မြန်မာ ယူ-၂၁ လက်ရွေးစင်အသင်း အပြီးသတ်ကစားသမား ၁၈ ဦး စာရင်း ထုတ်ပြန်

မြန်မာ ယူ-၂၁ လက်ရွေးစင်အသင်း အပြီးသတ်ကစားသမား ၁၈ ဦး စာရင်း ထုတ်ပြန်


ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ် ၂ ရက်အထိ ကျင်းပမယ့် ဘရူနိုင်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် မြန်မာ ယူ-၂၁ လက်ရွေးစင် အသင်း အပြီးသတ်ကစားသမား ၁၈ ဦးစာရင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဒီကနေ့ ရွေးချယ်ထုတ်ပြန်လိုက်ပါတယ်။

မြန် မာ ယူ ၂၁ အ သင်း နှင့် နည်း ပြ


မြန်မာ ယူ-၂၁ အသင်းကို နည်းပြချုပ်အဖြစ် ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာက တာဝန်ယူလေ့ကျင့် ပေးနေပြီး​ ​ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၊ ၃ ရက်တွေတုန်းက အူဆန်အသင်းနဲ ့ ခြေစမ်းပွဲ ၂ ပွဲ ယှဉ်ပြိုင်ခဲ့ပါတယ်။

မြန်မာ ယူ-၂၁ အသင်းဟာ ပထမခြေစမ်းပွဲမှာ ၁-ဝ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယခြေစမ်းပွဲမှာတော့ ၁-၁ ဂိုးဆီ သရေ ကျခဲ့တာပါ။

ခြေစမ်းပွဲတွေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစွမ်းတွေအပေါ် မူတည်ပြီး ပမာဏ ရွေးချယ်ထားတဲ့ ၂၅ ဦးအနက် အပြီးသတ်ကစားသမား ၁၈ ဦးကို ရွေးထုတ်ခဲ့တယ်လို့ သိရပါတယ်။

အပြီးသတ် ကစားသမားစာရင်းမှာ ပြီးခဲ့တဲ့ ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃အသင်းက ကစားသမား ၇ ဦး ပြန်လည်ပါဝင်လာပါတယ်။ ရွေးချယ်ထားတဲ့ ကစားသမားတွေကို ဖေဖော်ဝါရီ ၁၉ ရက်မှာ စတင် စခန်းသွင်းလေ့ကျင့်ဖို့ စီစဉ်ထားပြီး ၂၂ ရက်နေ ့မှာ ဘရူနိုင်းနိုင်ငံသို ့ထွက်ခွာဖို့ စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

ဂိုး-ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ နောက်တန်း – နန္ဒကျော်၊ ဇော်မင်းထွန်း (မကွေး)၊ ရဲဇော်ထက်အောင် (ရတနာပုံ)၊ ညီညီအောင် (ဟံသာဝတီ)၊ ရန်အောင်ဝင်း (ရန်ကုန်)၊ အလယ်တန်း – သိန်းသန်းဝင်း၊ ကျော်ဇေယျာဝင်း (ကမ္ဘောဇ)၊ နိုင်လင်းဦး (ဧရာဝတီ)၊ ဒေးဗစ်ဒန်း၊ ကြည်လင်း (ရန်ကုန်)၊ ဇော်လင်း၊ ပြည့်ဖြိုးဦး (နေပြည်တော်)၊ ရှေ့တန်း – မိုင်းအိုက်နိုင် (ကမ္ဘောဇ)၊ ကျော်ကိုကို (ဇေယျာရွှေမြေ)၊ ကောင်းစည်သူ (ရန်ကုန်)၊ သက်နိုင် (ရတနာပုံ)။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection