ရှစ်ထပ်တိုက်တစ်လုံး ပြိုကျမည့်အခြေအနေ ဖြစ်ပေါ်နေ

ရှစ်ထပ်တိုက်တစ်လုံး ပြိုကျမည့်အခြေအနေ ဖြစ်ပေါ်နေ

၁၉.၁.၂၀၁၁ ညပိုင်း ၁၀ နာရီခွဲခန့်တွင် ကြည့်မြင်တိုင်(အောက်)လမ်းမကြီး၊ ဆင်မင်းဈေးမှတ်တိုင် အနီးရှိ ရှစ်ထပ်တိုက်တစ်လုံး ကွဲအက်ပြိုကျမည့် ဖြစ်စဉ်တစ်ခု စတင်ဖြစ်ပေါ်လျှက်ရှိသည်။



တိုက်နောက်ဖက်ရှိ ကွဲအက်လာသော နေရာ။
စောရန်ပိုင်(မြောက်)ရပ်ကွက်၊ မြကံသာစားသောက်ဆိုင်နံဘေးရှိ အမှတ် ၃၆၇ ရှစ်ထပ်တိုက်ဖြစ်ပြီး တိုက်နောက် ဖက်ရှိ ပထမထပ်မှ အုတ်နံရံများ စတင်ကွဲအက်လျှက်ရှိသည်။

မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများလာရောက် စစ်ဆေးကာ တိုက် နောက်ဖက်ခြမ်းအား လူအဝင်အထွက် မရှိစေရန် ပိတ်ဆို့ထားပြီး အောက်ကြည့်မြင်တိုင် လမ်းမကြီးကိုလည်း ကြိုးများဖြင့် တားဆီးကာ ကားဖြတ် သန်းမှုကို ပိတ်ဆို့ထားပြီဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကို လာရောက်ကြည့်ရှုသူ တစ်ထောင်နီးပါးခန့်ရှိပြီး သန်းခေါင်ကျော်အချိန်ထိ လူမစဲသေးကြောင်း အခင်းဖြစ်ရာနေရာမှ 7Day News သတင်းထောက်က ပေးပို့သည်။

ယင်းတိုက်တွင် လူပေါင်း ၃၈ ဦးခန့်နေထိုင်လျှက်ရှိပြီး ၎င်းတို့ကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့စေ လိုက် ပြီဖြစ်သည်။ အနီးအနားရှိ တိုက်များမှ လူများကိုလည်း ဘေးလွတ်ရာပြောင်းရွှေ့ထားကြောင်း သိရသည်။ ည ၁၂ နာရီခွဲခန့်တွင် မီးသတ်ယာဉ်တစ်စီးမှ မီးမောင်းကြီးများဖြင့် အဆိုပါတိုက်အား ထိုးချိန်ထားကာ စောင့်ကြည့် နေကြသည်ကို တွေ့ရသည်။

ယင်းတိုက်ကို ၂၀ဝ၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection