NLD ရုံးချုပ်ရှေ့တွင် အနုပညာရှင် အချို့ လာရောက်ဂုဏ်ပြု
ကားဖြတ် ရွေးကောက်ပွဲ လစ်လပ်မဲ ဆန္ဒနယ်အ များစုတွင် NLD ပါတီက အနိုင်ရရှိနိုင်ခြေ အလေးသာမှုကြောင့် ဒီကနေ့ည ၇နာရီ အချိန်ခန့်က NLD ရုံးချုပ်သို့ လူအများ လာရောက်၍ ရုံးချုပ်၌ ပြသထားသည့် LED ဘုတ်ရှေ့တွင် စာရင်းများလာရောက် ကြည့်ရှု ရင်း ပျော်ရွင်မြူးတူးနေကြောင်း သိရသည်။
အဆိုပါနေရာသို့ အနုပညာ နယ်ပယ်မှ လူများလည်း လာရောက်ခဲ့ကြပြီး NLD ပါတီ၏ အနိုင်ရလဒ်ကို ဂုဏ်ပြုခဲ့ကြကြောင်းသိရသည်။
““ အခုလို NLD ပါတီက အနိုင်ရတဲ့ အတွက် ဝမ်းသာပါတယ်။ ပြည်သူလူထု ကိုယ်စား ဝမ်းသာပါတယ်။ အားလုံးပျော်ရွင် ရတဲ့အချိန်ဖြစ်ပါတယ်။”” ဟု ရုံးချုပ် သို့လာရောက်၍ NLD ပါတီ အနိုင်ရမှုကိုဂုဏ်ပြုသည့် အဆိုတော်နွဲ့ယဉ်ဝင်း ကပြောသည်။ ၄င်းနည်းတူ အဆိုတော် သံသာဝင်းက လည်း သူ့အနေဖြင့် NLD ပါတီ အနိုင်ရရှိသည့် အတွက် ပြောမပြ တတ်အောင် ဝမ်းသာမိကြောင်းဆိုပါသည်။