ကော့မှူးပြည်သူအများစု ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်

ကော့မှူးပြည်သူအများစု ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်သော ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်၌ မဲစာရွက်ပေါ်တွင် အမှန်ခြစ်ရန် ခက်ခဲမှုများ၊ မဲပေးနိုင်သူများ မဲစာရင်းတွင် မပါ၀င်မှုများ ဖြစ်ပေါ်လျက် ရှိသော်လည်း ကော့မှူးဒေသခံ အားလုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒမဲပေးကြကြောင်း သတင်းရရှိသည်။


 
ယနေ့နံနက်က ကော့မှူးမြို့နယ်တွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

“မနက်ပိုင်းကတည်းက ကော့မှူးမြို့နယ်၊ ပြည်တော်သာမဲရုံမှာ မဲစာရွက်က ဒေါ်အောင်ဆန်းစုကြည် နေရာမှာ ဖယောင်းသုတ်ထားလို့ ဒေါ်အောင်ဆန်းစုကြည်ကို မဲအကွက်ဘေးမှာ အမှန်ခြစ်လို့မရဘူး။ အဲဒါကြိုးစား ခြစ်ကြည့်တော့ မဲစာရွက်ပြဲသွားတယ်။ အဲဒါ မဲစာရွက် အသစ်လဲခိုင်းတော့ မဲရုံမှူးက လဲမပေးဘူး။ အဲလိုမျိုးတွေဖြစ်တယ်။ ဒါပေမယ့်လည်း အားလုံး တော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ကိုပဲ မဲပေးကြတယ်” ဟု ကော့မှူးမြို့နယ် ပြည်တော်သာရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

ကော့မှူးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲနေ့၌ ပြဿနာများစွာ ကြုံတွေ့နေရသော်လည်း ကော့မှူးပြည်သူ အများစုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုသာ မဲပေးကြကြောင်း ပြည်သူအများစုက အတည်ပြုပြောဆိုသည်။

မဲပေးသူ ၈၇၀၀၀ ကျော်ရှိသော ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲကျင်းပသည့် မနက်ပိုင်း တွင်ပင် မဲသမာမှုများ၊ မဲစာရင်းမပါ၀င်မှုများ၊ မဲပြားများတွင် ဖယောင်းသုတ်ထားမှုများရှိနေကြောင်း ကော့မှူးမြို့နယ် NLD များထံမှ သိရှိရသည်။

“ပြဿနာတွေက အများကြီးတက်လာတယ်။ မဲပြားတွေမှာ ဖယောင်းသုတ်ထားတယ်။ မဲပေးနိုင်တဲ့သူတွေ မဲစာရင်းမှာ ပါမလာတွေလည်း ရှိနေတယ်။ မိသားစုတစုမှာ မဲပေးနိုင်သူ ငါးဦးရှိရင် တဦးလောက်ပဲ မဲပေးခွင့်ရတာ။ ပြဿနာတွေက အများကြီး။ မျက်မမြင်တွေကို သူ့တို့ရဲ့ ဆွေမျိုးသားချင်းတွေက မဲပေးဖို့ ကူညီပေးတာလည်း ခွင့်မပြုဘူး။

မဲရုံကလူတွေကိုယ်တိုင် မဲတွေခြစ်ပေးတာတွေ ဖြစ်တယ်” ဟု ကော့မှူးမြို့နယ် NLD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးသန်း၀င်းဦးက ပြောသည်။

ကော့မှူးမြို့နယ်အတွင်းရှိ လေကြောင်းရန် ကာကွယ်ရေးတပ်တွင် မဲပေးနိုင်သူ အရေအတွက် ၂၀၀ ကျော်ရှိ သော်လည်း မနက်အစောပိုင်းတွင်ပင် မဲပေးမှုပြီးဆုံးပြီဟုဆိုကာ မဲရုံစောစီးစွာပင် ပိတ်သွားကြောင်း ၄င်း၏ အဆိုအရသိရှိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ မဲမသမာမှုနှင့် ပတ်သက်ပြီး ပြဿနာများစွာ ဖြစ်ပေါ်နေသော်လည်း ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်နှင့် ရပ်ကွက်ကော်မရှင်များအကြား ဆက်သွယ်ဖြေရှင်းမှု အလွန်အားနည်း နေကြောင်း သိရှိရသည်။

“မြို့နယ်ကော်မရှင်က ပြသနာဖြစ်လာရင် ဖြေရှင်းပေးမှုက အတော်ကို နည်းတယ်။ ရပ်ကွက်ကော်မရှင်တွေနဲ့ ချိတ်ဆက်နိုင်မှု အားနည်းတယ်။ ချက်ချင်း မဖြေရှင်းပေးနိုင်ဘူး” ဟု ဦးသန်း၀င်းဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာစိုးမင်းမှာ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ တာဝန်ခံ ဦးအောင်သိန်းလင်းနှင့်အတူ မြို့တွင်းလှည့်လည်မှုများ ပြုလုပ်နေပြီး မည်သည့်သတင်းထောက်ကိုမျှ အတွေ့မခံကြောင်း၊ ကော့မှူး ကြံ့ခိုင်ရေးပါတီရုံးရှေ့တွင် ၀ါးလုံးများထိုးကာပြီး အစောင့်များချထားကြောင်း သိရှိရသည်။

လတ်တလော နေ့လည်အချိန်အထိ နောက်ဆုံးသိရှိရသော သတင်းအချက်အလက်များအရ ဒေါ်အောင်ဆန်းစု ကြည်သည် ကော့မှူးမဲဆန္ဒနယ်တွင် နိုင်ခြေများနေပြီဟု မြို့ခံအများစုက ဆိုကြသည်။

ဒေါ်အောင်ဆန်း စုကြည်သည် ကော့မှူးမြို့နယ် ၀ါးသင်္ခကျေးရွာသို့ ပြောင်းရွှေ့နေထိုင်သည်မှာ ရက်ပေါင်း ၁၈၀ မပြည့်သည့်အတွက် မဲပေးခွင့် မရကြောင်း သိရသည်။

၀ါးသင်္ခကျေးရွာတွင် ညအိပ်ပြီး ရွေးကောက်ပွဲနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြိုနယ် ငှက်အော်စမ်း၊ ၀ါးသင်္ခ၊ ညောင်ထောက်၊ ချောင်ကော်ခြံ၊ နတ်စင်ကုန်းကျေးရွာများရှိ မဲရုံများသို့ သွားရောက် လှည့်ပတ်ကြည့်ရှုခဲ့ပြီး နေ့လည်ပိုင်းတွင် ကော့မှူးမြို့မှ ပြန်လည်ထွက်ခွာသွားခဲ့တယ်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection