မီးသတ်ကားများကိုလမ်းမဖယ်သော ယာဉ်များအား အရေးယူမည်

မီးငြှိမ်းသတ်ရန်သွားသည့် မီးသတ်ကားများကိုလမ်းမဖယ်သော ယာဉ်များအား အရေးယူမည်

မီးလောင်ပြင်သို့သွားသော မီးသတ်ယာဉ်များအား လမ်း ဖယ်မပေးဘဲ ပိတ်ဆို့ပြိုင်ဆိုင်မောင်းနှင်သော ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ အရေးယူဖမ်းဆီးသွားတော့ မည်ဖြစ်ကြောင်း မီးသတ်ဦးစီး ဌာနမှ သိရသည်။


မီးသတ်ဦးစီးဌာနမှ အရာရှိ တစ်ဦးက ''မီးသတ်ယာဉ်တွေ အနေနဲ့ မီးငြှိမ်းသတ်ဖို့ မီး လောင်ပြင်ကို သွားတဲ့အခါ လမ်းတစ်လျှောက် အရေးပေါ် ဥသြဆွဲပေမယ့် တချို့ယာဉ်တွေက လမ်းဖယ်မပေးဘဲ လမ်းကို ပိတ်ဆို့မောင်းနှင်တာ မျိုး၊ မီးသတ်ကားနဲ့ အပြိုင်မောင်းတာ မျိုးနဲ့ မီးလောင်ပြင်ကို အချိန်နောက်ကျပြီးမှ ရောက် အောင် နှောင့်ယှက်တဲ့သဘောနဲ့ မောင်းနေတာမျိုး တွေကို မကြာခဏ ဆိုသလို ကြုံတွေ့နေရတဲ့အ တွက် တိုင်းဒေသကြီးအစိုးရကို အရေးယူပေးဖို့ တင်ပြခဲ့တယ်။ ဒီလိုတင်ပြမှုအပေါ် တိုင်းဒေသ ကြီးအစိုးရ အဖွဲ့က ယာဉ်ထိန်း ရုံးကို အခုလို အမိန့်ထုတ်ထား တယ်''ဟု ဆိုသည်။ထိုသို့သော ယာဉ်များအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များမှ မှတ်တမ်း ဓာတ်ပုံများရိုက်ကူး၍ မှတ်သား အရေးယူသွားမည်ဖြစ်ပြီး ၄င်းတို့ အား ယာဉ်စည်းကမ်းလမ်းစည်း ကမ်းဥပဒေ၊ မော်တော်ယာဉ် ဥပဒေတို့အပြင် ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် တရားစွဲဆို၍ ထိ ရောက်စွာအရေးယူသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။လက်ရှိတွင် ထိုသို့မီးသတ် ကားများ လမ်းဖယ်မပေးဘဲ ပိတ် ဆို့၍ အပြိုင်မောင်းနှင်သော ၁၇၆ အထူးယာဉ်လိုင်းမှ ခရီး သည်တင် ယာဉ်နှစ်စီး အား မီး သတ်ဦးစီးဌာနမှ တင်ပြတိုင်တန်း လာသည့်အတွက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ၄င်း က ပြောသည်။

Ref: ပေါ်ပြူလာဂျာနယ်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection