USB Memory Stick ထဲကဖိုင်တွေကို ဖျက်မရ..

USB Memory Stick ထဲကဖိုင်တွေကို ဖျက်မရ.. ကော်ပီလုပ်မရတော့ဘူးလား။(ဖြေရှင်းနည်းလေးပါ)

ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး မိမိစက်ကိုပြန်ထိုးလိုက်တဲ့အခါ လျှို့၀ှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့၀ှက်၀င်ရောက်သွားပါတယ်။
အဲဒီ Script ကဗိုင်းရပ်စ်လဲမဟုတ်ပြန်ပါဘူး။
သူက Autorun ကနေတစ်ဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်
ဖြစ် အခြားသောအကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ..ဖျက်မရ
တော့ဘဲ..Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိအောင် ဖြစ်ရတော့တာပါဘဲ။ အညာသားလေးကို ယ်တိုင်လဲ..ကြုံခဲ့ရဘူးပါတယ်။ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။

ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.
HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး
တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry  Editor မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့ Error မပေါ်တော့ပါ။အားလုံးကို..ကျေးဇူးတင်ပါတယ်ခင်ဗျာ..။

Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမ၀င်တော့ပါ။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection