ဟစ်တလာက သူ လိပ်ခေါင်းမထွက်ဟု ငြင်းဆို

ဟစ်တလာက သူ လိပ်ခေါင်းမထွက်ဟု ငြင်းဆို

မြန်မာပြည်သူများအကြား ယခုတလော အလွန် ရေပန်းစားနေသည့် အထက်ပါ ဗီဒီယိုကလစ်နှင့် ပတ်သက် ၍ ကွယ်လွန်သူ ဂျာမနီအာဏာရှင်ကြီး ဟစ်တလာက သူမဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။

ဗီဒီယိုထဲတွင် နာဇီခေါင်းဆောင်ကြီးက မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း၏ အပြစ်အနာအဆာ များ နှင့် ပတ်သက်၍ ဆဲဆို မာန်မဲ ထားပြီး၊ သူ မြန်မာ ပြည် ရောက်ရှိစဉ်အတွင်း တယ်လီဖုန်း အော် ပြောရ သဖြင့် လိပ်ခေါင်းထွက်သွားဖူးကြောင်း၊ ထို့ပြင် ဖုန်း Bill ဆောင်ရန် သုံးနာရီခန့် မတ်တပ် ရပ် စောင့်ဆိုင်းရင်း မအောင့်နိုင်တော့ သဖြင့် နောက်ဆုံး တွင် ချီးထွက်သွားခဲ့ကြောင်း ကြိမ်း မောင်း ဟိန်း ဟောက်ထားသည်။

သူသော် ငရဲပြည်ရောက်နေသော ဟစ်တလာက ထို ကဲ့သို့ ပြောဆိုသူမှာ ဟစ်တလာ အတုဖြစ် ကြောင်း၊ သူ့အနေဖြင့် တစ်ကြိမ်တစ်ခါမျှ မြန်မာပြည်တွင် အီးမထွက်ခဲ့ဖူးသလို၊ မြန်မာပြည်တွင် လိပ်ခေါင်း ထွက်ခြင်း လည်း မရှိခဲ့ဖူးကြောင်း ငြင်းဆိုသည်။

လိပ်ခေါင်းထွက်ပြီး အီးထွက်သူမှာ သူ့အမည်နှင့် ခပ်ဆင်ဆင် တူသည့် "ဟစ်တာလာ" ဖြစ်ကြောင်း၊ အမည် ဆင်တူခြင်းသာ ဖြစ်ကြောင်း၊ ဗီဒီယိုကြည့် မြန်မာပရိသတ်များ အနေဖြင့် သူ့အပေါ် အထင်အမြင် မလွဲမှား ကြစေလိုကြောင်း၊ အီးထွက်သူ- လိပ်ခေါင်းထွက်သူမှာ "တ၀မ်းပူ ရေးချ-တာ... ဟစ် တာ လာ" ဆိုသူသာ ဖြစ်သည်ဟု သိရှိ မှတ်သားကြ စေလိုကြောင်း၊ သူ လုံး၀ မဟုတ်ကြောင်း၊ နာဇီခေါင်းဆောင်ကြီး ဟစ်တလာ က အကြောက်အကန် ငြင်းဆိုသွားသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection