ရင်းနှီးမြှုပ်နှံရန် ထိုင်းကုမ္ပဏီတစ်ခုက စီစဉ်

ွမ်းအင်၊ လေကြောင်းနှင့် ဆက်သွယ်ရေး၌ ရင်းနှီးမြှုပ်နှံရန် ထိုင်းကုမ္ပဏီတစ်ခုက စီစဉ်
မြန်မာနိုင်ငံမှ စွမ်းအင်ကဏ္ဍ၊ လေကြောင်းသယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ထိုင်းနိုင်ငံ Samart Corporation Pclက ပြောကြားလိုက်ပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ အစိုးရနှင့်လုပ်ကိုင် နိုင်မည့် အခွင့်အလမ်းကိစ္စများကို ပြောဆိုဆွေးနွေး ကြမည် ဖြစ်ကြောင်း ယင်းကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌက ၁၈-၁-၂ဝ၁၂ရက်တွင် ပြောကြားသည်။ အဆိုပါ Samartကော်ပိုရေးရှင်းသည် ၂ဝ၁၁ နှစ်ကုန်အပြီး ၂ဝ၁၂ အတွက်အမြတ်ငွေစာရင်း တွက်ချက်ထားမှုတွင် ယခင်ထက် ၂၅ ရာခိုင်နှုန်းအထိ တက်လာမည်ဟု မျှော်မှန်းထားပြီး ၂ဝ၁၃ တွင် ထိုင်းဘတ်ငွေ သန်း၃ဝ အမြတ်ရရှိမည်ဟု တွက်ချက်ထားကြသည်။ ယင်းတို့သည် မြန်မာနိုင်ငံ၏ အလားအလာကို လေ့လာနေပြီး အိမ်နီးချင်း လာအိုနိုင်ငံကိုပါ မျက်စိကျနေသည် ဟုလည်းဆိုသည်။

''ကျွန်တော်တို့ ဒီနှစ်ထဲမှာ လုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်ဖို့ ကြည့်နေတာတွေ ရှိပါတယ်။ အခြေခံအားဖြင့် ရင်းနှီးမြှုပ်နှံချင်တဲ့ အပိုင်းတွေက စွမ်းအင်၊ လေကြောင်း သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍတွေမှာ လုပ်ချင်နေပါတယ်'' ဟု Samart၏ ဥက္ကဌ WatchaiVilailuckက ပြောကြားသည်။ Samart ကော်ပိုရေး ရှင်းအနေဖြင့် ၎င်းတို့၏အဓိက လုပ်ငန်းစုအဖြစ် Samart I-Mobile Pcl နှင့် Telecom Pclကို အခြေခံ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။''တကယ်လို့သာ အခွင့်အရေးရခဲ့လို့ အဲဒီနိုင်ငံတွေ (မြန်မာ-လာအို) ရဲ့ အာဏာပိုင်တွေနဲ့ စကားပြောခွင့်ရမယ်ဆိုရင် အလုပ်လုပ်ဖို့ အခွင့်အလမ်းကောင်းတွေ ဒီထက်မကပိုပြီး ပြောဖြစ်ကြမှာပါ'' ဟု၎င်းက ဆက်လက်ပြောကြားပြီး ၎င်းတို့အနေဖြင့် လာအိုနိုင်ငံတွင် မိုဘိုင်းဖုန်းကဏ္ဍကို ဝင်ရောက်လုပ်ကိုင်နေပြီးသား ဖြစ်သည်ဟု ဆိုသည်။ ''အဲဒီနှစ်ခုကိုသာ ကောင်းကောင်း ရင်းနှီးမြှုပ်နှံ သွားရမယ်ဆိုရင် ထိုင်းဘတ်ငွေ ဘီလျံချီပြီး ရင်းနှီးမြှုပ်နှံရမှာပါ'' ဟုWatchai က ဆက်လက် ပြောကြားသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection