းတူစွာပဲ ခေတ်တစ်ခေတ်ရဲ့ အလှဆုံးအမျိုးသမီးလို့ ဖော်ပြခံရတဲ့ အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့ ချစ်ကြိုးသွယ်ခဲ့တဲ့ စစ်သူကြီး ဂျူးလီယက် ဆည်းဆာ (Juliet Ceaser) ဟာလည်း နေ၀င် ဆည်းဆာမှာ ဘရုဒတ်ရဲ့ ဓားနဲ့ ထိုးသတ်ခြင်းကို ခံခဲ့ရတဲ့ ရောမပြည်က မြန်မာလူမျိုး စစ်သူကြီး ဖြစ်ပါတယ်။ 
အလဲ့- စန္ဒာ ဆိုတဲ့ ကောင်မလေး
ဒါတင် မကသေးပါဘူး။ ဂျပန်နိုင်ငံကို စက်မှုနိုင်ငံဖြစ်အောင် စတင် ကြိုးပမ်းခဲ့တဲ့ ဧကရာဇ် ဟာ ဒေါ်မေကြည် (Emperor Meiji) ဆိုတဲ့ မြန်မာ ဘုရင်မကြီးဖြစ်နေတာကို တွေ့ရပါတယ်။
ဘုရင်မကြီး ဒေါ်မေကြည် 


တရုတ်ပြည်ရဲ့ နောက်ဆုံး ဘုရင်- ကိုပုရီ (Pu Yi) ဟာလည်း အလွန် အရပ်ပုတဲ့ မြန်မာ လူမျိုး တစ်ဦးပါ။  ရုရှသမ္မတ ဗလာဒမြ-ပူတင်း (Vladimir Putin) ဆိုတဲ့ ပုဂ္ဂိုလ်ဟာလည်း ပူတင်း အရမ်းကြိုက်တဲ့ မြန်မာ ပင်လယ်ဒမြ ကြီး တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့ ကြက်ခြေနီ အသင်းကို စတင် တည်ထောင်ခဲ့သူ ဟင်နရီ ဒူးနန့် (Henry Dunant) ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ဒူး အရမ်းနန့် တဲ့ မြန်မာ တစ်ဦးဖြစ် တယ်ဆိုတာကို စုံစမ်း သိရှိရပါတယ်။ ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ ပေါ့ ဘုရင်- အဆိုတော် မိုက်ခဲ-ကြက်ဆင် (Michael Jackson) ဆိုတာလဲ ကြက်ဆင်ကြီးလို အသားဖြူအောင် ပြောင်းလဲထားတဲ့ မြန်မာပါ။ ထိုနည်းတူစွာပဲ ဂျပန်နိုင်ငံက "နေဆန်း" (Nissan) မော်တော်ကား ကုမ္ပဏီကို မြန်မာ ရုပ်ရှင်မင်းသား နေဆန်း က ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ မှော်မျက်လုံး ပိုင်ရှင် ဟယ်ရီ-ပေါ်တာ (Harry Potter) ဆိုသူက တော့ ပေါ်တာ အရမ်းဆွဲတာ ခံရလို့ ထွက်ပြေးလာတဲ့ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာက ကရင်လူငယ်လေး တစ်ဦး ဖြစ်ပါတယ်။ သူဟာ ယခုအခါ အမေရိကန်ပြည်ထောင်စုရှိ မြန်မာ လူမျိုးတွေ တည်ထောင်ထားတဲ့ ဖိုးဝင်းမြို့ (Fort Wayne) (ဦးဖိုးဝင်း တည်ထောင်သည်) မှာ နေထိုင်လျက်ရှိပါတယ်။ အမေရိကန်မှာ ရှိတဲ့ ဖိုးဝင်းမြို့နဲ့ ဥက္ကလံမြို့ (Oakland) တွေဟာ မြန်မာသင်္ဘောသူကြီး ကိုလံဘတ် က အမေရိက တိုက်ကို ရှာဖွေ တွေ့ရှိပြီးတဲ့ နောက်ပိုင်းမှာ မြန်မာ လူမျိုးတွေက တည်ထောင်ခဲ့ကြပြီးတော့ မြန်မာတွေပဲ ခေတ်အဆက်ဆက် အခြေချ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းကို ပြန်ပြောင်းကြည့်ရင်လည်း အေဒီ ၁၇၄၄ မှာ ဆော်ဒီ အရေပြား (Saudi Arabia) နိုင်ငံကို မြန်မာလူမျိုး အရေပြားမင်းက တည်ထောင်ခဲ့ကြောင်း တွေ့ရပါတယ်။
နောက်ဆုံးအနေနဲ့ တင်ပြလိုတာကတော့ တိုက်တန်းနစ် သင်္ဘောအကြောင်းပါ။
"တိုက်တန်းနစ် သင်္ဘော" (Titanic) ဆိုတဲ့ အမည်ဟာ လီဗာပူးမြို့ရှိ မြန်မာ ဗေဒင်ပညာရှင်တစ်ယောက် က ပေးခဲ့တဲ့ အမည်လို့  BSN-News က စုံစမ်း သိရှိရပါတယ်။ အိုင်ယာလန်က အဲဒီ သင်္ဘောကို တည်ဆောက်သူဟာ မြန်မာဗေဒင်ဆရာဆီမှာ  အကြိမ်ပေါင်းများစွာ ဗေဒင် မေးမြန်းခဲ့ပေမဲ့ ဗေဒင်ဟောခ  ဘယ်တော့မှ အကြွေး မပေးတာကြောင့် မြန်မာ ဗေဒင်ဆရာ အရမ်းစိတ်ဆိုးသွားတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ အဲဒီသင်္ဘောရဲ့အမည်ကို  "တိုက်-တာနဲ့ တန်း-ပြီးတော့ နစ်-စေသတည်း" လို့ မြန်မာ ဗေဒင်ဆရာက အမြင်ကတ်ကတ်နဲ့ ကျိန်ဆဲပြီးတော့ ပေးခဲ့တဲ့ အမည်ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ် ခင်ဗျား။
(နောက်ထပ် ကမ္ဘာ့ထိပ်သီး မြန်မာတွေ ဘယ်သူတွေလဲ ဆိုတာကိုတော့ BSN စာဖတ်ပရိသတ်တွေ ကိုယ်တိုင် ပါဝင်ရေးသားထားတဲ့ Comments တွေမှာ ဖတ်ရှုနိုင်ပါတယ်။)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection