MAI လေကြောင်းလိုင်းအား ဗုံးဖောက်ခွဲရန် ခြိမ်းခြောက်စာ

MAI လေကြောင်းလိုင်းအား ဗုံးဖောက်ခွဲရန် ခြိမ်းခြောက်စာကြောင့် ရန်ကုန်ရှိ ကုလ ဝန်ထမ်းများအကြား သတိပေးချက်ထုတ်ပြန်

မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း( MAI) အား ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ဗုံးခွဲရန် ခြိမ်းခြောက် သတိပေးစာပို့ခံရမှုကြောင့် ရန်ကုန်ရှိ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် သံရုံးများအကြား ဖေဖော်ဝါရီလ ၇ ရက်နေ ့ကသတိပေးစာတွေ ထုတ်ပြန်ထားပါတယ်။ "Son of Allah" အလာရဲ့သား လို့အမည်ပေးထားတဲ့အစွန်းရောက်အဖွဲ့တခုက MAI ကို ပေးပို့တဲ့ဒီစာမှာ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ဂရက် နေ့တို့မှာ ရန်ကုန်ကနေ ပျံသန်းမယ့် MAI ရဲ့ညနေပိုင်း လေကြောင်း ခရီးစဉ် တခုခု အပေါ်မှာ ဗုံးခွဲတိုက်ခိုက်ဖို ့ကြံစည်ထားတယ်လို ့ပါရှိကြောင်း သတိပေးစာတွေ ထဲမှာ ဖော်ပြထားပါတယ်။ 


ဒီစာကို ဘယ်သူဘယ်ဝါတွေကပို့တယ်၊အစစ်အမှန်လား၊ခြိမ်းခြောက်မှု သက်သက်လား စတာတွေကို သေချာမသိသေးပေမယ့် ဝန်ထမ်းတွေအနေနဲ့အဲဒီနေ့တွေမှာ ပျံသန်းမယ့် လေကြောင်း လိုင်းတွေကို ရှောင်ဖို့ စာထဲမှာ တိုက်တွန်းထားပါတယ်။ ဒီအသိပေးချက်ကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကနေ စတင်ရရှိခဲ့ တာဖြစ်ပြီး ကုလဝန်ထမ်းတွေ အတွင်းကြားမှာပဲ အသိပေး ထားတာ ဖြစ်တယ်လို့ရန်ကုန်ရှိ ကုလဝန်ထမ်း တဦးက ပြောပါ တယ်။ ဘန်ကောက်ရှိ MAI လေကြောင်းရုံးကို မေးမြန်းကြည့် ရာမှာတော့ အခုလို သတင်းနဲ့အသိပေးချက်တွေကို မဟုတ် ကြောင်း ပြောဆိုပါတယ်။ ရန်ကုန်ကလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ ဆီကလည်း အခုလို ခြိမ်းခြောက် စာနဲ့ပက်သက်လို့အသိပေး ထုတ်ပြန်ချက်တွေ မတွေ့ ရသေးပါဘူး။ ၁၉၅၀ က စတင်ပျံသန်းခဲ့တဲ့ MAI လေကြောင်းလိုင်း ရဲ ့ပြည်တွင်းခရီးစဉ် တချို့မှာ အရေးပေါ်ဆင်းသက်ရမှုနဲ့ထိခိုက်ပျက်စီးရမှုတွေ ရှိခဲ့ပေမယ့် ကုမ္ပဏီရဲ့အင်တာနက်စာမျက်နှာပေါ်မှာတော့ ရာနှုန်းပြည့် ထိခိုက်မှုမရှိ ခဲ့ဘဲ လုံခြုံစိတ်ချ ရတဲ့လေကြောင်း လိုင်းဖြစ်နေသေးကြောင်း ဖော်ပြထား ပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection