ယာယီမြန်မာနိုင်ငံကူးလက်မှတ် သက်တမ်း ၆နှစ်အထိ တိုးမြှင့်

ယာယီမြန်မာနိုင်ငံကူးလက်မှတ် သက်တမ်း ၆နှစ်အထိ တိုးမြှင့်

ယာယီ မြန်မာနိုင်ငံကူးလက်မှတ်ထပ်လျှောက်ထား သူများ ယခင်သက်တမ်း သုံးနှစ်ပြုလုပ်ပေးနေမည့် အစား ၂၀၁၁ခုနှစ်၊ ဇူလိုင် လ ၁ရက်နေ့မှစပြီး အသစ်ပြုလုပ်သူများ သက်တမ်း ၆ နှစ်အထိ တိုးမြှင့် ပြုလုပ်ပေး ကြောင်း သိရသည်။

“ဇူလိုင်လ ၁ ရက်နေ့ကစပြီး လုပ်တဲ့လူတွေကတော့ သက်တမ်း ၆နှစ်အထိ ရတယ်။ ကုန်ကျစရိတ် တွေကတော့ အတူတူပဲ။ အစက ၃နှစ်ပဲ လုပ်ပေးတယ်လေ။”ဟု ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ရှိ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်နေသူ ဦးအောင်ရွှေက ပြော သည်။

ယာယီမြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းသုံးနှစ်ကိုင်ဆောင်ထားသူများလည်း နောက်ထပ်သက်တမ်း သုံးနှစ် ထပ်တိုးခွင့်ရမည် ဖြစ်ပြီး သက်တမ်းတိုးရန်အတွက် ကုန်ကျစရိတ် ထိုင်းဘတ် ၅၀၀ ဝန်းကျင်ကုန်ကျ ကြောင်းလည်း သူက ပြောသည်။


သက်တမ်းကုန်ဆုံးသွားသူများအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ရနောင်းမြို့ရှိ မြန်မာသံရုံး များမှာ သက်တမ်း တိုးနိုင်ကြောင်း သိရသည်။

“သံရုံးက ပြောတာကတော့ သက်တမ်းတိုးတဲ့အခါမှာ အဆင်ပြေဖို့ အခုလို အသစ်ထပ်လုပ်တဲ့လူတွေကို သက်တမ်း ၆ နှစ်အထိ တိုး လိုက်တာဖြစ်တယ်။”ဟု ဘန်ကောက်ရှိ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပေး နေသူတစ်ဦးက ပြောသည်။

“ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် အလုပ်သမားမှတ်ပုံတင် (work permit)ကို အရင်လုပ်ရတယ်၊ (work permit) ရပြီး တော့မှ ယာယီနိုင်ငံကူးလက်မှတ် လုပ်လို့ရတယ်။ ကုန်ကျစရိတ်ကတော့ (work permit)အတွက် ဘတ်ခြောက်ထောင်လောက် ကုန်တယ်။ ယာယီလက်မှတ်အတွက်လည်း အဲလောက် နီးပါးကုန်တယ်။ အပြီးသတ်အားလုံးဆို တစ်သောင်းကျော်ကျော် ကုန် မယ်။”ဟု ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိ ရေလုပ်ငန်းမှ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ အလုပ်သမားဦးထွန်းက ပြောပြ သည်။

ယာယီမြန်မာနိုင်ငံကူးလက်မှတ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ ကော့သောင်း- ရနောင်း၊ တာချီလိတ်နှင့် မြဝတီမြို့များတွင် ပြုလုပ်ပေး နေပြီး ၂၀၀၉ခုနှစ်၊ ဇူလိုင်လမှစ၍ ယာယီနိုင်ငံကူးလက်မှတ်ကို စတင် ထုတ်ပေးနေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂သန်းကျော်ရှိပြီး တရားမဝင် နေထိုင်သူ တစ်သန်း ကျော်ရှိကြောင်း မြန်မာရွှေ့ ပြောင်း အလုပ်သမားရေးရာအဖွဲ့တို့မှ ခန့်မှန်းထားကြသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် များသောအားဖြင့် ရေလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection