လုပ်ခ၊ လစာများကို အနိမ့်ဆုံးလစာ တစ်လကျပ်တစ်သိန်းဖြစ်သင့်ကြောင်း သူရဦးရွှေမန်းကပြောကြား

ပြည်သူ့ဝန်ထမ်းများအတွက် လုပ်ခ၊ လစာများကို အနိမ့်ဆုံးလစာ တစ်လကျပ်တစ်သိန်းဖြစ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြား

ပြည်သူ့ဝန်ထမ်းများအတွက် လုပ်ခလစာများအား အနိမ့်ဆုံး ပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင် ဖြစ်သင့်ကြောင်း၊ ထိုက်သင့်သော အခွန်နှုတ်ပယ်ပါက တစ်လရှစ်သောင်း၊ ကိုးသောင်းကျပ်ပေးသင့်ကြောင်း၊ ငွေကြေးအလုံအလောက် အဆင်မပြေသေးပါက ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်နာယကထံ ဖေဖော်ဝါရီ လ ၂၁ရက်နေ့က ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။



ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက ''မိမိအနေဖြင့် ၇-၂- ၂၀၁၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြချက်နှင့် အဆိုပြုချက်များကို ကန့်ကွက်သူမရှိ အားလုံးထောက်ခံခဲ့ပါသည်။ သို့ရာတွင် ၁၆- ၂-၂၀၁၂ ရက်နေ့က နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုဝန်ကြီးများမှ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် ရှင်းလင်းတင်ပြချက်များမှာ အကျဉ်းချုပ်အားဖြင့် ဝန်ထမ်းများအား လစာတိုးပေးလိုသော်လည်း လက်ရှိ အခြေအနေအရ တိုးမြှင့်ပေးနိုင်ခြင်းမရှိဘဲ ဝေးလံခေါင်သီသော ဒေသများသို့ သွားရောက်တာဝန်ထမ်း ဆောင်သူများ၏ လစာငွေကိုတိုးမြှင့်ပေးရန် စီစဉ်ပေးမည်ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။ ထိုသို့တင်ပြချက် များမှာ အုပ်ချုပ်ရေးအဖွဲ့က တင်ပြထားသော စီမံကိန်းများ၊ ပရောဂျက်များအတိုင်း ပြည်ထောင်စုလွှတ်တော် က သဘောတူခွင့်ပြုရေး၊ ဥပဒေပြုပေးနိုင်ရန်နှင့် ထိုဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု သဘောပါ ရှိပါသည်။

ထိုဥပဒေပြုရေးတာဝန်သည် ပြည်ထောင်စုလွှတ်တော်၏ အဓိကတာဝန်ဖြစ်ပြီး ပြဋ္ဌာန်းအတည်ပြုထားသော ဥပဒေများအတိုင်း သက်ဆိုင်သူများ၊ အဖွဲ့အစည်းများက ဥပဒေနှင့်အညီ ညီညွတ်စွာ လုပ်ဆောင်ခြင်း ရှိ မရှိကို ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်များက စောင့်ကြည့် လေ့လာသုံးသပ်ဆောင်ရွက်စေရန် ဖြစ်ပါသည်။ ထို့ကြောင့် တင်ပြလာသော စီမံကိန်းများ၊ ပရောဂျက်များကို စိတ်ကောင်းစေတနာဖြင့် ပြည်သူ့အကျိုး နိုင်ငံအကျိုးအတွက် ပြည်သူ့ဘဏ္ဍာငွေများကို စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုကြစေရန် ဥပဒေပြုအဖွဲ့အစည်းများက စောင့်ကြည့်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ လွှတ်တော် ကျင်းပနေသည့် ယနေ့ကာလတွင် ယင်းကိစ္စကို အရေးကြီးလုပ်ငန်းတာဝန်တစ်ရပ်အဖြစ် အချိန်ပေးပြီး စေ့စေ့စပ်စပ် လေ့လာဆောင်ရွက်ရမည့်အချိန်လည်း ဖြစ်ပါသည်။ စိစစ်လေ့လာသုံးသပ် ချက်များအရ ပိုထွက်လာသောငွေများကို ပြည်သူ့ဝန်ထမ်းများအား  ၎င်းတို့ အခြေခံစားဝတ်နေရေးအတွက် လုပ်ခ၊ လစာများ သတ်မှတ်ဆောင်ရွက်ပေးရန်ဖြစ်သည်ဟု အစိုးရအဖွဲ့က ခံယူဆောင်ရွက်ရမည် ဖြစ်ပါသည်။

ယနေ့ နေပြည်တော်အတွင်းရှိ အလုပ်သမားများ၏ လုပ်ခများကို လေ့လာတင်ပြလိုပါသည်။ လုပ်ငန်း စတင်ဝင်ရောက်လုပ်ကိုင်သည့် အလုပ်ကြမ်းသမားတစ်ယောက်၏ တစ်ရက်လုပ်ခ ကျပ် ၂၀ဝ၀ နှုန်း ဖြစ်ပြီး တစ်လကျပ်ခြောက်သောင်း၊ လုပ်သက်တစ်နှစ်၊ နှစ်နှစ်ရှိ အလုပ်ကြမ်းသမားတစ်ယောက်၏ တစ်ရက်လုပ်ခ ကျပ် ၃၀ဝ၀၊ တစ်လ ကျပ် ၁၀ဝ၀ဝ၀၊ လုပ်သက်နှစ်နှစ် သုံးနှစ်ရှိ အလုပ်ကြမ်းသမားတစ်ယောက်၏ တစ်ရက်လုပ်ခ ကျပ် ၄၀ဝ၀၊ တစ်လကျပ် ၁၂၀ဝ၀ဝ၊ လုပ်သက်သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်ရှိ အလုပ်ကြမ်း သမားတစ်ယောက်၏ တစ်ရက်လုပ်ခ ကျပ် ၅၀ဝ၀  တစ်လ ကျပ် ၁၅၀ဝ၀ဝ ရရှိသည်။

ထို့ကြောင့် ပြည်သူ့ဝန်ထမ်းများအတွက် လုပ်ခလစာများအား နိုင်ငံတော်တွင် ငွေကြေးလုံလောက် အဆင် ပြေလျှင် အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင် ဖြစ်သင့်ပါသည်။ အနိမ့်ဆုံးလစာ ကျပ်တစ်သိန်း ဝန်းကျင်ရရှိသောသူအား ထိုက်သင့်သောအခွန်နှုတ်ပယ်ပါက တစ်လ ကျပ်ရှစ်သောင်း ကိုးသောင်း ပေးသင့် ပါသည်။ ငွေကြေးအလုံအလောက် အဆင်မပြေသေးပါက ဖြစ်နိုင်သလောက် တိုးမြှင့်ပေး သင့်ပါသည်။ ထိုသို့ လစာငွေအနိမ့်ဆုံးပေးရန်အတွက် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ လာသော စီမံကိန်းများ၊ လုပ်ငန်းပရောဂျက်များနှင့် လောလောဆယ်ဆောင်ရွက်ရန် မသင့်သေးသော စီမံကိန်း၊ လုပ်ငန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ခွင့်ပြုခြင်းများ ပြုလုပ်ရ ပါမည်၊ အစိုးရကိုယ်တိုင် လုပ်ဆောင်ရန်မသင့်သော လုပ်ငန်းစီမံကိန်းများအား FDI,BBB  သို့မဟုတ် ပုဂ္ဂလိကများသို့ လွှဲပြောင်း လုပ်ကိုင်စေခြင်း၊ စီမံကိန်းလုပ်ငန်းများအား အချိန်ဆွဲလုပ်သင့်သည့် ကိစ္စရပ်များကို အချိန်ဆွဲလုပ်ဆောင် စေခြင်းများမှ ပေါ်ထွက်လာသောငွေများကို ဝန်ထမ်းလစာအဖြစ် ပြောင်းလဲပေးလျှင် ရာခိုင်နှုန်းတစ်ခုအထိ လာမည့် ၂၀၁၂- ၂၀၁၃ ခုနှစ် ဘတ်ဂျက်အစကတည်းက လစာများတိုးမြှင့် နိုင်မည်ဟု တွေ့မြင် သိရှိထားပါသည်။ ၎င်းစီမံကိန်းလုပ် ငန်းများမှာ စက်မှုဖွံ့ဖြိုးရေးစီမံကိန်း နှင့် နေပြည်တော်ဖွံ့ဖြိုးရေး စီမံကိန်း တို့ဖြစ်ပြီး ဆက်လက်စိစစ်ပါက ပေါ် ထွက်လာနိုင်သော အခြားစီမံကိန်း များလည်းရှိနိုင်ပါသည်။

ထို့ပြင် ဝင်ငွေတိုးတက်အောင် ဆောင်ရွက်ခြင်းတွင် အခွန်ဝင်ငွေတိုးတက်ရရှိရေးအတွက် အခွန်ဥပဒေများနှင့် အခွန်ကောက်ခံမှုစနစ်များအား ကောင်းမွန်ရေး၊ အများပြည်သူများအား အခွန်ထမ်းဆောင်လိုစိတ်ရှိသော၊ ထမ်းဆောင်နိုင်သော ဝင်ငွေ၊ လုပ်ခ၊ လစာများကို သတ်မှတ်ပေးရေးနှင့် အခွန်ကောက်ခံမှုစနစ်ဥပဒေကို အမြန်ဆုံးတင်ပြဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်က တိုက်တွန်းသွားရန်လည်း မိမိကအဆိုပြုလိုပါသည်။ ပြည်သူများ၏ ဘဏ္ဍာငွေများကို ပြည်သူ့ကိုယ်စားလှယ်များက သေချာစွာစစ်ဆေးပြီး မသုံးသင့်သည်များ၊ မကုန်သင့်သည်များကို စနစ်တကျ ပြည်ထောင်စုလွှတ်တော်မှစိစစ်ဆောင် ရွက်ပေးပါက ဝန်ထမ်းများ၏လစာ နှင့်စရိတ်အားအတိုင်းအတာတစ်ခုအထိ အမှန်တကယ် တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါသည်။ ဝန်ထမ်းကောင်းမှ အစိုးရကောင်းမှာဖြစ်သလို အစိုးရကောင်းမှ နိုင်ငံနှင့်ပြည်သူများအ ကျိုးခံစားခွင့်ရမည်ဖြစ်ပြီး ဝန်ထမ်းများ ကို နိုင်ငံတော်၏ ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များမှ စေတနာထား အသိအမှတ်ပြုမှုကို လက်တွေ့ခံစား ရရှိကာ စိတ်ဓာတ်နှင့်စည်းကမ်း ကောင်းမွန်စွာဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် စွမ်းအင်များ တိုးမြှင့်ရရှိ လာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုကျင်းပနေသော ပြည်ထောင်စုလွှတ်တော်ကြီးက နိုင်ငံတော်အစိုးရ အုပ်ချုပ်ရေးအဖွဲ့မှ တင်ပြလာသော အမျိုးသားစီမံကိန်းနှင့် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ကြမ်းများအား စေတနာအမှန်ဖြင့် လေ့လာသုံးသပ်၍ နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွား နိုင်ငံဂုဏ်၊ ပြည်ထောင်စုလွှတ်တော်၏ဂုဏ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ဂုဏ်ကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း သဝဏ်လွှာပေးပို့ပါသည်''ဟု ပြောကြားခဲ့သည်။ 

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection