ဂျပန်နိုင်ငံရဲ့ နံမည်ကြီး ကုမ္ပဏီကြီး တခုဖြစ်တဲ့ မစ်ဆုဘိရှီ ( Mitsubishi) ကော်ပိုရေးရှင်းကြီးဟာ မြန်မာနိုင်ငံ မြို့တော် သစ် နေပြည်တော်မှာ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ရုံးခန်းသစ် တခု တည်ထောင် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝ အရင်း အမြစ်တွေ ပေါကြွယ်ဝ တဲ့ နိုင်ငံဖြစ်တဲ့အပြင် တရုတ်နိုင် ငံ၊ အန္ဒိယနိုင်ငံနဲ့ အခြား အာဆီယံ နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေ ပြီး ပထဝီ သဘောအရ အားသာချက်တွေ ရှိတဲ့ နိုင်ငံလည်းဖြစ် ပါတယ်။ လူဦးရေကလည်း ၆၂ သန်းလောက် ရှိပြီး နောက်ထပ် စက်မှု ဖွံ့ဖြိုးတိုးတက်မှု အလားလားကောင်းတွေ ရှိနေ တာ၊ စတာတွေကြောင့် ဈေး ကွက်ကောင်း တခုအဖြစ်လက်ခံပြီးအခုလို ကော်ပိုရေးရှင်းကြီး အခြေလာချ တာလည်းဖြစ် ပါ တယ်။ နိုင် ငံတော်တော် များများက မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေး လုပ်လာပြီးနောက် ပိတ်ဆို့ထားတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေကို ဖြေလျှော့ ဖယ်ရှားမှုတွေ လုပ် လာပြီးနောက် ပိုင်း ပြုပြင်ပြောင်းလဲရေး အရှိန် လည်း ရလာခဲ့ ပါတယ်။ တဆက်တည်း မှာဘဲ မြန်မြန် ဆန်ဆန်ဘဲ အစိုးရက ဦးဆောင်ပြီး စွမ်းအင်ကဏ္ဍ၊ တီလီဆက်သွယ်ရေး ဝန်ဆောင်မှု၊ လေဆိပ်နဲ့ လမ်းဆောက်လုပ်ရေး အစရှိတဲ့ အခြေခံ အဆောက်အဦ တိုးတက်ဖွံ့ဖြိုးရေးတွေ ကို နိုင်ငံတကာရဲ့ အားပေးမှုတွေ အပေါ် အခြေခံပြီး ဖော်ဆောင် သွားဖို့ လည်း မျှော် လင့်ထားတာပါ။
၁၉၅၄ ခုနှစ်ကတည်းက မစ်ဆုဘိရှီ ကော်ပိုရေးရှင်းရဲ့ ရုံးခန်းတခုကို ရန်ကုန်မြို့မှာ အခြေချဖွင့် လှစ်ထားခဲ့ တာပါ။ ဒါကို လည်း ဖိုင်ဘာ၊ အစားအသောက်၊ သံမဏီနဲ့ စက်ပစ္စည်း ဆိုင်ရာ ထုတ်ကုန်တွေ နဲ့ပတ်သက်ပြီး ကုန်သွယ်လုပ်ဆောင် လာ ခဲ့ရင်း အခုထိ ဆက်လက်ပြီး ထိမ်းထိမ်းသိမ်းသိမ်း လုပ်ဆောင်လာ ခဲ့တယ်လို့ တိုကျို အခြေဆိုက် (JCN Newswire) သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ အခုလို နေပြည်တော် မှာပါ နောက်ထပ် ရုံးသစ်စိုက်လိုက် ပြီးနောက်မှာ ရန်ကုန်ရုံးနဲ့ နေပြည်တော်ရုံးတို့ သတင်းအချက် အလက်တွေနဲ့ ရုံးလုပ်ငန်းတွေကို အတူပူးပေါင်းပြီး လုပ်ဆောင်ဖို့ ရှိပြီး အနာဂတ်မှာ မြန်မာ့စက်မှု ထွက်ကုန် တိုးတက်မှုနဲ့ အခြေခံ အဆောက်အဦဆိုင်ရာ စီမံကိန်းကြီးတွေကိုလည်း ရန်ပုံငွေရှာပြီး ဆက်လက် ဖွံ့ဖြိုးအောင် လုပ်သွားဖို့ ရည်စူးထား တယ်လို့ ဆိုပါတယ်။ နေပြည်တော် ရုံးခန်းမှာ ဦးဆောင် တာဝန်ယူ မယ့် မြန်မာနိုင်ငံဆိုင်ရာ အထွေထွေ မန်နေဂျာကတော့ Mitsuo Ido ဖြစ်ပြီး အခုလက်ရှိ ရန်ကုန် ရုံးရဲ့ အထွေထွေ မန်နေဂျာအဖြစ် တာဝန်ယူနေ သူဖြစ်ပါတယ်။ နေပြည်တော် ရုံးလိပ်စာက တော့ အမှတ် ၁၂၉၊ သီရိ ရတနာ Shopping Complex နေပြည်တော်ဖြစ်ပါတယ်။
မစ်ဆုဘိရှီ ကော်ပိုရေးရှင်းကြီးဟာ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၈၀ မှာ လုပ်ငန်းပေါင်း ၂၀ဝ လောက်အခြေ ဆိုက်ထားပြီး ကုမ္ပဏီပေါင်း ၅၀ဝ ကျော်နဲ့ စုဖွဲ့ထားတဲ့ ကော်ပိုရေးရှင်းကြီးတခု လည်း ဖြစ်ပါ တယ်။ ကော် ပိုရေး ရှင်းကြီးမှာ စုစုပေါင်း ကုမ္ပဏီ ဝန်ထမ်း ၆ သောင်း ကျော် ရှိပါတယ်။