Push Pop Press ကို ၀ယ်ယူလိုက်တဲ့ Facebook

E-Book ကုမ္ပဏီ Push Pop Press ကို ၀ယ်ယူလိုက်တဲ့ Facebook

Facebook မှ San Francisco အခြေဆိုက် E-Book ကုမ္ပဏီ Push Pop Press ကို မနေ့က ၀ယ်ယူခဲ့ ပါတယ်။အဆိုပါ ကုမ္ပဏီအနေနဲ့ ယခုနှစ်အစောပိုင်း က Apple အတွက် multi-touch interface ပြုလုပ်လို့ ရတဲ့ Al Gore “Our Choice” digital ebook တစ်မျိုးကို တီထွင်ဖန်တီးခဲ့ပြီး နောက် Apple မှ ချီးမြှင့် သည့် Apple Design Award ဆုကို ရရှိ ထားတဲ့ ကုမ္ပဏီ တစ်ခုလည်းဖြစ်ပါတယ်။“ကျွန်တော်တို့တွေရဲ့ နည်းပညာတွေကို အသုံးပြုပြီးတော့ Facebook အတွက် အကောင်းဆုံး တီထွင်ဖန်တီးမှုတွေကို ဆောင်ရွက်ပေးသွားမှာပါ”လို့ Push Pop Press တည်ထောင်သူ Mike Matas နှင့် Kimon Tsinteris တို့မှ အင်တာဗျူး တစ်ခု မှာ ပြောကြား ခဲ့ပါတယ်။ဒါ့အပြင် Facebook မှ Push Pop Press ကုမ္ပဏီရဲ့ နည်းပညာများ နဲ့ ပြုလုပ်ထားတဲ့ applications များကို မကြာမီ အချိန်အတွင်း ရေးဆွဲ ရောင်းချပေးသွားရန် ပြင်ဆင်ဆောင်ရွက်မှု တွေ ပြုလုပ်နေပြီ လို့သိရပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection