ရန်ကုန် မြေအောက်ရထား စီမံကိန်း

ရန်ကုန် မြေအောက်ရထား စီမံကိန်း မြေပုံ စီးပွားရေး ဈေးကစားမှု ဖြစ်နိုင်

အင်တာနက် လူမှုကွန်ရက် အပါအဝင် အွန်လိုင်း စာမျက်နာများတွင် ထွက်ပေါ်နေသည့် ရန်ကုန် မြေအောက်ရထား လိုင်းများနှင့် ဘူတာများ ပါဝင်သည့် မြေပုံသည် ယခုရက်ပိုင်း ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေဈေးကို စီမံကိန်းများ မက်လုံးပြ၍ ဆွဲတင်နေသည့် စီးပွားရေး သမားများ၏ လုပ်ကြံ ဈေးကစားမှု ဖြစ်နိုင်ကြောင်း မီးရထား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားသည်။


 



မီးရထား ဝန်ကြီးဌာန အနေနှင့် ရန်ကုန် မြေအောက်ရထား စီမံကိန်း အတွက် နိုင်ငံတကာသို့ ကမ်းလှမ်းမှုများ ရှိနေသော်လည်း လတ်တလော မည်သည့်နိုင်ငံနှင့်မျှ လုပ်ငန်း အပြီးသတ် အပ်နှံနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

" စီမံကိန်းက လုပ်ရမယ်၊ လုပ်ချင်တယ် ဆိုတဲ့အတွက် လာရောက် ရင်းနှီး မြုပ်နှံသူတွေကို ကမ်းလှမ်းဆဲ အဆင့်ပဲ ရှိတယ်။ ဂျပန်တို့၊ နော်ဝေတို့ စသဖြင့် ကမ်းလှမ်းထားတယ်။ ပြောဆို ဆွေးနွေးဆဲ အဆင့်ပဲ ရှိပါတယ်။ အွန်လိုင်းမြေပုံကဝန်ကြီးဌာနနဲ့ မသက်ဆိုင်ပါဘူး။ ပြင်ပက တစ်ယောက် ဆွဲတာပါ " ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

အစိုးရစီမံကိန်းများ အပေါ် ထင်ယောင်ထင်မှား ပြုကာ အကျိုးအမြတ် ရယူလိုသည့် အတွက် ဈေးကစားလိုသူ အချို့က တမင် ဝါဒဖြန့်ခြင်းမျိုး ဖြစ်နိုင်ကြောင်း စီမံကိန်း မြေများဆိုလျှင် ဈေးတက်လေ့ ရှိသဖြင့် မြေဈေးကစားသူက ဈေးဆွဲတင်ရန် ပြူလုပ်ခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ် ပြောကြားသည်။

လူဦးရေ ၆ သန်းခန့် နေထိုင်သည့် မြန်မာနိုင်ငံ၏ အဓိကဆိပ်ကမ်း စီးပွားရေးမြို့တော် ရန်ကုန်တွင် အိမ်နီးချင်း နိုင်ငံများကဲ့သို့ မြေအောက်ရထားလမ်း ဖောက်လုပ်သွားရန် အစီအစဉ် ရှိကြောင်း မီးရထား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နေပြည်တော်တွင် ကျင်းပလျှက် ရှိသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။

ရန်ကုန်မြို့တော်၏ ဖွံ့ဖြိုးမှု စီမံကိန်းကို နိုင်ငံခြား ပညာရှင်များ အကူအညီဖြင့် ရေးဆွဲလျှက်ရှိပြီး အထူး စီးပွားရေးဇုန် စီမံကိန်းများတွင်လည်း မြေပေါ်မြေအောက် ရထားလမ်း စီမံကိန်းများ ပါဝင်ကြောင်း ဇန်နဝါရီလ ၂၆ရက်နေ့ နေပြည်တော် တွင် ကျင်းပပြုလုပ်သည့် ပြည်သူလွှတ်တော် အစည်းဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

အရှေ့တောင် အာရှ နိုင်ငံများတွင် ပထမဆုံး မြို့ပတ်ရထားစနစ် စတင်နိုင်ခဲ့သော ရန်ကုန်မြို့သည် လက်ရှိ တွင် ရန်ကုန်မြို့တော် မြို့ပတ်ရထား စီမံကိန်းကို ယခင် ရထားလမ်းပိုင်းများ အတိုင်း အရှုံးခံ ပြေးဆွဲလျှက် ရှိပြီး စီးနင်းသူ သောင်းဂဏန်း ဝန်းကျင်ခန့်သာ ရှိသည့် မြေအောက် ရထားလမ်း ဖောက်လုပ်သွားရန်ကို မည်သည့် အချိန်တွင် စတင် နိုင်မည် ဆိုသည်နှင့် ပတ်သက်၍ ဝန်ကြီးက အသေးစိတ် တစ်စုံတရာ ပြောကြား ခဲ့ခြင်း မရှိပေ။

သို့ရာတွင် သတင်းမီဒီယာ တစ်ခု၏ အွန်လိုင်း စာမျက်နှာတွင် ရန်ကုန် မြေအောက်ရထားလိုင်းများ ပြေးဆွဲ မည့် မြို့နယ်များကို ဖော်ပြထားသည့် မြေပုံတစ်ခုကို ဝန်ကြီး ဦးအောင်မင်း ထုတ်ဖော် ပြောကြားမှုနှင့် မရှေးမနှောင်း ထွက်ရှိလာ ခဲ့သည်။



Yangon Subway Project Movie

ကောင်းကင်နှင့် မြေအောက်ရထားလမ်းဖောက်ရန် ပြည်ပ ၄ နိုင်ငံကမ်းလှမ်း

နိုင်ငံ၌ မြေအောက်ရထားလမ်းနှင့် ကောင်းကင်ရထားလမ်း ဖောက်လုပ်ရန် ပြည်ပနိုင်ငံအချို့မှ ကမ်းလှမ်းမှု များ ရှိနေရာ ၄င်းတို့သာ ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်လိုပါက ခွင့်ပြုပေးသွားမည်ဟု နေပြည်တော် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ “နိုင်ငံမှာ ဒီလိုတွေ လုပ်ကိုင်ချင် တယ်ဆိုပြီး ကမ်းလှမ်းမှုတွေက ရှိနေတယ်။ ကျွန်တော်တို့က လာလုပ်ပါ၊ လာလုပ်ရင် ရာနှုန်းပြည့် လုပ်ရမယ်၊ ကျွန်တော်တို့က ငွေမစိုက်နိုင်ဘူး” ဟု ၄င်းက ဆိုသည်။ မြေအောက်ရထားလမ်းများ၊ ရန်ကုန်မြို့တွင်း ကောင်းကင်ရထားလမ်းများအား ပြည်ပနိုင်ငံများမှ B.O.T စနစ်ဖြင့် လာရောက် ဆောင်ရွက်မည်ဆိုပါက ၄င်းတို့နှစ်ပြည့်သွားလျှင် နိုင်ငံကသာ ဆက်လက်တာဝန်ယူ လုပ်ဆောင်သွားရမည် ဖြစ်သဖြင့် မရှုံးမရှိဘဲ အမြတ်သာကျန်မည်ဟု ၄င်းကဆက်လက်ပြောသည်။

အဆိုပါ မြေအောက်ရထားလမ်း၊ ကောင်းကင်ရထားလမ်းနှင့် အမြန်ရထားလမ်းတို့ လာရောက်ဖောက်လုပ်ရန် ကမ်းလှမ်းသည့် နိုင်ငံများမှာ တရုတ်၊ ရုရှား၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ တို့ဖြစ်ပြီး B.O.T စနစ်အပေါ် ၄င်းတို့က ယနေ့အထိ အကြောင်းပြန်ခြင်း မရှိသေးပေ။ ၄င်းတို့က ရန်ကုန်တွင် ကောင်းကင် ရထားလမ်း၊ ရန်ကုန်-နေပြည်တော် မြေအောက်ရထားလမ်းနှင့် ရန်ကုန်-နေပြည်တော်-မန္တလေး ကျည်ဆန်ရထားလမ်း ဖောက်ရန် ကမ်းလှမ်းခဲ့ကြောင်း ၄င်းကပြောသည်။ မြေအောက်ကျည်ဆန်ရထားလမ်းနှင့် ကောင်းကင် ရထားလမ်းတို့ ဖောက်လုပ်ပါက ၁ ကီလိုမီတာလျှင် ကန်ဒေါ်လာ ၁၀ သန်းနီးပါးခန့် ကျသင့်မည်ဟု နိုင်ငံတကာ ဈေးနှုန်းများအရ သိရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection