လူ ၇၄ ဦး သေဆုံးခဲ့တဲ့ အီဂျစ် က ဘောလုံးပွဲ
ယမန်နေ့ ညက ယှဉ်ပြိုင်ကစားခဲ့သော အီဂျစ် အမှတ်ပေးဖလား ပြိုင်ပွဲ၏ ပွဲစဉ် တစ်ပွဲဖြစ်သော အယ်မာဆီရီ အသင်းနှင့် အယ်ဟာလီ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ ကြသော ပွဲစဉ်တွင် ပရိသတ်များ ရုန်းရင်းဆန်ခတ် ဖြစ်ကြပြီး ဘောလုံးပွဲ အသွင်မှ စစ်ပွဲ အသွင်ကဲ့ သို့ပင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ပျက် ခဲ့သော အဓိကရုဏ်းတွင် လူပေါင်း ၇၄ဦး သေဆုံးခဲ့ပြီး ၂၄၈ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း လည်း သိရသည်။ သတင်း ထုတ်ပြန်ကြေငြာချက် များအရ သေဆုံးသူ များထဲတွင် ကစားသမားများ မပါဝင် ခဲ့ပဲ ဒဏ်ရာ ရရှိမှု များသာ ရှိခဲ့ကြောင်းလည်း သိရသည်။ အယ်ဟာလီ အသင်း၏ ကပ္ပတိန် ဟူဆန် ဂါလီ မှာ ပရီးမီးယားလိဂ် ကလပ် စပါး အသင်းတွင် ၂၀ဝ၆ ခုနှစ်မှ ၂၀ဝ၉ ခုနှစ်အထိ ကစားခဲ့ဘူးပြီး စပါး အသင်း အတွက် ၃၄ ပွဲ ဝင်ရောက် ကစားပေးခဲ့ ဘူးသည်။ ဂါလီသည် အဆိုပါ ပွဲတွင် ၇၅မိနစ်တွင် အနီကတ်ပြ၍ ထုတ်ပယ်ခံ ခဲ့ရသည်။
အယ်ဟာလီ ကစားသမား တစ်ဦးဖြစ်သော မိုဟာမက် အာဘို ထရစ်ကာက “ဒါဟာ ဘောလုံးပွဲ တစ်ပွဲနဲ့ မတူတော့ပါဘူး။ စစ်ပွဲတစ်ပွဲလို ဖြစ်နေပါပြီ။ ဒီပွဲအတွက် လုံခြုံရေးတွေလည်း ဘာမှ မတတ်နိုင် သလို။ လူနာ တင်ကားတွေလည်း အဆင်သင့်ရှိ မနေပါဘူး။ ကျွန်တော် တို့ရှေ့မှာတင် လူတွေ အများကြီးသေသွား တာကို မြင်တွေ့ ခဲ့ရပါတယ်။ ဒီလို ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်ကို ကျွန်တော့် တစ်သက်လုံး မေ့နိုင်တော့မှာ မဟုတ်ပါဘူး” ဟု ပြောကြား သွားခဲ့သည်။
ထိုဖြစ်ရပ်ကို ဖီဖာ ဥက္ကဌ ဘလတ္တာက “ဒီဖြစ်ရပ်ကို ကျွန်တော် သိသိချင်း အတော့်ကို စိတ်ညစ်သွား ပါတယ်။ ဘောလုံးလောက အတွက်တော့ အမှောင် ကျတဲ့ နေ့ရက် တစ်ရက် ပါပဲ။ ဘောလုံး ကစား ပွဲတစ်ခုမှ လူတွေ အများကြီးသေတယ် ဆိုတာ ကြောက်စရာပါ။ ဒါမျိုး ကိစ္စဆိုတာ မဖြစ်သင့် ပါဘူး “ ဟု ပြောကြား သွားခဲ့သည်။ အဆိုပါ ဖြစ်စဉ် အတွက် အီဂျစ်ဘောလုံး အဖွဲ့ချုပ်သည် ယခုလက်ရှိ ကစားနေသော လိဂ်ပြိုင်ပွဲ ၄ခုစလုံးကို ရပ်နား ထားကြောင်း ထုတ်ပြန်ကြေငြာ သွားခဲ့သည်။
Source: dailymail