ပယ်မဲမဖြစ်သွားစေရေး သတိထားကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အင်န်အယ်လ်ဒီကိုပေးသောမဲများပယ်မဲမဖြစ်သွားစေရေးသတိထားကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပုသိမ်မြို့အဝင်တွင် ဒေါ်အောင်ဆန်းစုကြည်ကို
ပြည်သူများကကြိုနေကြစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ဒုတိယမြောက် နိုင်ငံရေးခရီးစဉ်အဖြစ် ပုသိမ်မြို့သို့ ယခုလ ၇ ရက်နေ့ က ရောက်ရှိလာသော ဒေါ်အောင်ဆန်း စုကြည်က လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများကို အမှားအယွင်းမရှိ ပေးနိုင်ရေး အတွက် မဲပေးခြင်းနှင့် ပတ်သက်ပြီး လေ့လာထားကြရန် လူထုအား တိုက် တွန်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) အနေ ဖြင့် မဲပေးခြင်း နှင့်ပတ်သက်ပြီး ပြည်သူလူထုကို သိရှိ စေရန် ပညာပေးလုပ်ငန်းများ လုပ်ဆောင်သွား မည်ဖြစ်ကာ လက်ကမ်းစာ စောင်များလည်း ဖြန့်ဝေ ပေးသွားမည်ဟု ပုသိမ်မြို့ ကိုးသိန်းကွင်းတွင် စုဝေးရောက်ရှိလာသည့် သောင်းနှင့်ချီသော လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

အင်န်အယ်လ်ဒီအား မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပြီး ပေးသောမဲများသည် ပယ်မဲများ ဖြစ်သွားတတ်သဖြင့် ပယ်မဲဖြစ်မသွားစေရေးအတွက် သတိပြုကြရန် ၎င်းက တိုက်တွန်းပြောကြားသည်။

လူငယ်များအနေဖြင့် တတ်မြောက် ထားသည့် ပညာများကို ပြည့်ပြည့်စုံစုံ သုံးနိုင်ဖို့လိုအပ်နေကြောင်း၊ ပညာတတ်ပြီး အလုပ်မရှိ ဖြစ်နေပါက တတ်မြောက် ထားသည့်ပညာများ အဟောသိကံ ဖြစ်ကုန်ကြောင်း ၎င်းက ပြောသည်။

ပြည်သူများအားလုံး ကျန်းမာပြီး ပညာဖြင့် ပြည့်စုံမည်ဆိုပါက မြန်မာနိုင်ငံသည် ချမ်းသာသည့် နိုင်ငံဖြစ် လာမည်ဟု ၎င်းက ပြောသည်။

၎င်းသည် ပုသိမ် မြို့မှ ပြည်သူများနှင့် တွေ့ဆုံအပြီးတွင် မြောင်းမြမြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။

မြောင်းမြမြို့ရှိ ပေ ၄၀ဝ ကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က လူထုနှင့်တွေ့ဆုံ ပြီး မိန့်ခွန်းပြောကြားခဲ့ရာ တက်ရောက်သူ တစ်သိန်းကျော်ခန့်အထိ ရှိနိုင်ကြောင်း အင်န်အယ်ဒီတာဝန်ရှိသူများက ပြောသည်။

မြောင်းမြမြို့သည် မိခင်ဒေါ်ခင်ကြည် ၏ ဇာတိမြို့ဖြစ်သဖြင့် မြောင်းမြသို့ ရောက်ရှိခြင်းသည် မိဘ ဆွေမျိုး များနှင့် ပြန်လည်တွေ့ရ သကဲ့သို့ ခံစားရကြောင်း နှင့် မြောင်းမြလူထုကို အရမ်းအားကိုးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် မြောင်းမြမြို့လူထုအား စံပြလူထုဖြစ်အောင်ကြိုးစားကြရန်လည်း ၎င်းကတိုက်တွန်း ပြောကြား သည်။

အင်န်အယ်ဒီပါတီကို ကိုယ်စားပြုကာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်အတွက် ဝင်ရောက ်အရွေးချယ်ခံမည့် ဦးမန်းဂျော်နီသည် ကရင်လူမျိုး တစ်ဦးဖြစ်ကာ လာရောက်ကြိုဆိုနှုတ် ဆက်ကြသည့် ပြည်သူများထဲတွင်လည်း ကရင်လူမျိုး အများအပြား ပါဝင်သည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြောင်းမြမြို့လူထုနှင့် တွေ့ဆုံပြီးနောက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နိုင်ငံရေး ခရီးစဉ်အဖြစ် ဇန်နဝါရီလ ၂၉ ရက်နေ့က တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်နေ့တွင် မန္တလေးမြို့သို့ သွားရောက်ရန် စီစဉ်ထားခဲ့သော်လည်း အခက်အခဲ တချို့ကြောင့် ရက် ရွှေ့ဆိုင်းထားကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection