အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံရန် ပြည်ပလုပ်ငန်းရှင်များ စိတ်ဝင်စားလာ
မြန်မာ့ စီးပွားရေးဇုန် ဥပဒေကို ဇန်နဝါရီ ၂၇ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဥပဒေအမှတ် ၈/၂၀၁၁ ဖြင့် ထုတ်ပြန်လိုက်ကြောင်း နိုင်ငံပိုင် သတင်းစာများက ဖော်ပြထားသည့် အပေါ်တွင် စီးပွားရေး လုပ်ငန်းရှင် များက မြန်မာနိုင်ငံ အတွင်း နိုင်ငံခြား ရင်းနှီးမှုများ ပိုမိုဝင်လာမည် ဖြစ်ကြောင်း ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင်များ အချို့က သုံးသပ်ကြသည်။ အထူး စီးပွားရေးဇုန် ဥပဒေတွင် -
အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊အခန်း (၂) ရည်ရွယ်ချက်များ၊
အခန်း (၃) အထူးစီးပွားရေးဇုန်၊
အခန်း (၄) မြန်မာ့စီးပွားရေးဆိုင်ရာ ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်း အဖွဲ့နှင့် စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊
အခန်း (၅) ရင်းနှီးမြှုပ်နှံသူ၏ အခွင့်အရေးများ၊
အခန်း (၆) ရင်းနှီးတည်ဆောက်သူ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံသူ၏ သီးခြားတာဝန်များ၊
အခန်း (၇) မြေအသုံးပြုခြင်း၊
အခန်း (၈) ဘဏ်နှင့် ငွေရေးကြေးရေး စီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း၊
အခန်း (၉) အကောက်ခွန် ဦးစီးဌာနက စီမံခန့်ခွဲခြင်းနှင့် ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊
အခန်း (၁၀) ကူးစက်ရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ကူးစက်ရောဂါ ပြန့်ပွားမှု မရှိစေရန် သီးသန့်ထားခြင်း၊
အခန်း (၁၁) အလုပ်သမားရေးရာ ကိစ္စရပ်များ၊
အခန်း (၁၂) အထွေထွေတို့ ဖြစ်သည်။
အထူး စီးပွားရေးဇုန် ဥပဒေ မူကြမ်းအား ၂၀၀၅-၂၀၀၆ ခုနှစ်ခန့်မှ စတင်ရေးဆွဲခြင်း ဖြစ်ပြီး ယင်းဥပဒေတွင် အခန်း (၁၂) ခန်း ပါရှိသည်။ အထူး စီးပွားရေးဇုန် ဥပဒေ ပေါ်လာတာကို စီးပွားရေး လုပ်ငန်း ရှင်တစ်ဦး အနေနဲ့ ကြိုဆိုတယ်။ “ဒီဥပဒေ ထွက်လာဖို့ စီးပွားရေး လုပ်ငန်းရှင် တော်တော်များများ ကြိုဆိုနေကြ မှာပါပဲ” ဟု ပုဂ္ဂလိက မော်တော်ယာဉ် ထုတ်လုပ်ရေး တစ်ခုမှ တာဝန်ရှိသူက သုံးသပ်ပြောသည်။ နိုင်ငံတကာ အသိအမှတ်ပြု ငွေဖြင့် လုပ်ကိုင်ခွင့်ပြုမည့် စက်မှုဇုန်များကို မြဝတီ၊ မော်လမြိုင်နှင့် ဘားအံမြို့နယ်များ အပါအဝင် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် ပေါ်ပေါက်လာမည့် အထူးစီးပွားရေး ဇုန်များတွင် ပြည်ပ စီးပွားရေး လုပ်ငန်းများ သာမကဘဲ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင်များကိုပါ လုပ်ကိုင်ခွင့် ပြုမည်ဟု သိရသည်။
ရေးသားသူ - ဆူးရှ (ရန်ကုန် တက္ကသိုလ်)


