ကြည်ဖြူသျှင် ပြောပြတဲ့ ခေတ်ရေစီးကြောင်းနဲ့ စပွန်ဆာအဓိပ္ပာယ်
ကြည်ဖြူသျှင် ပြောပြတဲ့ ခေတ်ရေစီးကြောင်းနဲ့ စပွန်ဆာအဓိပ္ပာယ်
အမျိုးသမီးဒါရိုက်တာတွေ လက်ချိုးရေလို့ရတဲ ့အထဲမှာ ဒါရိုက်တာ ကြည်ဖြူသျှင်လည်း တစ်ဦးအပါ အ၀င် ပါ။ အောင်မြင်တဲ့ ဗီဒီယို ဇာတ်ကားများစွာကို ရိုက်ကူးနိုင်ခဲ့တဲ့ အပြင် 'မိုးည အိပ်မက်မြူ' လိုရုပ်ရှင်ကား ကြီးမှာ အမျိုးသားဇာတ်ဆောင်ဆုနဲ့ အမျိုးသမီးဇာတ်ပို့ဆုတို့ကို ရရှိအောင် လမ်းညွှန်ရိုက်ကူး နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ဦး အောင်မြင်တဲ့ ဘဝတစ်ခုကို တည် ဆောက်ထားနိုင်တဲ့ သူမက ဒီကဏ္ဍကနေ သူမပတ်၀န်းကျင်မှာ တွေ့ကြုံကြားသိနေရတဲ့ အကြောင်း အရာနှစ်ခုကို ဆက်စပ်ပြောပြလာပါတယ်။
ကြည်ဖြူသျှင် ပြောပြတဲ့ ခေတ်ရေစီးကြောင်းနဲ့ စပွန်ဆာအဓိပ္ပာယ်မှာ..
ခေတ်ရေစီးကြောင်း ဘယ်လောက်တိုးတက်တိုးတက် ဘယ်လိုပြောင်းလဲ ပြောင်းလဲ အပျိုစင်ဆိုတဲ့ ဂုဏ် သိက္ခာကို စောင့်ထိန်းသင့်ပါတယ်။
နောက်တစ်ခုက ဒီခေတ်မှာ စပွန်ဆာဆိုတဲ့ စကားကို အရမ်းသုံးကြတယ်။ ဟိုလူကြည့်လည်း စပွန်ဆာ၊ ဒီလူကြည့်လည်း စပွန်ဆာနဲ့ ပြောဆိုနေကြတယ်။ ဒါဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ အရမ်းရှက်စရာ ကောင်းပါတယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကောင်းကောင်းနဲ့ပဲ အလုပ်လုပ်ကြစေချင်ပါတယ်။
အခုခေတ်မှာ Brand တွေ အရမ်းသုံးကြတယ်။ Brand သုံးမှ လူရာ၀င်တယ်ထင်ကြတယ်။ ဟန်းဖုန်း ကိုင်တာကအစ အိုင်ဖုန်းမှ ကိုင်ချင်တယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အလှတရားဆိုတာ Brand တွေ သုံးမှ မဟုတ်ပါဘူး။ အဓိကက တော့ ကိုယ်ရဲ့ သိက္ခာ Brand ကိုတည်ဆောက်ကြပါ။ ကိုယ်ရဲ့ နာမည် Brand ကို တည်ဆောက်ကြပါ။ .............