စိုင်းစိုင်း၊စန္ဒီနှင့် ယုန်လေး တို့ဆွဲဖွင့်လိုက်သောယဉ်ကျေးမှူတံခါးများ

စိုင်းစိုင်း၊စန္ဒီနှင့် ယုန်လေး တို့ဆွဲဖွင့်လိုက်သောယဉ်ကျေးမှူတံခါးများ

မြန်မာဟစ်ဟော့ဂီတလောကတွင် စိုင်းစိုင်းခမ်းလှိုင်နှင့် ယုန်လေးတို့၏ အနုပညာများကို လူငယ်များ သာမက လူလတ်ပိုင်းများပါ အရူးအမူး စွဲလန်းကြသည်။လူငယ်တို့၏ စံ အဖြစ်ပင် သတ်မှတ် လောက် အောင် ချွန်ထွက်သော အနုပညာရှင်များ ဖြစ်လာကြပါသည်။

သို့သော် ပွင့်လင်းမြင်သာမှူနှင့် ယခင်အစိုးရ၏ ပိတ်ပင်မှူတို့ကို ရုတ်တရက်ဖွင့်ချလာသောအခါ စပိန်ရိန်တစ်ခုကို ဖိထားသည်မှ ရုတ်တရက် လွှတ်လိုက်ကဲ့သို့ဗြုန်းခနဲ ခုန်ထွက်လာကြပါသည်။ ဤသို့ လူငယ်များ၏ စံ အနုပညာရှင်များ၏ အပြုအမူသည် လူငယ်ပတ်ဝန်းကျင်ကို လွှမ်းမိုးမူရှိ ခြင်းကြောင့် အနုပညာ၏ အစွမ်းကို အလွယ်သုံးစား လုပ်၍ မရပါ...။

ယခုအခါ အနုပညာသမားများ၏ ပြည်သူကိုထုတ်ပြသော ဝတ်စားဆင်ယင်မူများကလည်း မြန်မာ မျက်စိဖြင့် မသင့်တော်သော ဒီဇိုင်းများဝတ်ဆင်ခြင်းနှင့်လွှမ်းမိုးလာကြပါသည်..။

မော်ဒယ်များ၏ SEXY ပုံများ ဗီဒီယိုများသည် အင်တာနက်စာမျက်နှာနှင့် +18 ဟုခေါ်သော ကာမဆိုင်ရာ အပြာဆိုဒ်များတွင် ထိုသို့ဝတ်ဆင်သော အနုပညာရှင်များ၏ ပုံများက နေရာပြည့်လျှက်ရှိသည်။ အချို့ မော်ဒယ်များကလည်း တမင်ပင် ထိုသို့ဝတ်ဆင်ကာ ဓါတ်ပုံအရိုက်ခံသည်။ စပွန်ဆာ ရှာသည်ဟုပင် တွယ်ကျင်လာသည် ။

မြန်မာလူငယ်များအနေဖြင့် ဒီမိုကရေစီသဘောတရားကို နားမလည်ကြသေးပဲ ဒီမိုကရေစီရသည် ဆိုသည် မှာ မိမိလုပ်ချင်တာကို လုပ်လို့ရသည်..။တရားဥပဒေနှင့်ညှိစွန်းမှသာ  အရေးယူထောင်ချခြင်းခံရမည်.။ သို့မဟုတ်ပါက မိမိနေချင်သလိုနေ လုပ်ချင်သလိုလုပ်၍ ရခြင်းကို ဒီမိုကရေစီဟုခေါ်သည် ဟု သတ်မှတ် နေသည်မှာ လွန်စွာ သနားဖွယ်ကောင်းလှသည်။ မြန်မာလူမှူပတ်ဝန်းကျင်တွင် ချစ်သူချင်း Kissing နှုတ်ခမ်းခြင်းတေ့စုပ်နမ်းခြင်းကို ဗြောင်ပြူလုပ်လာသည်.။အနုပညာရှင်များကလည်း ယခင်က ဆင်ဆာမိ ၍ ခိုးထွက်လာသော +18 သီချင်းများကို ဗြောင်ပင် စင်ပေါ်တတ်ဆိုလာသည်။လမ်းမပေါ်၌ ဆိုင်ကယ် အုပ်စု မောင်းခြင်းများ ယာဉ်စည်းကမ်းနှင့် မညီညွှတ်သော နည်းလမ်းများ ပြုလုပ်ခြင်းတို့ကို ဒီမိုကရေစီ အားသားချက်ဟု ထင်နေသည်..။

သမီးရီးစားများ ကာမဆက်ဆံနိုင်ရန် အခန်းများငှားခြင်းကို ဆိုင်းဘုတ်ကြီးများတင်၍ ကြေငြာ လာကြသည်။ထိုလုူငယ်များ၏ ပါးစပ်က တောင့်တနေသော ဒီမိုကရေစီ ဆိုသည်မှာ အဘယ်ကိုဆိုလို ပါသနည်း။

    စိုင်းစိုင်းနှင့်စန္ဒီမြင့်လွင်တို့၏ လူငယ်များ စံထားရာ အားကျစရာ အတုယူစရာ ဖျောဖြေမှု


ယခုလည်း ဟစ်ဟော့အဆိုတော် ယုန်လေးနှင့်စိုင်းစိုင်းတို့၏ ပရိသတ်ဖြေဖျော်မှူ ကို လွန်စွာ ရွှံမုန်းဖွယ် တွေ့ လိုက်ရပါသည်.။
ယခင်က အထင်ကြီးခဲ့သောစိတ်များ မြောင်းထဲသို့ လွှင့်ပစ်လိုက်ပါသည်။ စင်ပေါ်တွင် အမျိုးသမီး၏ စကတ်လှန်ကြည့်ခြင်း /ရင်သားကိုင်တွယ်ခြင်း /အမျိုးသမီးအကျီဆွဲလှန်ကြည့်ပြခြင်းတို့မှာ အနုပညာမည် သည်ပါလား..။

                       ယုန်လေး၏ အထင်ကြီးဖွယ်လေးစားဖွယ် ဖျော်ဖြေမှူအဘယ်နည်း


မြန်မာနိုင်ငံသို့အဘယ်ယဉ်ကျေးမှူများ သွတ်သွင်းနေပါသနည်း..
ထိုသို့ဖျော်ဖြေလိုပါက အနောက်နိုင်ငံက ကလပ်များတွင် သွားရောက်ဖျော်ဖြေပါ သို့မဟုတ် အိမ်နီးချင်း ထိုင်း နိုင်ငံသို့ သွားရောက်၍ ဖျော်ဖြေမှူလုပ်ပါ..
မြန်မာ လူမျိုးမဟုတ်ပါလော..
မြန်မာ လူမျိုးများလက်ခံသော အနုပညာကို သာ တင်ဆက်ကြပါ...။အနုပညာရှင်များ လိုချင် သော ဆင်ဆာ ကင်းလွတ်ရေး အော်ဟစ်နေမှူကို ယခင်က အားပေးသော်လည်း ယခု အခါ သံသယ ဝင်လာပါ တော့သည်။

မကြာသေးခင်ကာလက လည်း စင်ပေါ်တွင် ဖာ လုပ်မည် သီချင်းကို ဗြောင်သီဆိုသည်ကိုကျွန်တော်တို့ရဲ့ အနုပညာသူရဲကောင်းကြီးသဖွယ် အဲ့အခန်းဖြတ် ဇာတ်ကားဖြင့် နာမည်ကျော် ဒါရိုက်တာကြီးက မည်သို့မျှ မတားဆီးပဲ မဝေဖန်ပဲ မသိချင်ယောင်ဆောင်နေပါ သည်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံရာ ရောက်သလို အားပေးရာလည်းရောက်သည်။

အဆိုပါအနုပညာရှင်တို့၏ လူရှေ့သူရှေ့တွင် အနုပညာကို မည်မျှချစ်ပါသည်။ မည်မျှမြတ်နိုးပါသည်။ အနုပညာ ကိုတိုးတတ်အောင် မည်သို့ကြိုးပမ်းမျှ စကား တို့ကို ယခုအချိန်မှစ၍ ဘီဘီစီမှလာသော ဟာသ သတင်းများကို နားဆင်သကဲ့သို ပြုံးပြီးသာ နားထောင်နေတော့မည်ဖြစ်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection