ကွန်တိန်နာဖြင့် ကားခိုးသွင်းမှုကို အရေးယူပြီ
မကြာသေးမီက ကွန်တိန်နာများအတွင်း ကား ၇ စီး တရားမ၀င် သယ်ဆောင်လာသည့် အမှုအတွက် ACE အမည်ရှိ ၀န်ဆောင်မှု အေဂျင်စီတခုကို လုပ်ငန်းလိုင်စင် ရာသက်ပန် ရုပ်သိမ်းလိုက်သည်ဟု အကောက်ခွန် ဦးစီးဌာန အရာရှိတဦးက အင်္ဂါနေ့တွင် ပြောလိုက်သည်။

ကွန်တိန်နာအတွင်း ကားတင်သွင်းလာပုံကို ဇူလိုင်လ ၁၃ ရက်နေ့က စစ်ဆေး တွေ့ရှိရပုံ။ ကားကို ဖျော်ရည် ဘူးများဖြင့် ဖုံးကွယ်ပြီး တင်ဆောင်လာခြင်း ဖြစ်သည် (ဓာတ်ပုံ - Elelven Media Group)
ဇူလိုင် ၁၃ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ် မြန်မာစက်မှုဆိပ်ကမ်းတွင် စက္ကူပစ္စည်းများ ပါ၀င် သည်ဟူသော ကွန်တိန်နာများကို စစ်ဆေးရာ Super Customs Hi Ace အမျိုးအစား ကား ၇ စီး၊ မိတ္တူကူးစက် ၂၇ လုံး၊ လက်ပ်တော့ပ် ကွန်ပျူတာ ၁၂ လုံး၊ ဖျော်ရည်ဘူး စသည့် ပစ္စည်းများကို တွေ့ရသည်ဟု အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန် သွင်းကုန် ကြီးကြပ်ရေးဌာနခွဲ အရာရှိတဦးက ပြောသည်။
"အေးဂျင့်(အေဂျင်စီ) ကို ရာသက်ပန်ပိတ်တဲ့အပြင် အဲဒီအေးဂျင့်မှာ လုပ်နေတဲ့သူတွေရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် အဝါရောင်ကတ်နဲ့ ပန်းရောင်ကတ်တွေကို (၇) ရက်အတွင်း ပြန်အပ်ရမယ်လို့ စာထွက်လာတယ်" ဟု မြန်မာနိုင်ငံ အကောက်ခွန်လုပ်ငန်းများဆိုင်ရာ ၀န်ဆောင်သူများအသင်းမှ အမှုဆောင်တဦးက ဆိုသည်။
ထိုကားများ တင်သွင်းလာသည့် ရနံ့သစ်ကုမ္ပဏီ လီမိတက်ကို မည်သို့ အရေးယူကြောင်း မသိရသေးပေ။
"အရင်တုန်းကလည်း အဲဒီလိုအမှုတွေ ဖြစ်ဖူးတယ်။ ညှိလို့ ရတာတွေလည်း ရှိခဲ့တယ်" ဟု ရန်ကုန်မှ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက ဆိုသည်။
ဆိပ်ကမ်းတွင် ဓာတ်မှန်စက်သုံးပြီး ကွန်တိန်နာကို စစ်ဆေးသောကြောင်း မော်တော်ယာဉ် ပါ၀င်မှု ရှိမရှိ လွယ်ကူစွာ သိနိုင်သည်ဟု ဆိုသည်။
ကား ၇ စီး တရားမ၀င်တင်သွင်းမှု ပေါ်ပေါက်ပြီးနောက်ပိုင်း စစ်ဆေးမှုများ ပိုမို ကြပ်မတ်လာကြောင်း၊ သြဂုတ်လဆန်းက ကွန်တိန်နာအတွင်း ကားအစီးလိုက် သို့မဟုတ် တစစီဖြုတ်ပြီး တင်ဆောင်လာမှုတချို့ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
မှောင်ခိုလုပ်နေသူများကြောင့် တရားဝင်တင်သွင်းသူ လုပ်ငန်းရှင်များ နစ်နာရသည်ဟုလည်း ကုမ္ပဏီများက ပြောသည်။
ပို့ကုန်သွင်းကုန် ကုမ္ပဏီများအတွက် အကောက်ခွန်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် အေဂျင်စီ အရေအတွက်သည် ယမန်နှစ်က ၆၀၀ ဝန်းကျင်သာရှိပြီး ယခုအခါ ၁၀၀၀ ကျော်ထိ ရှိသည်ဟု သိရှိရသည်။