MWD Digital Set Top Box

လစဉ်ကြေး ပေးဆောင်စရာမလိုဘဲ နိုင်ငံတကာ ရုပ်သံလိုင်းများ ဖမ်းယူ ကြည့်ရှုနိုင်မည်


MWD ရုပ်သံလိုင်းမှ ထုတ်လုပ်လိုက်သော MWD Digital Set Top Box ကို အသုံးပြု၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ တောင်ငူ၊ ချောက် စသော မြို့များ၏ မိုင် ၅၀ ပတ်လည်အတွင်းအထိ ပြည်တွင်း ရုပ်သံလိုင်းများနှင့် နိုင်ငံတကာ ရုပ်သံလိုင်းများကို လစဉ်ကြေး ထပ်မံပေးဆောင်ရန် မလိုအပ်ဘဲ ဖမ်းယူ ကြည့်ရှုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ MWD Set Top Box တစ်လုံးတည်းဖြင့် ဖမ်းယူကြည့်ရှုနိုင်သော ရုပ်သံလိုင်းပေါင်း ၃၃ လိုင်းခန့်ရှိပြီး ပြည်တွင်းလိုင်းများဖြစ်သော MWD မှ အသစ်ထပ်မံ ထုတ်လွှင့်လျက်ရှိသည့် Channel များ၊ MRTV, MRTV-3, MRTV-4 များ၊ နိုင်ငံတကာ လိုင်းများဖြစ်သော Star World HD, Star Movies HD, 4HD, ESPN HD, History HD, NGC HDစသော HD လိုင်းများ၊ Biography, DW asia, CCTV-4, Fox Crime, TVGuide, For AD, ESPN News, Zee Chinema, Zee Veriasi, Zee Zing, History, CI, CCTV-9 (doucumentary), CCTV News, KBS World စသည့် ရုပ်သံလိုင်းများ ပါဝင်သည်။

ထို့ပြင် ရေဒီယိုလိုင်းများဖြစ်သော Mandalay FM, Shwe FM 1, Shwe FM 2, Pyinsaswadi FM-1, Pyinsaswadi FM-2 များကို ဖမ်းယူ နားဆင်နိုင်ကြောင်း သိရသည်။ Digital Set Top Box ဝယ်ယူပြီးပါက Booster မပါဝင်သော အင်တာနာ၊ UHF အင်တာနာများဖြင့် ချိတ်ဆက်မှသာ ဖမ်းယူနိုင်မည်ဖြစ်ပြီး မိမိကိုယ်တိုင် အလွယ်တကူ ဖမ်းယူကြည့်ရှုနိုင်သည်ဟု သိရသည်။ စက်တန်ဖိုးမှာ ငွေကျပ် သုံးသောင်းဝန်းကျင် ခန့်သာ ရှိပြီး လစဉ်ကြေးလည်း ထပ်မံပေးဆောင်ရန် မလိုအပ်သဖြင့် ဝယ်ယူသုံးစွဲလိုသူများ များပြားလျက် ရှိသည်။ အဆိုပါ စက်များမှာ ယခု ရန်ကုန်ဈေးကွက်တွင် လူအများ စိတ်ဝင်တစား ဝယ်ယူမှုကြောင့် ပစ္စည်း ပြတ်လပ်မှု ဖြစ်ပေါ်လျက်ရှိပြီး ဆိုင်များသို့ မေးမြန်းစုံစမ်းမှုများလည်း များပြားလျက်ရှိကြောင်း သိရသည်။

Ref: Net Guide

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection