ကတိသစ္စာပြုချက်ကိစ္စ သူရဦးရွှေမန်းသို့ ၁၆ ပါတီ မေတ္တာရပ်ခံ

ကတိသစ္စာပြုချက်ကိစ္စ သူရဦးရွှေမန်းသို့ ၁၆ ပါတီ မေတ္တာရပ်ခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အကြံပြုထားသည့် ကျမ်းကျိန်ကတိသစ္စာပြုချက် စကားလုံး ပြုပြင်ရေးအတွက် ကြံ့ခိုင်ရေးပါတီမှ ဦး ဆောင် ဖြေရှင်းပေးရန် နိုင်ငံရေးပါတီ ၁၆ ခု ကိုယ်စားပြု လွှတ် တော် ကိုယ်စားလှယ်များမှ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ သူရ ဦး ရွှေမန်းထံ ဗုဒ္ဓဟူးနေ့တွင် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေး မောင် က မဇ္ဈိမကို ပြောသည်။

“ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ဦးရွက်ပြုပေးပါ။ ကျနော်တို့ကတော့ နောက်ကနေပြီးကာမှ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကိုလိုလား ပါတယ်။ ခုလို ကျနော်တို့ သွားချင်တဲ့ လမ်းကြောင်းမှာ အားလုံး ပါဝင်နိုင်အောင်ပြည်ခိုင်ဖြိုးက ဦးဆောင်ဦးရွက်ပြုတာကို ကျနော် တို့ တောင်းဆိုလိုပါတယ်ဆိုပြီးတော့ မေတ္တာရပ်ခံတာပါ” ဟု ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားပြု လွှတ်တော်အမတ်အပါအဝင်၊ တသီးပုဂ္ဂလ လွှတ်တော်အမတ်နှစ်ဦးနှင့် အခြား ၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ ပါတီ ၁၆ ခုမှ လွှတ်တော်အမတ်များက လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီ၏ မဟာမိတ်ဖြစ်သည့် စည်းလုံး ညီညွတ်ရေးနှင့် ဒီမို ကရေစီပါတီ ကချင်ပြည်နယ် ပါတီတို့မှလွဲ၍ လွှတ်တော်ရောက် ကျန်ပါတီ များအား လုံး၏ ကိုယ်စား လှယ်များ လက်မှတ် ရေးထိုး၍ NLD လွှတ်တော် အတွင်း ဝင်ရောက်လာ နိုင်ရေး သူရ ဦးရွှေမန်းထံ မေတ္တာ ရပ်ခံ ကြခြင်း ဖြစ်သည်။

အဆိုပါ မေတ္တာရပ်ခံစာတွင် NLD သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ထိုရလဒ်ကို စွန့်လွှတ်ခဲ့ရခြင်း၊ ၁၉၉ဝ မှ ၂ဝ၁ဝ အထိ နှစ်ပေါင်း ၂ဝ ကျော် အနစ်နာခံခဲ့မှုများ ရှိခဲ့ခြင်း၊ လွှတ်တော်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ အချက်အလက်များကို ပြုပြင်ပေးခဲ့ခြင်း စသည့် သာဓကများကို ထောက်ပြ ကိုးကားထားသည်ဟုလည်း သိရသည်။

“အဲဒါတွေကို ထောက်ရှုပေးပါ ဆိုပြီးကာမှ ကျနော်တို့က မေတ္တာရပ်ခံပါတယ်။ ကျနော်တို့က ဒီဥစ္စာတွေကို ပြုပြင်ပေး ရမယ့်တာဝန် ဘယ် သူ့မှာရှိသလဲဆိုရင် အနိုင်ရခဲ့တဲ့ပါတီ၊ လွှတ်တော်ထဲမှာ အများဆုံး ရှိနေတဲ့ပါတီ၊ ပွင့်ပွင့်လင်းလင်းပြောရရင် အိမ်ကြီးပေါ်မှာ ရှိတဲ့ လူက အိမ်ကိုလာတဲ့ ဧည့်သည်ကို ကြိုဆိုမှပဲ။ စာနာထောက်ထားတဲ့အားဖြင့် သဘောထားကြီးတဲ့အနေနဲ့ပဲဖြစ်ဖြစ် ကျနော်တို့က အလေး အ နက်ထားရာ ကျမှာပေါ့ဗျာ” ဟု ဒေါက်တာအေးမောင်က မဇ္ဈိမကိုပြောသည်။

လွှတ်တော်အမတ်များ မေတ္တာရပ်ခံမှုအောင်မြင်ပါက ကြံ့ခိုင်ရေးပါတီမှ ဦးဆောင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၄ ပါ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်” အစား “လေးစား လိုက်နာ” ဟူသည့်စကားလုံးသို့ ပြင်ဆင်လိုကြောင်းပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းမှ လွှတ်တော်သို့ တင်ပြ၍ ၇၅ ရာခိုင်နှုန်းမှ ထောက်ခံကာ ပြင်ဆင်နိုင်မည် ဖြစ်သည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးသည် ဧပြီလ ၃ဝ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ပြီး အဆိုပါ အစည်းအ ဝေးတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီး မွန်း တက်ရောက်၍ မိန့်ခွန်းပြောကြားမည်ဟုလည်း လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကိုပြောသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection