လုံခြုံ​ရေး​အပြည့်​အဝ မချနိုင်​တော့​ အကုန်လုံး​က ကျီး​လန့်​စာစား​ ဖြစ်​နေတယ်

လုံခြုံ​ရေး​အပြည့်​အဝ မချနိုင်​တော့​ အကုန်လုံး​က ကျီး​လန့်​စာစား​ ဖြစ်​နေတယ်

ရခိုင်ပြည်နယ်မှာ မီး​ရှို့​တိုက်ခိုက်မှု​တွေ ဆက်လက် ဖြစ်ပွား​နေပြီး​ ဒီအ​ခြေအ​နေ​တွေကို ထိန်း​သိမ်း​နိုင်ဖို့​အတွက် လုံခြုံ​ရေး​အင်အား​ တိုး​မြှင့်​ပြီး​ ထိထိ​ရောက်​ရောက်ကိုင်တွယ်ဖို့​ လိုတယ်လို့​ ပြည်နယ်တည်ငြိမ်မှု ​ဖော်​ဆောင်​ရေး​အဖွဲ့​က ​ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီး​ချုပ်က ဖွဲ့​စည်း​ထား​တဲ့​ ပြည်နယ် တည်ငြိမ်မှု​ဖော်​ဆောင်​ရေး​အဖွဲ့​ဝင် ပြည်နယ်လွှတ်​တော် အမတ် ဦး​အောင်မြ​ကျော်ကို ​မေး​မြန်း​ထား​ပါတယ်။

ပြည်နယ်အစိုး​ရက ဖွဲ့​တာပါလား​ ဒီငြိမ်း​ချမ်း​ရေး​အဖွဲ့​က။

'ဟုတ်ပါတယ်။ တည်ငြိမ်မှု​ဖော်​ဆောင်​ရေး​အဖွဲ့​ပါ။ ငြိမ်း​ချမ်း​ရေး​လို့​ မသုံး​ပါဘူး​။'

ဒီ​နေ့​ ဘာ​တွေတိုး​တက်လာလဲ။ ဘာ​တွေထူး​ခြား​မှု​တွေရှိလဲ။

'ဒီ​နေ့​က​တော့​ လုံခြုံ​ရေး​အ​ခြေအ​နေက သိပ်ပြီး​ တိုး​တက်တာမရှိဘူး​ ဒီဘက်မှာ။ ဒီ​နေ့​လည်း​ ​တော်​တော်ဆိုး​ဆိုး​ရွား​ရွား​ဖြစ်သွား​ကြတယ်။ ပိုဆိုး​တာက အယ်လ်ကိုင်ဒါး​ဝင်​တွေလို့​ပဲ ​ပြောရမယ်။ ဘုရား​ဝတ်​ကျောင်း​ပြုတဲ့​ ဗလီအတွင်း​က​နေ ​သေနတ်နဲ့​ပစ်လိုက်လို့​ စစ်တပ်က ရဲ​ဘော်တ​ယောက် ​ပေါင်မှာ ထုတ်ချင်း​ပေါက်ထိတယ်။ စစ်​ဆေး​ရုံမှာ အတွင်း​လူနာအ​နေနဲ့​ ကု​နေရတယ်။ အဲ့​ဒါက ဘယ်ရွာမှာလဲဆို​တော့​ ဗုံတန်း​ရွာ​ပေါ့​။'

ကျ​နော်တို့​ဓာတ်ပုံ​တွေ​တွေ့​တယ်။ မီး​လောင်မှု​တွေ​ရော၊​ အ​သေအ​ပျောက်​ရော ဘာထူး​ပါ​သေး​လဲ။

'ဟုတ်ပါတယ်။ မီး​လောင်တာ​တွေရှိတယ်။ ဟိုဘက် ရွာသာယာဘက်မှာ ဘဂငါ််လီ​တွေနဲ့​ ရခိုင်တပ်နဲ့​ ထိပ်တိုက်ပစ်တာ အဲ့​မှာလည်း​ ​တော်​တော်နာကြတယ်​ပြောတယ်။ ရခိုင်ဘက်ကတ​ယောက်က​တော့​ လက်​မောင်း​မှာ တချက်၊​ ​ခေါင်း​မှာ တချက်၊​ ဓား​ဒဏ်ရာနဲ့​ ​သေဆုံး​သွား​တယ်။ ကျန်တဲ့​ ၂ ​ယောက်က ​ဆေး​ရုံမှာ​ရောက်​နေတယ်။'

ရခိုင်တိုင်း​ရင်း​သား​တွေ ​ဆေး​ရုံ​တွေမှာ​ရောက်တယ်။ တချို့​ ထွက်​ပြေး​လာတဲ့​လူ​တွေက ဘုန်း​ကြီး​ကျောင်း​တွေမှာ ​နေရာချကြတယ်။ တဖက်ကလူ​တွေက​ရော ဘယ်​တွေ​ရောက်သွား​ကြလဲ။ ဒဏ်ရာရတဲ့​သူ​တွေက​ရော ဘယ်ကို​ပြေး​ကြလဲ။ ဘယ်ကို လုံခြုံတဲ့​နေရာ​တွေမှာ ​ရောက်သွား​လဲ။

'ဒါကို ကျ​နော်တို့​ အံ့​0x100သ​နေကြတယ်။ သူတို့​ဘယ်​ရောက်သွား​ကြလဲ။ သူတို့​ လုံး​ဝ မထိဘူး​လား​။ ထိတဲ့​လူ​တွေ​ရော ဘယ်မှာလဲ၊​ ဒီဘက်​ဆေး​ရုံ​တွေလည်း​ မ​ရောက်ကြဘူး​။ ကျ​နော်တို့​ ရခိုင်တိုင်း​ရင်း​သား​တွေအ​နေနဲ့​ ဒီဘဂငါ််လီ​တွေ ဘယ်ကိုထွက်​ပြေး​သွား​လဲ။ ဘယ်ကို​ရောက်သွား​ကြလဲ ဆိုပြီး​ အဲ့​အခန်း​ကဏ်ဍကို သံသယရှိ​နေတယ်။ ဘဂင််လား​ဒေ့​ရှ်ကိုပဲ ပြန်ထွက်​ပြေး​သွား​ကြလား​။'

ပြည်နယ်ဝန်ကြီး​ချုပ်တို့​က အ​ရေး​ပေါ်အ​ခြေအ​နေ​ကြေညာထား​တယ်ဆို​တော့​ မီး​လောင်မှု​တွေ၊​ အကြမ်း​ဖက်မှုကိစ်စ​တွေကို တပ်က​နေ ကိုင်တွယ်တာ​တော့​ မ​တွေ့​ရ​သေး​ဘူး​နော်။ လုံထိန်း​တွေ သွား​တာ​တော့​ ​တွေ့​ရတယ်။ ဦး​တို့​ ဘယ်လိုသိထား​လဲ။

'ရဲတပ်ရင်း​တွေကို​တော့​ ပစ်မိန့်​ပေး​ထား​တယ်​တော့​ ကြား​တယ်။ စစ်တပ်ကို​တော့​ အဲ့​လောက်အဆင့်​ထိ ပါဝါမ​ပေး​သေး​ဘူး​လို့​ ယူဆရတာ​ပေါ့​။ ဘာဖြစ်လို့​လဲဆို​တော့​ စစ်တပ်က လုံး​ဝကို ကြား​မှာပဲ​နေတယ်။ ပစ်တာ လုံး​ဝမရှိ​သေး​ဘူး​။ အ​ပေါ်​ထောင်ပစ်တာလည်း​ မရှိ​သေး​ဘူး​။ ရဲ​တွေက​တော့​ အ​ပေါ်​ထောင်ပစ်တာ​တော့​ရှိတယ်။ စစ်တပ်ကပစ်တာ​တော့​ လုံး​ဝမရှိ​သေး​ဘူး​။ သူတို့​က ကိုယ်​ယောင်ပြတာ​လောက်ပဲ ရှိ​သေး​တယ်။ အဲ့​လိုအ​ခြေအ​နေ​တော့​ မြင်ရတာ​ပေါ့​။'

ဒီအ​ခြေအ​နေကြီး​ကို ပြီး​ဆုံး​သွား​အောင် ရပ်တန့်​သွား​အောင် ဘယ်လို​ရေခံ​မြေခံ​တွေ လိုတယ်လို့​ ခံစား​ရလဲ။ ဦး​တို့​အဖွဲ့​က ဘယ်လိုသုံး​သပ်မိလဲ။

'ကျ​နော်တို့​အ​နေနဲ့​ ဒီမှာရှိတဲ့​ လုံခြုံ​ရေး​အင်အား​ကို ဒီထက်ပိုတိုး​ချဲ့​ပြီး​ ထိထိ​ရောက်​ရောက် ကိုင်တွယ်ဖို့​ လိုအပ်တယ်လို့​ ထင်ပါတယ်။ ဒီမှာရှိတဲ့​ လုံခြုံ​ရေး​အင်အား​နည်း​နေတဲ့​ ပုံစံ​တွေ့​ရတယ်။ တမျိုး​သား​လုံး​အတွက် တကယ့်​နေရာ​တွေမှာ လုံခြုံ​ရေး​အပြည့်​အဝ မချနိုင်​တော့​ အကုန်လုံး​က ကျီး​လန့်​စာစား​ ဖြစ်​နေတယ်။ ​နောက် တခုခုဖြစ်ပြီဆိုရင် အဲ့​မှာပါတဲ့​ အဖွဲ့​တွေကလည်း​ နယ်​မြေကျွမ်း​ကျင်မှု အား​နည်း​တယ်ထင်တယ်။ ဥပမာ ရပ်ကွက်တခုမှာ ဖြစ်​နေရင် အဲ့​ရပ်ကွက်က ဘယ်နား​မှာလဲဆိုတာ သူတို့​က မသိဘူး​။ ၅ မိနစ်နဲ့​ ​ရောက်မယ့်​ဟာ နာရီဝက်​လောက်ကြာမှ ​ရောက်​တော့​ ဒီ​နေရာမှာ ပိုပြီး​ ကြီး​ထွား​သွား​တယ်။ ဒါ​ကြောင့်​ လုံခြုံ​ရေး​ကို အခု မာရှယ်​လောလည်း​ ထုတ်ထား​ပြီး​ပြီ။ အ​ရေး​ပေါ်အ​ခြေအ​နေလည်း​ ​ကြေညာပြီး​ပြီ၊​ ဒီလုံခြုံ​ရေး​ကို တင်း​တင်း​ကျပ်ကျပ် ကိုင်တွယ်လိုက်မယ်ဆိုရင် တရက် နှစ်ရက်နဲ့​ အဆင်​ပြေသွား​မှာပါ။ အဲ့​လိုမဟုတ်ဘဲ ဒီအတိုင်း​မျောပြီး​နေမယ်ဆိုရင်​တော့​ ဘယ်လိုမှ ပြီး​ဆုံး​သွား​မှာ မဟုတ်​တော့​ဘူး​။ အဲ့​လို အ​ခြေအ​နေမျိုး​တွေ ​တွေ့​နေတယ်။'

နာဇီရွာလည်း​ ​တော်​တော်များ​များ​ ​လောင်သွား​တယ်ကြား​တယ်။

'ဟုတ်ပါတယ်။ ဒီဘက်က​တွေ့​တာလည်း​ မီး​တွေ​လောင်​နေကြတယ်။ ရခိုင်​တွေ​ရော ဘဂငါ််လီ​တွေ​ရော အကုန်လုံး​ မီး​လောင်ကြတာပဲ။ ရှို့​တာက​တော့​ ဟိုဘက်ကလည်း​ ရှို့​၊​ ဒီဘက်ကလည်း​ ရှို့​ကြတာပဲ။ အကုန်လုံး​ပါသွား​ကြတယ်။ ဒုက်ခသည်​တွေလည်း​ အကုန်လုံး​ ဒီဘက်ကို တတ်လာကြတယ်။ အတွင်း​မှာရှိတဲ့​ ဘဂါလီဒုကၡသည်​တွေကိုလည်း​ မြို့​ပြင်မှာရှိတဲ့​ သူတို့​အများ​စု​နေတဲ့​ ရွာဘက်ကို ​ရွှေ့​ပေး​လိုက်တယ်။'

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection