၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းဖွင့်မည်

၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းဖွင့်မည်

 ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ကာ နိုင်ငံရေးလုပ်ငန်းများကို ဆောင်ရွက် မည် ဖြစ်ကြောင်း ယင်းနှင့်နီးစပ်သူများ ထံမှ သိရသည်။

၂၀ဝ၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပူးပေါင်းလုပ်ဆောင်မည် မဟုတ်သော်လည်း ယင်းနှင့်ဝေးကွာသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသည့် နိုင်ငံရေး လမ်းကြောင်းကိုလည်း လျှောက်လှမ်းမည် မဟုတ်ကြောင်း ယင်းတို့၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကို အစဉ်တစိုက်ထောက်ခံမှာပါ။ သူနဲ့ဝေးကွာတဲ့ လမ်း ကြောင်းကို လျှောက်လှမ်းဖို့ အကြောင်း မရှိပါဘူး”ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထွန်းက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် မြန်မာ့နိုင်ငံရေးတွင် မည်သို့သောပုံစံဖြင့် ဆက်လက်လုပ်ကိုင်မည်ကို ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လူစုံတဲ့အချိန်ကစပြီး အစည်းအဝေးတွေ လုပ်နေတာ သုံးခါလောက်ရှိပါပြီ။ ဒါပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက် မရသေးပါဘူး”ဟု ဦးကိုကိုကြီး (စမ်းချောင်း)က ပြောကြားသည်။

မကြာမီ အချိန်အတွင်း ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ ဆက်လက်လုပ်ကိုင် ဆောင်ရွက်မည့် နိုင်ငံရေးလမ်းကြောင်းကို ဖော်ပြမည် ဖြစ်ကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection