Google ၏နောက်ထပ် Social Network တစ်ခုဖြစ်သော

Google ၏နောက်ထပ် Social Network တစ်ခုဖြစ်သော Google+

ကမ္ဘာပေါ်တွင် Social Networking လောကတွင် နှစ်ရှည်လများ ထိပ်ဆုံးနေရာရယူထားသော Facebook ၏ အဖြစ်အပျက်အား Google မှ Google + ဟူသော Social Network အသစ်ဖြင့် နေရာယူသွားရန် ပြင်ဆင် လိုက်ပြီဖြစ်ပါတယ်။
အဆိုပါGoogle + ဟာ ယခုအချိန်တွင် လူများအားလုံး အသုံးပြု၍မရရှိနိုင်သေးပဲ သတ်မှတ်ထားသူများသာ အသုံးပြု၍ ရရှိ နိုင်ကြောင်း သိရပါတယ်။

Google ၏ကြော်ငြာချက်အရ Google + မှာ လူ့အဖွဲ့အစည်းငယ်များအချင်းချင်း ဓါတ်ပုံများ၊ သီချင်းများ၊ ဗီဒီယိုများနှင့် အခြား ကိစ္စရပ်များအားလုံးတို့အား လွတ်လပ်စွာဖလှယ်သွားနိုင်ရန် ရည်ရွယ်ကြောင်းသိရပါတယ်။

တစ်ကယ်တမ်းအားဖြင့် Google + ဟာ မကြသေးခင်မှ ထွက်ပေါ်ခဲ့သည့် ကောလဟာလ အဖြစ်ထွက်ပေါ်ခဲ့သည့် Google Circle နောက်ပိုင်း အမှန်တစ်ကယ်ထွက်ရှိလာသော Social Network ပဲဖြစ်ပါတယ်။

Google မှသတင်းထုတ်ပြန်ချက်အရ Google + ဟာ Social Networking တစ်ခုအား အောင်မြင်စွာပြုလုပ်ခဲ့သော Facebook ၏နည်းပညာ အကြံအစည်များနှင့် လုံးဝကွဲပြားခြားနားစွာပြုလုပ်ထားကြောင်းသိရသော်လည်း ပညာရှင်များ မှာတော့ ယခုဝန်ဆောင်မှု အသစ်မှာ Facebook ၏ Group Feature နှင့်ဆင်တူကြောင်း ဝေဖန်ပြောကြားထားပါတယ်။ အသေးစိတ် အချက်အလက် အနေဖြင့်ဖော်ပြရလျှင်တော့ ယခု Google + တွင် Circle၊ Hangouts နှင့် Sparks ဟူသော Feature သုံးခုပါဝင်လာမှာဖြစ်ပါတယ်။

Circle ဆိုတာကတော့ အသုံးပြုသူများအနေဖြင့် မိမိတို့၏ သူငယ်ချင်းအစုအဖွဲ့အား သတ်မှတ်ထားနိုင်ခြင်းပဲဖြစ်ပါတယ်။ ဥပမာ အားဖြင့် ကျောင်းမှသူငယ်ချင်း၊ ရုံးမှသူငယ်ချင်း၊ ငယ်သူငယ်ချင်း အစရှိသဖြင့် ခွဲခြားသွားနိုင်မှာဖြစ်ပြီး အဆိုပါ Group အလိုက် မိမိဖော်ပြလိုသော အချက်အလက်များကို ဖော်ပြထားနိုင်မှာဖြစ်ပါတယ်။

Hangouts မှာ Video Chat ကို နာမည်ပြောင်းလဲပေးထားခြင်းပဲဖြစ်ပါတယ်။ Google မှ ကြော်ငြာထားတာကတော့ အသုံးပြုသူများ အနေဖြင့် အပြင်တွင် တွေ့ဆုံစကားပြောရန် မစီစဉ်မိသောလူများ၊ မကြုံသောသူများကို Web ပေါ်မှတဆင့် တွေ့ဆုံသွားနိုင်သည့် ဝန်ဆောင်မှုပင်ဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံး Feature ဖြစ်သော Sparks ကတော့ Google ၏ Social Network က အမှန်တစ်ကယ်အသက်ဝင်စေမယ့် Feature ပဲဖြစ်ပါတယ်။ Feature မှာ မိမိ စိတ်ဝင်စားသော  အကြောင်းအရာတစ်ခုအား ရိုက်ထည့်လိုက်ပါက Sparks မှတစ်ကမ္ဘာလုံးမှ ထိုအကြောင်းအရာနှင့် ပတ်သက်သည့်အချက်များအားလုံးအားဖော်ပြပေးသွားမည်ဖြစ်ပြီး အသုံးပြုသူ မှာလည်း ထိုအကြောင်း အရာများကို Share ပြုလုပ်သွားနိုင်မှာဖြစ်ပါတယ်။
Google ဟာ ၎င်း၏ Social Network အား Desktop ပေါ်တွင်သာမကပဲ ဖုန်းတွင်လည်း အသုံးပြုနိုင်အောင် စီစဉ်ထားပြီး Android မိုဘိုင်းလ်များမှတဆင့် ရိုက်ကူးထားသော ဓါတ်ပုံများကို Google + တွင် လျှင်မြန်စွာ upload လုပ်နိုင်မည့် instant upload နှင့် ဖုန်းမှတဆင့် Google + အသုံးပြုသူများနှင့်Group Chat ပြုလုပ်နိုင်မည့် Huddle ဟူသော Feature လည်းပါဝင်သွား မှာဖြစ်ပါတယ်။
နောက်ဆုံးအနေဖြင့်ဖော်ပြရလျှင်တော့ Google ဟာ Social Network လောကတွင် အောင်မြင်မှုမရရှိခဲ့သော သာဓက များရှိပြီး ၎င်းတို့၏ နောက်ဆုံး Social Network ဖြစ်သော Google Buzz ဟာလည်းယခုအခါ နာမည်ကျော်ကြား ခဲ့ခြင်းမရှိပါဘူး။

သို့အတွက် ယခု စိတ်ဝင်စားဖွယ် Feature အသစ်များဖြင့် ထုတ်လုပ်သွားမည့် Google ၏နောက်ထပ် Social Network တစ်ခုအား အသုံးပြုရ လွယ်ကူခြင်းရှိမရှိနှင့် Google မှာလည်း Facebook အားယှဉ်ပြိုင်နိုင်မည့် Social Network တစ်ခုဟု ကြော်ငြာထားခြင်းမှာ မှန်မမှန်ကို စောင့်ကြည့်သွားရမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။



POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection