ခေါက်ရိုးချိုးသိမ်းဆည်းနိုင်သော ဂီယာစက်ဘီး ထိုင်ဝမ်မှထုတ်လုပ်

ခေါက်ရိုးချိုးသိမ်းဆည်းနိုင်သော ဂီယာစက်ဘီး ထိုင်ဝမ်မှထုတ်လုပ်

 

ခေါက်ရိုးချိုးသိမ်းဆည်းနိုင်သော ဂီယာစက်ဘီး မော်ဒယ်နှစ်ခု ( iF Mode နှင့် iF Urban 700) ကို ထိုင်ဝမ်ကုမ္ပဏီဖြစ်တဲ့ Pacific Cycles မှ စတင် ထုတ်လုပ်လိုက်ပါပြီ။

iFMode ကတော့ မြို့တွင်း ရုံးသွား၊ရုံးလာစီးနင်း ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပြီး၊ iF Urban700 ကတော့ အားကစား၊ ကျန်းမာရေး၊ သွားလာရေးအတွက်ပါ ဘက်စုံသုံးဖို့ရည်ရွယ်တဲ့ ဂီယာဘီး ဖြစ်ပါတယ်။ ယင်း ဂီယာဘီးနှစ်မျိုးစလုံးကို သယ်ဆောင်ရ လွယ်ကူအောင် ပေါ့ပေါ့ပါးပါးရှိတဲ့ အလူမီနီယံ frame နဲ့ တည်ဆောက် ထားပါတယ်။ ယခင် ထွက်ရှိခဲ့ဖူးကြတဲ့ ခေါက်ရိုးချိုး သိမ်း ဆည်းထားနိုင်တဲ့ ဘီးများနဲ့ ယှဉ်လိုက်ရင် အဆများစွာ ပေါ့ပါးနေတာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

spoke သုံးချောင်းထောက် ထောက် ၂၆ လက်မအရွယ်အစားရှိတဲ့ ဘီးနှစ်လုံးကို အသုံးပြုထားပြီး ခေါက်ရိုး ချိုးရာမှာ အလွယ်တကူ​ဖြစ်အောင် ဖန်တီးပေးထားပါတယ်။ ဒါကြောင့်မို့ စက်ဘီးကို ခေါက်ရိုးချိုး သိမ်းဆည်းဖို့နဲ့ ပြန်ဖြေဖို့အတွက် ဘာပစ္စည်းမှ မလိုအပ်ပါ ဘူး။ iF Mode ကတော့ ရုံးသွားရုံးလာ city worker တွေအတွက် ရည်ရွယ်ထုတ်လုပ်တာဖြစ်တဲ့ အတွက် ဂီယာ နှစ်ဆင့်သာ ထည့်သွင်း​ပေးထားပါတယ်။

Urban 700 ကတော့ ဂီယာ ရှစ်ချက်အထိပါဝင်ပြီး Sturmey Archer Hub transmission အမျိုးအစားဖြစ် ပါတယ်။ ပြီးတော့ ​ရှေ့ ဘီးရော၊ နောက်ဘီးပါ ထိမ်းချုပ်တဲ့ ဘရိတ်စနစ်ကို အသုံးပြုထားပါတယ်။ သယ်ဆောင်ရ ပေါ့ပါးလွယ်ကူပြီး ခိုင်ခံ့တဲ့ အလူမီနီယံကို အသုံးပြုထားတဲ့အတွက် အကြမ်းမခံမှာကိုလည်း မစိုးရိမ် ရပါဘူး။

iF Mode ရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၆၈၆ ဒေါ်လာ တန်ဖိုးဝန်းကျင်ရှိပြီး iF Urban 700 ကတော့ ၁၈၉၅ ဒေါ်လာ ဝန်း ကျင် မှာရှိပါတယ်။

Ref: Pacific Cycles

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection