ထားဝယ် စီမံကိန်း ဂျပန် ဝင်ရောက်မည်

ထားဝယ် စီမံကိန်း ဂျပန် ဝင်ရောက်မည်

ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ငွေကြေးထောက်ပံ့ရန်ကူညီနိုင်ရန် ဂျပန်-ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်သော သုံးနိုင်ငံ ပူးပေါင်းအဖွဲ့အစည်းတစ်ရပ် ထူထောင်ထားမည်ဖြစ်ကြောင်း အီတလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌ ပရီချိုင်း က ပြောကြားသည်။

ထိုင်းနှင့် မြန်မာနိုင်ငံတို့ အဓိက ပူးတွဲ လက်မှတ်ရေးထိုးထားသော ယင်းစီမံကိန်းကို ချေးငွေ ဆက်လက် ထောက်ပံ့ရန် ဂျပန် အစိုးရက သဘောတူထားပြီးဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

“နှစ်ရှည်ချေးငွေအတွက် သဘောတူချက်ကို ဒီနှစ်အကုန် အပြီးသတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ယင်းက ဆိုသည်။

ကုမ္ပဏီ အနေနှင့် ယင်း၏ ရေရှည် ဘဏ္ဍာရေး အစီအစဉ်ကို ယခုနှစ်ကုန်တွင် အပြီးသတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

“ဂျပန် ဝင်လာမယ်ဆိုတော့ ဝမ်းသာနေကြတယ်။ ထိုင်းလုပ်တာထက်စာရင်တော့ သာမယ်။ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဂျပန်တွေလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”ဟု စီမံကိန်း တည်ဆောက်လျက်ရှိသည့် နဘုလယ်ဒေသမှ အသက် ၄၀ အရွယ် ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ထားဝယ်စီမံကိန်း လုပ်ကိုင်ရန် Max Myanmar နှင့် အီတလျံ-ထိုင်း ကုမ္ပဏီတို့ ပါဝင်သော ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ (DDC) ကို တည်ထောင်ထားသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection