သင့်ရဲ့ခန္ဓာဘာသာစကား(body language) စိတ်ချယုံကြည်မှုကိန်း

သင့်ရဲ့ခန္ဓာဘာသာစကား(body language) စိတ်ချယုံကြည်မှုကိန်း 

ဘယ်လောက်မြင့်သလဲ?
သင့်ရဲ့ကိုယ်ဟန်အမူအရာ(body language)က သင့်ကိုယ်သင်ယုံကြည်မှု(self-confidence)ကို ဘယ်လောက်ထိ ထုတ်လွှတ်ပေးနိုင်သလဲ? 
အခုပဲ သူငယ်ချင်းတို့ ကြည့်လိုက်ကြရအောင်… အောက်ကမေးခွန်းတွေမှာ သင်နဲ့ပိုသင့်တော်တဲ့အဖြေကိုရွေးပြီး သင်ရွေးထားတဲ့ A, B, C ကို ပေါင်းလိုက်ပါ။

(၁) မတ်တပ်ရပ်နေချိန်မှာ သင့်ခြေထောက်နှစ်ခုကြား အကွာအဝေး?
  • (A) ၂၅ စင်တီမီတာ
    (B) ၁၅ _ ၂၅ စင်တီမီတာ
    (C) ၁၅ စင်တီမီတာအောက်

(၂) ထိုင်နေချိန်မှာ သင့်ခြေထောက်အနေအထား?
  • (A) ခြေချိတ်ထားတယ်/ ဒူးပေါ်ကို နောက်ခြေတစ်ချောင်းတင်ထားတယ်
    (B) ခြေနှစ်ချောင်းကို ဒီအတိုင်းအပြိုင်ချထားတယ်
    (C) ခြေနှစ်ချောင်းကို ပူးထားတယ် ဒါမှမဟုတ် ခြေဖဝါးနှစ်ခုကို ယှက်ထားတယ်

(၃) ခေါင်း/ လည်ပင်းအနေအထား?
  • (A) ခေါင်းကို မော့ထားပြီး လည်ပင်းကိုဖော်ထားတယ်
    (B) ခေါင်း၊ လည်ပင်း တည့်မတ်တယ်
    (C) ခေါင်းရှေ့ငိုက်ပြီး လည်ပင်းကိုကွယ်ထားတယ်

(၄) ပုခုံးအနေအထား?

  • (A) နောက်လှန် (ရင်ကော့) ထားတယ်
    (B) ဖြည်လျော့ထားတယ်
    (C) ရှေ့ကိုအနည်းငယ် ငိုက်ချထားတယ်

(၅) တခြားလူနဲ့လက်ဆွဲနှုတ်ဆက်ချိန် သင့်လက်က….?

  • (A) လက်ဆန့်ထုတ်ချိန်မှာ လက်ဖဝါးကိုမှောက်ထားတယ်
    (B) လက်ဆန့်ထုတ်ချိန် လက်ဖဝါးက မြေကြီးနဲ့ထောင့်မှန်ကျတယ်
    (C) လက်ဆန့်ထုတ်ချိန်မှာ လက်ဖဝါးကိုလှန်ထားတယ်
(၆) စိတ်လှုပ်ရှားတဲ့အခါ သင့်လက်ကို ….?

  • (A) ကျောဖက် ဒါမှမဟုတ် တင်ပါးနောက် ပို့ထားလိုက်တယ်
    (B) ကိုယ်ဘေးနှစ်ဖက်မှာပဲ ပေါ့ပေါ့ပါးပါးထားတယ်
    (C) အိတ်ကပ်ထဲထည့်ထားတယ် ဒါမှမဟုတ် ခန္ဓာကိုယ်တစ်နေရာရာကို ထိတွေ့တယ်
(၇) လိုအပ်ချက်ကို တင်ပြတဲ့အခါ သင့်လက်က….?

  • (A) လက်ဖဝါးကို အောက်ဖက်မှောက်ထားတယ်
    (B) လက်ဖဝါးကို အထက်လှန်ထားတယ်
    (C) လက်နှစ်ဖက်ကို ယှက်ထားတယ် ဒါမှမဟုတ် လက်ကို အိတ်ကပ်ထဲထည့်ထားတယ်
(၈) စဉ်းစားတွေးတောချိန်မှာ သင်က…?

  • (A) လက်နှစ်ဖက်ရဲ့ လက်ညှိုးထိပ်တွေကိုထိထားတယ်/ ရှိခိုးတဲ့ပုံစံ
    (B) မေးစေ့ကို လက်မ၊ လက်ညှိုးနဲ့ထောက်ထားတယ်
    (C) နုတ်ခမ်းကိုက်တယ် ဒါမှမဟုတ် လက်နဲ့မေးရိုး၊ ပါးစပ်၊ နှာတံ၊ ဆံပင်တွေကို ပွတ်သပ်တယ်
(၉) လမ်းလျှောက်နေချိန်မှာ သင်က…?

  • (A) လက်မောင်းလှုပ်တယ်၊ တံတောင်ဆစ်ကို အပြင်ဖက်လှည့်ထားပြီး ဒရိမ်းဒရိုင်လျှောက်တယ်
    (B) လက်ကို ကိုယ်မှာကပ်ထားပြီး လက်မောင်းလှုပ်ရုံလျှောက်တယ်
    (C) လက်ကို အိတ်ကပ်ထဲထည့်ထားတယ်
(၁ဝ) တခြားလူရဲ့ စကားကိုနားထောင်နေချိန်မှာ သင်က…..?

  • (A) ခေါင်းကိုမတ်ပြီး တစ်ဘက်သားကိုကြည့်တယ်
    (B) ခေါင်းကိုအနည်းငယ်စောင်းပြီး တစ်ဘက်သားကိုကြည့်တယ်
    (C) ခေါင်းကိုတခြားဖက်လှည့်ပြီး နားကို စကားပြောသူဖက်လှည့်ထားတယ်။ သိပ်မငဲ့ကြည့်ဘူး။
(၁၁) တခြားလူတွေနဲ့ သင်ဘယ်လို အကြည့်ချင်းဆက်ဆံသလဲ?

  • (A) တစ်ဖက်လူရဲ့ နှဖူး၊ ပါးစပ်အပါအဝင် မျက်နှာတစ်ခုလုံးကိုကြည့်တယ်
    (B) တစ်ဖက်လူရဲ့ မျက်ခုံးနှစ်ဖက်ကနေ နှာထိပ်ဖျားထိ တြိဂံနေရာကို အာရုံစိုက်ပြီးကြည့်တယ်
    (C) တစ်ဖက်လူကို တည့်တည့်မကြည့်ဘဲ အောက်ကိုပဲ ငုံ့ကြည့်တယ်
(၁၂) စိတ်တိုတဲ့အခါ သင်က…?

  • (A) မျက်မှောင်ကြုတ်ပြီး သဘောမတူကြောင်းပြတယ်/ အော်ဟစ်တယ်
    (B) မျက်နှာမာနဲ့ အပြုံးအရယ်မရှိဘူး၊ မေးစေ့ထားတယ်
    (C) နုတ်ခမ်းစူထားတယ်
(၁၃) လူတွေနဲ့ စကားပြောတဲ့အချိန် သင့်ရဲ့ချက်နေရာကို ဘယ်ဖက်ဦးတည်ထားသလဲ?

  • (A) ခါးပေါ်လက်ထောက်ပြီး စကားပြောတဲ့လူဖက် ဦးတည်ထားတယ်
    (B) စကားပြောတဲ့လူဖက် ဦးတည်ထားတယ် (တကယ်လို့ လက်ကို အိတ်ကပ်ထဲထည့်ထားရင် လက်မကိုအိတ်ကပ်ပြင်ဖက် ထုတ်ထားတယ်
  • (C) တစ်ဖက်ကိုလှည့်ထားတယ် (တကယ်လို့ လက်ကို အိတ်ကပ်ထဲထည့်ထားရင် လက်မကိုအိတ်ကပ်ပြင်ဖက် ထုတ်မထားဘူး
(၁၄) တခြားလူနဲ့ အတူထိုင်နေချိန်မှာ သင်က… ?

  • (A) တစ်ဖက်လူနဲ့ မျက်နှာချင်းဆိုင်ထိုင်တယ်
  • (B) သူတို့နဲ့တစောင်းထိုင်တယ် ဒါမှမဟုတ် သူတို့ဘေးမှာထိုင်တယ်
  • (C) မသေချာဘူး.. တစ်ခါမှ သတိမထားမိဘူး
(၁၅) သင်ခေါင်းညိတ်တဲ့အရှိန် ဘယ်လောက်မြန်လဲ?

  • (A) အရမ်းမြန်တယ်
    (B) မမြန်၊ မနှေး အလယ်အလတ်ပါပဲ
    (C) အရမ်းနှေးတယ်
(၁၆) အစည်းအဝေးခန်းမှာ သင်ထိုင်တဲ့ အနေအထားက… ?

  • (A) နေရာကျယ်ကျယ်ယူထားပြီး နောက်ဖက်ကို စိတ်လက်သာသာမှီထားတယ်။ တံတောင်ကို အပြင်ဖက်ထုတ်ထားတယ်
  • (B) လက်နှစ်ဖက်ကို ဖြေလျော့ပြီး စားပွဲဖြန့်တင်ထားတယ်
    (C) လက်မောင်းနှစ်ဖက်ကိုယှက်ထားတယ် ဒါမှမဟုတ် စားပွဲပေါ်တင်ထားတယ်
(၁၇) တခြားလူနဲ့ အခန်းထဲကနေ အတူထွက်ခွာချိန် သင်က…?

  • (A) လက်ကို တစ်ဖက်လူပုခုံးပေါ်တင်ပြီး ထွက်သွားဖို့လမ်းညွန်ပေးတယ်
    (B) ထွက်ပေါက်ဖက် လက်ညွန်ပြီး တစ်ဖက်လူကို အရင်ထွက်စေတယ်
    (C) ကိုယ်တိုင်အရင် ထွက်တယ်
(၁၈) စားပွဲပတ်လည်မှာ (၁ဝ)မိနစ်ခန့် အသေးစား အစည်းအဝေးကျင်းပတဲ့အခါ သင်က..?

  • (A) တစ်ချိန်လုံး ရပ်နေမယ်
    (B) စစချင်းမိနစ်အနည်းငယ်မှာ ရပ်နေမယ် ပြီးရင် ထိုင်ချမယ်
    (C) ချက်ချင်းထိုင်ချပြီး စကားစပြောမယ်
(၁၉) သင်ထိုင်တဲ့အနေအထားက ဘယ်လိုလဲ?

  • (A) ပုခုံးနောက်ပစ်ပြီး တည့်တည့်ထိုင်တယ်
    (B) သက်တောင့်သက်သာနဲ့ ရှေ့ကိုနည်းနည်းပိုရောက်နေတယ်
    (C) သက်တောင့်သက်သာနဲ့ နောက်ကိုမှီထားတယ်
(၂ဝ) အစည်းအဝေးကနေ ခွာခါနီး သင်က….?

  • (A) တခြားလူရဲ့လက်မောင်း ဒါမှမဟုတ် ပေါင်ကိုထိပုတ်ပြီး သင်ထွက်ခွာမယ့်အကြောင်းပြောတယ်
    (B) ချက်နေရာကို တံခါးဖက်ဦးတည်ထားတယ်။ ကုလားထိုင်ကို လက်နဲ့တင်းတင်းဆုပ်ပြီး ထွက်ခွာဖို့ ထရပ်ပြင်ဆင်တယ်
  • (C) တစ်ဖက်လူ စကားပြောအပြီးကိုစောင့်တယ်၊ ဒါမှမဟုတ် တခြားလူဆွေးနွေးတာကို ပြီးအောင်ထိုင်စောင့်တယ်ရေးလက်စ စာလေးတစ်ခုပါ.... 
ကိုယ့်ရဲ့အမူအရာက ကိုယ့်ကိုယ်ကိုယုံကြည်မှု ဘယ်လောက်ရှိကြောင်း ပြသနေသလဲ?... စိတ်ဝင်စားတဲ့သူတွေ သင့်တော်တဲ့အဖြေကိုရွေးပြီး A ဘယ်နှခု၊ B ဘယ်နှခု၊ C ဘယ်နှခုရတယ်ဆိုတာကို ပေါင်းထားလိုက်ပါ။ အဖြေကို ဘာသာပြန်ပြီးရင် တင်ပေးပါမယ်.. နိုင်းနိုင်းစနေ

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection