ပထမဆုံး ပျော်ရွှင်စရာ ရေခဲကမ္ဘာကို Feb 25 နေ့တွင် စတင်ဖွင့်လှစ်မည်

ပြည်တွင်း၏ ပထမဆုံး ပျော်ရွှင်စရာ ရေခဲကမ္ဘာကို ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် စတင်ဖွင့်လှစ် မည်

ပြည်တွင်းရှိ  Asia Myanmar Consortium Development Co.Ltd  နဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Jiang Xi Long Dai Culture Limited  ကုမ္ပဏီတို့ ပူးပေါင်းကာ မြန် မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် အဖြစ် “ပျော်ရွှင်စရာရေခဲကမ္ဘာ” ရေခဲဥယျာဉ်ကို လာမယ့် ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ ကန်တော်ကြီး (မြေပဒေ သာကျွန်း)မှာ စတင်ဖွင့်လှစ်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။

 အဲဒီရေခဲဥယျာဉ်ဟာ မြောက်ဝင်ရိုးစွန်းဒေသမှာသာ ရရှိနိုင်တဲ့ အေးခဲသော အရသာမျိုးကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ပျော်ရွှင် ဖွယ်ရာ အတွေ့အကြုံသစ်တွေ ခံစားရရှိစေဖို့ ဆောင်ရွက် တာ ဖြစ်ပါတယ်။ အဆိုပါ ရေခဲဥယျာဉ်အတွင်းသို့ မဝင်ရောက်မီ ဆယ့်ခြောက် ဒီဂရီ စင်တီဂရိတ် ရှိတဲ့အပူချိန် ထိန်းချုပ်ခန်း အတွင်းသို့ အရင်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ မှ  ရေခဲဥယျာဉ်အတွင်း ဝင်ရောက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြန်လည် ထွက်လာတဲ့အခါမှာလည်း အပြင်သို့ မထွက်ခင် အဆိုပါ အပူချိန်ထိန်းချုပ်ခန်း မှာ ပြန်လည်ဝငေ် ရာက်ပြီးမှသာ အပြင်ကိုပြန်ထွက်ရမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် လာရောက် ကြည့်ရှုသူတွေရဲ့ ကျန်းမာရေး အတွက်  ဆေးခန်း တစ်ခု ဖွင့်လှစ်ထားပြီး သူနာပြုဆရာမတစ်ဦးပါ ထားရှိပေး ထားကာ အခမဲ့ကုသပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ နားနေခန်းအတွင်း အသင့်စားသုံးနိုင်တဲ့ ဆိုင်တွေ ကိုလည်း ဖွင့်လှစ်ပေးထားပြီး ဓာတ်ပုံ Studio မှာ အမှတ်တရဓာတ်ပုံမျာ လည်း ရိုက်ကူးနိုင် မှာဖြစ်ပါတယ်။ အဲဒီ ရေခဲဥယျာဉ် အတွင်း မင်္ဂလာဆောင်၊ တီဗီကြော်ငြာ၊ Video ရိုက်ကူးလိုသူများမှာ သီးခြားဆက် သွယ်ပြီး  ကြိုတင်မှာယူရမှာ ဖြစ်တယ် လို့ သိရပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection