ဗန္ဓုလတံတားအနီးမှ ဒေါပုံရေနံမြေအထိ လမ်းဖောက်မည်ဆိုသော သတင်းမှာ မဟုတ်မှန်ဟု စည်ပင် ရှင်းလင်း
ဗန္ဓုလတံတားအနီးမှ ဒေါပုံမြို့နယ် ရေနံမြေဝင်း အထိ လမ်းဖောက် လုပ်မည်ဟူသောသတင်းမှာ မဟုတ်မှန် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ လမ်းတံတားဌာနမှ သိရသည်။ ကြည့်မြင်တိုင်၊ ဟုမ်း လမ်းအနီးမှ ဗိုလ်တထောင် သန်လျက်စွန်း အထိ ဖောက် လုပ်နေသောလမ်းသည် ဗိုလ်တထောင်ဈေး လမ်းတွင် ပြီးဆုံး သွားပြီဖြစ်ကြောင်း၊ အဆိုပါလမ်းသည် ပုဇွန် တောင်ချောင်းတစ်ဖက်ကမ်း မဟာဗန္ဓုလတံတား ခြေရင်းမှ ဒေါပုံမြို့နယ်၊ ရေနံမြေဝင်း အထိ ဆက် လက် ဖောက် လုပ်သွားမည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က ပြောသည်။ ”ပြီးခဲ့တဲ့ သုံးလေးလကတည်းက အဲဒီ သတင်းကြားလို့ မဟုတ် တဲ့အကြောင်း ပြောလိုက်ရသေးတယ်။ အခုဖောက်နေတဲ့လမ်းကြီးကနေ ဗန္ဓုလ တံတားကိုဖြတ်ပြီး လက်ရှိယမုံနာလမ်းမကြီးအတိုင်းပဲ သွားဖို့ လုပ် ထားတာပါ”ဟု ၄င်းက ဆိုသည်။ လမ်းဖောက်လုပ်မည်ဟု သတင်းထွက်နေသည့် ယမုံနာ ၁ ရပ် ကွက်၊ ယမုံနာ ၂ ရပ်ကွက်၊ မြို့မရပ်ကွက်နှင့် ရေနံမြေ အနီးဝန်းကျင်ရှိ လူနေရပ်ကွက် များမှာ စိုးရိမ်နေရ ကြောင်းသိရသည်။ အဆိုပါလမ်း နှင့်ပတ်သက်၍ ဒေါပုံမြို့နယ်၊ မြို့မလမ်းတွင်နေထိုင်သူတစ်ဦးက”ကမ်းနား လမ်းဖောက်တုန်း ကလို အဆောက် အအုံတွေ ပါကုန်မှာပဲစိုးတယ်။ မဖောက်ဖူးဆိုရင်လည်း စိတ်ချ လက်ချ နေရတာ ပေါ့”ဟုဆိုသည်။