မော်တော်ယာဉ်စီးခကို i-Pay ကဒ်စနစ်ဖြင့် ကောက်ခံမည်

မော်တော်ယာဉ်စီးခကို i-Pay ကဒ်စနစ်ဖြင့် ကောက်ခံမည်

ရုရှားနည်းပညာဖြင့် ပိုက်ဆံထည့်သည့် ကားကဒ်ပုံစံ
မကြာမီ ကာလတစ်ခုအတွင်း ယာဉ်စီးခများကို i-Pay ကတ်စနစ်များဖြင့် အသုံးပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသ (ဗဟို)မှ အတွင်းရေးမှူးဦးဘမြင့်က ဖလား ဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

အဆိုပါ i-Pay ကတ်စနစ်ကို အသုံးပြုရန်အတွက် ကစ္ဆပနဒီကုမ္ပဏီမှ စက်များနှင့် ကတ်များကို အခမဲ့ ပေးဝေ တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း၊ထိုသို့ ပြုလုပ်ရန်အတွက်လည်း ၎င်းကုမ္ပဏီအနေ ဖြင့် အစိုးရ အဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

''i-Pay ကတ်စနစ်က တော်တော်ကို ကောင်းတာပါ။ ကစ္ဆပနဒီဆိုတဲ့ ကုမ္ပဏီက ဒီစက်ကို ကားတစ်စီးစီး ပေါ်မှာ တစ်လုံးအခမဲ့ တပ်ပေးမယ်။ နောက်ခရီးသွားတွေအတွက် လဲငါးရာတန်၊ တစ်ထောင်တန် ကတ်တွေ ကို အခမဲ့စဝေပေး မယ်လို့ပြောတယ်။ အသုံး ပြုရမယ့်ပုံစံက ခြစ်ရတဲ့စနစ်မဟုတ်ဘူး။ ကတ်ကိုစက်နဲ့ကပ်လိုက်ရင် သူရဲ့ခရီးစဉ် ကို အော်တိုဖြတ်ပေးတယ်။ ဘယ်တော့ လောက်ဖြစ်မလဲ ဆိုရင် မကြာတော့ပါဘူး။ သူတို့လဲ လုပ်နေပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး မထသ(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။

ထိုသို့ ကတ်စနစ်ကျင့်သုံးနိုင်ရန် အတွက် ကုမ္ပဏီမှ ယာဉ်လိုင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင် ရာယာဉ်လိုင်း များတွင် စက်ခွဲများထားရှိ၍ ငွေရေးကြေးရေး ကဏဍများကို ရှင်းလင်း သွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီလိုလုပ်မယ်ဆိုလဲ ကောင်းပါတယ်။ ဂျာနယ်တွေမှာလဲ ဖတ်ရတယ်။စင် ကာပူလိုလုပ်မယ်ဆိုရင် ဒါတွေ လမ်းတွေ ကစပြီးတော့ လုပ်သင့်ပါတယ်။ ဘာဖြစ်ဖြစ် ကြိုဆိုပါတယ်။ ခရီးသည်တွေလဲ ဒီလိုစနစ်လုပ်ရင် စည်းကမ်းရှိဖို့လိုပါတယ်'' ဟု သိမ်ဖြူမှ ကိုညီထွေးက ပြောသည်။

''သူတို့လုပ်မယ်ပုံစံက စက်ကို ကားပေါ်မှာ စပယ်ယာက ထိန်းထားရ မယ်။ အဲမှာ ကိုယ်သွားချင်တဲ့ နေရာကို ကတ်နဲ့ကပ်ပြီး နှိပ်လိုက်ရင် အော်တို ယာဉ်စီးခကို ဖြတ်လိုက်လိမ့်မယ်။ စက်ခွဲ တွေကို ယာဉ်လိုင်းအသီးသီးမှာ ထားပေး သွားပါမယ်။ အဲဒီ့ကမှ ကျွန်တော်တို့ဆီမှာ လာရှင်းရင် ဖြစ်နိုင်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး မထသ(ဗဟို)က အတွင်း ရေးမှူး ဦးဘမြင့်မှ ထပ်မံရှင်းပြသည်။

i-Pay ကတ်ဖြင့် ယာဉ်စီးခ ကတ်များကို ၅၀ဝ တန်ကတ် ၁၀ဝ၀ တန် ကတ်များဖြင့် ပြုလုပ်သွား ဖွယ်ရှိကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection