အွန်လိုင်း ငွေပေးချေမှု Myan Pay စနစ်

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အွန်လိုင်း ငွေပေးချေမှု Myan Pay စနစ် စတင် ဆောင်ရွက်မည်



မြန်မာနိုင်ငံ၏ ပထမဦးဆုံး အွန်လိုင်းငွေပေးချေမှု Myan Pay စနစ်က ပြည်တွင်း နည်းပညာကုမ္ပဏီတစ်ခု ဖြစ်သော Myanmar SoftGate Technology ကုမ္ပဏီမှ စတင် ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။  အဆိုပါ Myan Pay စနစ်ကို အသုံးပြု၍ အွန်လိုင်းမှ ကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ ရောင်းချနိုင်ခြင်း၊ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း အစရသည်တို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ Myan Pay ဝန်ဆောင်မှုမှာ မြန်မာပြည်တွင်းဘဏ်များ၏ ပြည်တွင်း ငွေလွှဲပို့ဝန်ဆောင်မှုပေါ် အခြေခံ၍ တည်ဆောက်ထားသော စနစ်ဖြစ်ကြောင်း သိရသည်။ အသုံးပြုရန်အတွက် E-mail အကောင့်နှင့် မိုဘိုင်းဖုန်းတို့ရှိရန် လိုအပ်ပြီး ၎င်းတို့မှတစ်ဆင့် ကိစ္စရပ်များကို ဆောင်ရွက်ရမည် ဖြစ်သည်။ “လက်ရှိ စမ်းသပ်ကာလ လွှင့်ထားပါတယ်။  http://www.myanpay.com.mm မှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး လိုအပ်ချက်တွေ၊ အကြံပေးချက်တွေ E-mail ပို့ပြီး ဝေဖန်နိုင်ပါတယ်။ အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို အလုံးစုံ ပြည့်စုံအောင် ဆောင်ရွက်ပြီးမှ အပြီးသတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု Myanmar Soft-Gate Technology မှ တာဝန်ရှိသူက ပြောသည်။ အဆိုပါစနစ်အတွက် ပြည်တွင်းဘဏ် (၁၀) ဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်ထားပြီး ၎င်းဘဏ်များမှ တစ်ဆင့် Myan  Pay အကောင့်အတွင်းသို့ ငွေဖြည့်သွင်းခြင်း၊ ငွေပြန်လည် ထုတ်ယူခြင်း လုပ်ငန်းစဉ်များအား လက်ခံဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။ စတင်အသုံးပြုသူများ အနေဖြင့် Myan Pay အကောင့်ဖွင့်ရန် http://www.myanpay.com.mm ဝက်ဘ်ဆိုက်လိပ်စာတွင် မှတ်ပုံတင်ရမည် ဖြစ်ပြီး မှတ်ပုံတင်ပြီး သည်နှင့် ငွေဖြည့်သွင်း၍ အသုံးပြုနိုင်သော Myan  Pay အကောင့်တစ်ခု ရရှိမည် ဖြစ်ကြောင်း၊ ငွေဖြည့်သွင်းလိုပါက ဘဏ်မှတစ်ဆင့် Myan  Pay ၏ ဘဏ်အကောင့်ထဲသို့ ငွေဖြည့်သွင်းပေးရမည် ဖြစ်ကြောင်း၊ Myan Pay အကောင့် အသုံးပြုသူ အချင်းချင်း ငွေပေးပို့ခြင်း၊ ငွေလွှဲလက်ခံခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection