ဗဟန်း ၃လမ်းမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွား

ဗဟန်း ၃လမ်းမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း ညှက်နေသူ ယာဉ်မောင်းကိုသုံး နာရီနီးပါးအကြာမှ ထုတ်ယူခဲ့

သြဂုတ်လ ၈ရက်နေ့ မွန်းလွှဲ ၁နာရီခန့်တွင် ဗဟန်း ၃လမ်းမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွား ခဲ့ပြီး ကားခေါင်းခန်းအတွင်း ညှက်နေသူ ယာဉ် ယာဉ်မောင်းအမျိုးသားကို သုံးနာရီနီးပါးအကြာမှ ထုတ်ယူနိုင်ခဲ့ ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ဗဟန်း ၃လမ်းမှတ် တိုင်အနီးတွင် ရွှေဂုံတိုင်မှဆူးလေသို့ သွားရာလမ်းကြောသို့ မောင်း နှင်နေသည့် ရေသန့်တင် ဒိုင်နာယာဉ်မှ ရှေ့မှာ သွားနေသည့် ယာဉ်အား ရှောင်ရန်ကြိုးစားရာမှ ကားဘီးပေါက်၍ လမ်းဘေးတွင် ရပ်တန့်ထားသည့် ဒိုင်နာယာဉ်အား အနောက်မှ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ဖြစ်ပွားပြီး ခဏအကြာတွင် ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ချို့ ရောက်ရှိခဲ့ပြီး ပုံမှန်လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရေသန့်တင် ကားယာဉ်မောင်းမှာ ကားခေါင်းအတွင်း စတီယာရင်နှင့် ထိုင်ခုံအကြား ညှက်နေသဖြင့် မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့မှကားခေါင်းအတွင်းညှက်နေသော ယာဉ်မောင်းအားလူအင်အား သုံး၍ ညနေ ၃နာရီ ၄၀မိနစ်ခန့်တွင် ဆွဲထုတ်ကယ်ဆယ်ခဲ့ကြောင်းသိရ သည်။

''ဒီဖြစ်စဉ်ဖြစ်နေတာ မွန်းလွှဲတစ်နာရီလောက် ကတည်းကလို့ သိရတယ်။ ဒါပေမယ့် ကျွန်တော်ဆီ သတင်း ရောက်တာ မွန်းလွှဲ ၃ နာရီ ၂၀မိနစ်လောက်မှ ကျွန်တော်တို့ဆီ သတင်းရောက်ပါတယ်။

ကားခေါင်းထဲမှာ ညှက်နေတဲ့ယာဉ်မောင်းကို ဆွဲထုတ် တဲ့အချိန်က ၁၀ မိနစ်ဝန်းကျင်လောက်ပဲ ကြာခဲ့ပါ တယ်''ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြပါသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ရေသန့်တင်ယာဉ်မှ ကားညာဘက်ခေါင်း ကျေမွမှုရှိခဲ့ပြီး အတိုက်ခံရသော ယာဉ်မှာ အနောက်ပိုင်း ဘယ်ဘက်ကျေမွမှု ရှိခဲ့သည်။

''ဝုန်းဆိုတဲ့အသံကြားလို့ ဆိုင်ထဲက ထွက်ကြည့်လိုက်တော့ ကားအခုလိုရပ်ထားတဲ့ကားကို ဝင်တိုက်တာ တွေ့ရတာပါ။ ယာဉ်မောင်းက ကားတိုက်မှုဖြစ်ပွားတဲ့ မွန်းလွှဲ ၁နာရီအချိန်ကတည်းက ခေါင်းခေါင်းခန်းမှာ ညက်နေပါတယ်''ဟု ယာဉ်တိုက်မှု ဖြစ်စဉ်အနီးတွင် ရှိနေသူတစ်ဦးက ပြောပြပါသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အသက်ကယ်ယာဉ်တစ်စီး၊ လူနာတင်ယာဉ် တစ်စီး၊ မီးသတ်ယာဉ်နှစ်စီး ဝန်ထမ်းအင်အား(၂၅)ဦးတို့ဖြင့် ကယ်ဆယ်ခဲ့ပြီး အသက်(၄၂)နှစ်ခန့် ယာဉ်မောင်း ဦး.မှာ ညာဘက်ခြေထောက်ပေါက်ပြဲဒဏ်ရာ ရရှိ(မစိုးရိမ်ရ)ခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက် ခဲ့သော မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

Eleven media

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection