ဘင်္ဂလီများ ကျူးကျော်စစ်ဆင်နွှဲခြင်းဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးပြော

ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ဘင်္ဂလီများ ကျူးကျော်စစ်ဆင်နွှဲခြင်းဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးပြော

ရခိုင်ပြည်နယ်ဒေသအတွင်း များမကြာမီက ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ဘင်္ဂလီများက ရခိုင်ပြည် ဒေသအတွင်းဝင်ရောက်၍ ကျူးကျော်စစ်ဆင်နွှဲခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၏ သဘောထားအမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရခိုင်အကြောင်း တစေ့ တစောင်း စာမျက်နှာမှ ဖော်ပြချက်အရ သိရ သည်။

တစ်ဖက်နိုင်ငံမှာ တရားမဝင်ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလီလူမျိုး များအား မြန်မာနိုင်ငံရှိ အကျင့် ပျက်ဝန်ထမ်းတချို့က လာဘ်ငွေ ယူကာ နေထိုင်ခွင့်ပေးခြင်း နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးခြင်း၊ မြှောက် ပင့်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ပြောဆိုသွားသည်။

" ကျွန်တော်ပြောချင်တာက ဒါဟာ ကျူးကျော်စစ်ပွဲတစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဗြိတိသျှတွေ သေနတ်နဲ့လာရောက်တိုက်ခဲ့တာမှ ကျူးကျော်တာ မဟုတ်ဘူး။

အခု ဟိုဘက်က ဘင်္ဂလီတွေ ကျူးကျော်အခြေချ နေထိုင်လာပြီး အကျင့်ပျက်ဝန်ထမ်းတွေနဲ့ ပေါင်းပြီး မှတ်ပုံတင်တွေ ထုတ်တယ်။ အိမ်ထောင်အများကြီးပြုပြီး၊ ကလေးတွေ သောက်သောက်လဲမွေးတယ်။

ဒီတော့ လူဦးရေတွေ တိုးပွားလာတယ်။ ဒေသခံတွေကို နှင်ထုတ်တယ်။ အိမ်တွေ မီးရှို့တယ်။ သတ်တယ်။ ဒါဟာ ရခိုင်နဲ့ အစ္စလာမ်ဖြစ်တဲ့ ပြဿနာလို့ ပြောလို့မရတော့ဘူး။ အဲ့ဒီနယ်မြေကို သူတို့နယ်မြေလို့ ကျူးကျော်တောင်းဆိုလာတယ်။ " ဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ယခုကဲ့သို့ ဘင်္ဂလီလူမျိုးများ ကျူးကျော်ခြင်းအား မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသား အားလုံးနှင့်သက်ဆိုင်ပြီး ၄င်းပြဿနာကို ပြည်သူနှင့်အစိုးရ ပူးပေါင်းပြီး ဖြေရှင်းမှအောင်မြင် မည် ဖြစ်ကြောင်း၊

ထို့အပြင် ဘင်္ဂလီလူမျိုးများက လူ့အခွင့်အရေးအရေခြုံပြီး ကမ္ဘာ့နိုင်ငံတချို့တွင် သတင်းအလိမ်များဖြင့် ဝါဒဖြန့်ခြင်းအားလည်း ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ဦးဇော်အေးမောင်က" ဒီကျူးကျော်စစ်ပွဲဟာ မြန်မာနိုင်ငံ တိုင်းရင်းသားတွေ အားလုံးနဲ့သက်ဆိုင် တယ်လို့ သတ်မှတ်ပြီး အစိုးရနဲ့ ပူးပေါင်း ဖြေရှင်းမှ အောင်မြင်မယ်လို ့ထင်တယ်။

ဒါ့အပြင် ကမ္ဘာ့အချို့နိုင်ငံများက လူ့အခွင့်အရေးကို အရေခြုံပြီး ဇာတ်နာခန်းတွေ ဖွင့်ပြပြီးတော့ ကျွန်တော်တို့ ရခိုင်တွေကပဲ နှိပ်စက်နေသလို ပြောနေတာကိုလည်း ကျွန်တော်က ရှုတ်ချတယ်။ " ဟု ယခု ကဲ့သို့ ပြောသည်။

ဆက်လက်၍ ဦးဇော်အေးမောင်က " လူ့အခွင့်အရေးကို အများဆုံး ကြွေးကြော်နေတဲ့ အမေရိကန်နိုင်ငံမှာ ကျွန်တော်တို ့ ရခိုင်လူမျိုးတွေ တရားမဝင် သွားရောက်နေထိုင်ပြီးတော့ တိုင်းရင်းသားပါ၊ အမေရိကန် တိုင်းရင်းသားပါလို့ တောင်းဆိုလာရင် သူတို့က ကျွန်တော်တို့ကို ဘာလုပ်ပေးမလဲ။

အမေရိကန်မှာ ရခိုင်ပြည်နယ်ပေးပါ။ အာရိကန်ဒေသ သတ်မှတ်ပါလို့ ပြောလို့လည်း မရဘူး။ အဲ့ဒီတော့ နိုင်ငံတကာကိုလည်း မျှမျှတတဝေဖန်ဆုံးဖြတ်ပါလို ့ ပြောချင်ပါတယ်။ " ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂလီလူမျိုးများမှာ လွန်ခဲ့သည့် ဆယ် စုနှစ်များစွာကပင် ကျူးကျော်စစ်ပွဲဆင်နွှဲရန် အစီစဉ်တကျ ပြင်ဆင်မှုများ ရှိခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။
Arakan Times

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection