ငှက်ပျောသီးခွံ၏အစွမ်း

ငှက်ပျောသီးခွံ၏ အစွမ်း

ငှက်ပျောသီးတစ်လုံးမှာ ပရိုတင်းဓာတ်နဲ့ သတ္တုဓာတ် အများအပြား ပါဝင်တာကြောင့် တစ်နေ့တစ်လုံး စားသုံး ပေးရင် ကျန်းမာရေး ကောင်းကျိုးတွေ ရရှိနိုင်သလိုသင့်မှာ အောက်ပါဝေဒနာတွေ ရရှိခဲ့ရင်လည်း ငှက်ပျောသီး အခွံကြောင့်  သက်သာ စေနိုင်တဲ့ အစွမ်းရှိပါတယ်။

၁) အသားအရေ ပြုပြင် ထိန်းသိမ်းမှု
သင့်အနေနဲ့ အစားအစာ တချို့နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်ရင် ဓာတ်မတည့်မှု ဖြစ်နေတဲ့ အရေပြား အစိတ် အပိုင်းကို ငှက်ပျောသီးခွံနဲ့ ကုသမှု ပေးနိုင်ပါတယ်။ လုပ်သင့်တဲ့ နည်းလမ်းကတော့ ငှက်ပျောသီး အခွံကို ကြိတ်ပြီး ဓာတ်မတည့်မှု ဖြစ်နေတဲ့ အရေပြား နေရာမှာ ပွတ်တိုက်ပေးကာ ခြောက်သွေ့သွားတဲ့အခါမှာ ရေနဲ့ ဆေးကြော ချလိုက်ပါ။ ငှက်ပျောသီး အခွံကို ညဘက်မှာ လိမ်းတာက ပိုသင့်တော်ပါတယ်။

၂) ဆိုးရီးယေးစစ် အရေပြားရောဂါ
အရေပြားပေါ်မှာ ငါးအကြေးခွံလို အကွက်တွေ ဖြစ်တဲ့ရောဂါဟာ အရေပြား ရောဂါတွေထဲမှာ အဖြစ်များပါ တယ်။ အဲဒီ အရေပြား ရောဂါကို ကုသနိုင်ဖို့ ငှက်ပျောသီးကို အခွံခွာပြီး ဖြစ်တဲ့ အရေပြားပေါ်မှာ ပွတ်တိုက် ပေးပါ။ ဒါဆိုရင် အရေပြား နေရာတွေက သဘာဝအတိုင်း အနာ ကျက်သွား ပါလိမ့်မယ်။ ငှက်ပျောသီးခွံနဲ့ စတင် လိမ်းလိမ်းချင်း အရေပြားက နီရဲလာပြီး နောက်ပိုင်းမှာ ပုံမှန် လိမ်းရင်း၊ လိမ်းရင်း တဖြည်းဖြည်းနဲ့ အနာ ကျက်လာတာကို တွေ့ရမှာပါ။

၃) ကြွက်နို့
အရေပြားပေါ်က ကြွက်နို့ကို ဖယ်ရှားနိုင်ဖို့ ငှက်ပျောသီးကို အခွံခွာပြီး အခွံကို ပါးပါးလှီးကာ  ကြွက်နို့ပေါ်မှာ ၁၀ ရက်ခန့် ကပ်ထားပေးပါ။

၄) ဒဏ်ရာ
လဲကျပြီး ဒူး ပွန်းသွားတဲ့ အခါမှာ ငှက်ပျောသီးအခွံကို ဒဏ်ရာတစ်ဝိုက် ပွတ်လိမ်းပေးပါက အနာမြန်မြန် သက်သာကာ ခြောက်သွေ့လာပြီး အမာရွတ်ထင်ခြင်း ကင်းဝေးစေပါတယ်။

၅) ခေါင်းကိုက်ခြင်း
ခေါင်းကိုက် နေရင်လည်း ငှက်ပျောသီး အခွံကို အသုံးပြုနိုင်ပါတယ်။ ငှက်ပျောခွံကို ညက်တဲ့အထိ ကြိတ်ခြေပြီး နဖူးနဲ့ နားထင် နေရာတွေပေါ် ကပ်ပေးပါ။

၆) ခြင်ကိုက်ခြင်း
ခြင် ကိုက်ခံရတဲ့အခါ ခြင်ဖုတွေနဲ့ ယားနေရင် ငှက်ပျောသီး ခွံကို ပါးပါးလှီးပြီး ကပ်ပေးပါ။         


 ကြယ်စင်  (Ref;living.oneindia.in/health)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection