BarCamp Yangon 2012 ဖွင့်ပွဲအခမ်း အနား၌ အန်တီစုမိန့်ခွန်းပြောကြား

BarCamp Yangon 2012 နည်းပညာဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား၌ အန်တီစု တက်ရောက် မိန်ခွန်း ပြောကြား


BarCamp 2012 ဖွင့်ပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ၿပီး မိန်ခွန်းပြောကြားသွားခဲ့ပါတယ်။ဒီဖွင့်ပွဲကို ယနေ့မြန်မာ စံတော်ချိန် မနက် ၈နာရီခန့်က Myanmar Info Tech, Hlaing University Campus, Conference Hall ရှေ့မှာကျင်းပခဲ့တာဖြစ်ပါတယ်။

အန်တီစုက "အခုကျွန်မဒီခေါင်းစဉ်ကိုဘာဖြစ်လို့ သဘော ကျလဲဆိုတာ barcamp ရဲ့ အခြေခံသဘောတရား ကိုကအများပါ၀င်ခြင်း၊အများကနေပြီးတော့လွတ်လွတ်လပ်လပ်ဆွေး နွေးခြင်း၊ မျှေ၀ခြင်း ၊နောက်ဆုံးမှာဒီမျှေ၀ခြင်း ဆိုတာ ဆိုစကားရှိတယ်မဟုတ်လားဆရာစားချန်ခြင်းဆိုတာ ဒီစိတ်ဟာ ကောင်းတာမဟုတ်ဘူး ။ ကျွန်မတို့နိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ယှဉ်ရင် နောက်မှာကျန်ရစ်ခဲ့တယ်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး ဒီနောက်မှာကျန်ရစ်ခဲ့တာကနေ ရှေ့တန်းကိုရောက်ဖို့ ဆိုတာ အခုနည်းပညာကျွှမ်းကျင်တဲ့ လူငယ်တွေ အများကြီးလိုတယ် အားလုံး၀ိုင်း လုပ်ရမဲ့အထဲမှာ ဒီခေတ်မှီနည်းပညာတွေနဲ့ သာမြန်မြန်ဆန်ဆန်တိုး တက်အောင်လုပ်နိုင်ဖို့ အခွင့်အရေး တွေရှိတယ်။အရင်တုနု်းက ဒီနည်းပညာခေတ်မရောက်ခင်က မရှိတဲ့အခွင့်အရေးတွေကို ကျွန်မတို့ အခုရထားပြီး ကိုယ်ရတဲ့အခွင့်အရေးတွေ ကိုမှန်မှန်ကန်ကန်သုံးပါ တန်းဖိုးရှိအောင်သုံးပါ အများအတွက်သုံးပါ အဲလိုသုံးလို့ရှိရင်
အင်မတန်ကျေနပ်မှုရရှိနိုင်တယ်ဆိုတာ ခေတ်ရှေ့ပြေးနေတဲ့နည်းပညာက ိုသင်နေတဲ့လူတွေဟာ အတိတ်ကိုလည်း မေ့လို့မရပါဘူးအတိတ်ကို လည်းသိထားရမယ် သမိုင်းကိုလည်းသိဖို့လိုတယ် သမိုင်းနောက်ခံသိမှ နောင်လာမည့် အနာဂတ်အ တွက်မှန်ကန်တဲ့လုပ်ငန်းတွေကိုလုပ်နိုင်မှာပါ။ 

“အခုလူငယ်တွေဟာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ရေစီးကြောင်းကြီးမှာ တစ်နေရာက ပါဝင်တာပါ။ ကျွန်မတို့ဟာ ဆက်ဆက်ပြီးတော့ လူသားတွေရဲ့ ကောင်းကျိုးအတွက် ချီတက်နေတဲ့ ရေစီးကြောင်း လိုပါပဲ။ ကိုယ်ဟာ နောင် အနာဂတ်တင် မဟုတ်ဘူး။ အတိတ်နဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဆက်သွယ်ပေးမယ့် မျိုးဆက် တစ်ဆက် ဖြစ်တယ်။

ဒါကြောင့်မို့လို့ ကိုယ့်နေရာမှာကိုယ် တန်ဖိုးရှိအောင်လို့ နေရမယ်ဆိုတာကို ကျွန်မကတော့ စိတ်ထဲမှာ ထားစေ ချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ နောင်လာမယ့် ခေတ်အတွက် စဉ်းစားရမယ်။
နောင်လာမယ့် ခေတ်အတွက် စဉ်းစားဖို့ဆိုတာ အတိတ်အကြောင်းလည်း သိဖို့လိုတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ ရှေ့အနာဂတ် ရှေ့ပြေးဖြစ်နေတဲ့ ဒီပညာကို သင်နေတဲ့လူတွေဟာ အတိတ်ကိုလည်း မမေ့ပါနဲ့ ကျွန်မပြောချင်တာက သမိုင်းကိုလည်း သိဖို့လိုပါတယ်။ သမိုင်းနောက်ခံရှိမှ နောင်အနာဂတ် အတွက် မှန်ကန်တဲ့အလုပ်တွေ လုပ်နိုင်မှာပါ” လို့ ပြောကြား သွားပါတယ်။ ယနေ့မနက်ကျင်းပတဲ့ BarCamp Yangon 2012 ဖွင့်ပွဲအခမ်းအနားကို လူငယ် ၄၀၀လောက် တက်ရောက်ခဲ့ပါတယ်..

အခုညနေပိုင်းထိဆိုရင် MIT Park ထဲမှာ Barcamper ပေါင်း ၃၀၀၀ ခန့်တက်ရောက် လျှက်ရှိပါတယ်။
ဒီ Barcamp 2012 ကို February 11 - Saturday မနက် ၈နာရီမှ ၅နာရီအထိ February 12 - Sunday မနက် ၈နာရီမှ ညနေ ၅နာရီအထိ ကျင်းပမယ်လို့ သိရှိရပါတယ်ခင်ဗျာ... 







POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection