အိန္ဒိယဝန်ကြီးချုပ် ယခုလ ၂၇ ရက်နေ့ မြန်မာနိုင်ငံသို့ရောက်မည်


အိန္ဒိယဝန်ကြီးချုပ် ယခုလ ၂၇ ရက်နေ့ မြန်မာနိုင်ငံသို့ရောက်မည်



အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် ၎င်း၏ မြန်မာနိုင်ငံသို့ သုံးရက်တာခရီးစဉ်ကို ယခုလ ၂၇ ရက်နေ့တွင် စတင်မည်ဖြစ် သည်ဟု အိန္ဒိယတူဒေးသတင်းစာက ဖော်ပြထားသည်။

အဆိုပါခရီးစဉ်သည် ၂၅ နှစ်အတွင်း အိန္ဒိယဝန်ကြီးချုပ်တစ်ဦး မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက် ခြင်းဖြစ်သည်။

မန်မိုဟန်ဆင်းသည် ယခုလ ၂၈ ရက်နေ့ တွင် နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ကာ ရန်ကုန်မြို့တွင် ဒေါ်အောင် ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် ၎င်း၏ ခရီးစဉ်အတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက် ရေး၊ စိုက်ပျိုးရေးနှင့် နှစ်နိုင်ငံ စစ်ရေး၊ ကာကွယ် ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ အတွက် လိုအပ်မည့်အကူအညီများကို မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပေးအပ် သွားမည်ဟု အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။

နှစ်နိုင်ငံ စစ်ရေးကာကွယ်ရေးတိုးမြှင့်ရေး အတွက် ကာကွယ်ရေးဆိုင်ရာ နှစ်နိုင်ငံသဘော တူစာချုပ် ချုပ်ဆိုရန်လည်း စီစဉ်ဆောင်ရွက် နေဆဲဖြစ်ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ်သည် ၎င်းခရီးစဉ် အတွင်း ရေရှည်တွင် မြန်မာနိုင်ငံမှ ထွက်ရှိနေ သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များအား ယခု ထက် ပိုမိုဝယ်ယူရေးကိစ္စကိုလည်း ညှိနှိုင်း ဆွေးနွေးရန်ရှိကြောင်း သိရှိရသည်။

ဇော်ဝင်းသန်း

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection