မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က လျှို့ဝှက် စွာ ခေါ် ယူ တွေYဆုံ ပြီး လက် ရှိ တာဝန်ထမ်းဆောင် နေ သည့် ပြန်ကြား ရေး ဝန်ကြီး ရာထူးနေရာ မှာ နှုတ်ထွက် စာ တင် ရန် တိုက်တွန်းချက် ကို ဦးကျော် ဆန်း က လက်မခံ ဘဲ ပယ် ချ လိုက် သည် ဟု FNG မှ သတင်း ရရှိသည်။
ယခု သီတင်း ပတ် အတွင်း အစိုးရ ရုံးစိုက် ရာ နေ ပြည်တော် မြို႔၏ သမ္မတ အိမ်တော် တွင်သမ္မတ ဦးသိန်းစိန် က ဝန်ကြီး ဦးကျော်ဆန်း အား ဖိတ် ခေါ် ပြီး နှုတ်ထွက် ပြီး အနားယူရန်တိုက် တွန်း သော်လည်း ဦးကျော် ဆန်း က ငြင်းဆန် ခဲ့ သည်။
ထိုတွေ႔ဆုံ မှု ပြု လုပ် ပြီး နောက် ပြန်ကြား ရေး ဝန်ကြီး ဌာန ၏ အင်တာ နက် စာမျက် နှာ နှင့် Facebook စာမျက် နှာ များ ဖောက်ထွင်း ခံ ရသည် ဆိုကာ ဦးသိန်းစိန် အစိုးရ ၏ ရိုဟင်ဂျာ အရေး ကိုင် တွယ် ပုံ အား ဝေဖန် မှု ပြုထား သည့် စာများ တက်ရောက် လာခဲ့ သည်။
ဦးကျော်ဆန်း နှင့် ဦးသိန်းစိန် ၏ တိုက် ပွဲ ကြား တွင် လျှပ်တပျက် ဂျာနယ် အယ်ဒီတာ ချုပ် ဦးမြတ် ခိုင် ၊ The Voice ဂျာနယ် နှင့် Envoy ဂျာနယ် တို ့ မြေစာ ပင် ဖြစ်ရသည် ဟု ရန်ကုန်မြို႔မှာ စစ်တပ် အရာ ရှိ စာရေး ဆရာ တစ်ဦး က FNG udk ပြောသည်။
ဦးသိန်းစိန် အား လိုလား သူများ က ဦးကျော်ဆန်း ၏ လူယုံ တစ်ယောက် ဖြစ်သော ဦးမြတ်ခိုင် အား တရား စွဲ ဆို ထား သည့် အမှု များ နောက်ကွယ် က ပါရှိ နေ ပြီး ဦးကျော်ဆန်း ကလက် စားချေ သော အား ဖြင့် ပြည်တွင်း ဂျာနယ် ၂ စောင် ကို ထုတ်ဝေ ခွင့် ပိတ် ပင် မှု ပြုလိုက် သည် ဟု ဆိုသည်။
အဆိုပါ ထုတ်ဝေခွင့် ပိတ် ပင် ခဲ့ မှု ကြောင့် သတင်းထောက် နှင့် စာနယ်ဇင်း သမား များ ချီတက်ဆန္ဒပြ မှု ပြု ကြ ပြီး နောက် တွင် ဦးသိန်းစိန် က ဦးကျော်ဆန်း ကို သတိပေး စကား ဆို ကာခေါ်ယူ တွေ႔ဆုံ ပြီး ၊ နှုတ် ထွက် စာ တင် ခိုင်း ခြင်း ဖြစ်သည်။
Ref:http://freedomnewsgroup.com/2012/08/09/thein-sein-v-s-kyaw-san/