မြောက်ဒဂုံ ကျောင်းလမ်းနားက ယာဉ်တိုက်မှု-ကျောင်းသူတစ်ဦးပွဲချင်းပြီးသေဆုံး
သတင်းအဖြင့်နှင့်သာတင်ပေးလိုက်ရတာပုံကိုမြင်ရတာ စိတ်မချမ်းသာစရာ
ရန်ကုန်၊ဇူလိုင် ၁၆ရက်၊၂၀၁၁ မနေ့က 16.07.2011 မွန်းလွဲ(1:00)နာရီအချိန်ခန့်တွင်ရန်ကုန်မြို့ထဲမှ မောင်းနှင်းလာသော BMအမှတ် အ/၂၁၁၆ ခရီးသည် တင်ကားတစ်စီးသည် ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံ လမ်း မကြီးပေါ်ရှေ့ ကျောင်းလမ်းမှတ်တိုင် အနီး အင်း၀ ဓါတ်ပုံဆိုင်ရှေ အရောက်တွင် လက်တွန်း လှည်းဖြင့် သစ်ချသီးလှော် ရောင်းချနေသော လှည်းနှင့် ၀ယ်ယူနေသူ မအိဇာခြည်ကျော် ဒုတိယနှစ်အီးမေလ်ဂျာ ဒဂုံတက္ကသိုလ်ကျောင်းသူ အသက်(၁၉) နှစ်အား ၀င်ရောက်တိုက်မိရာနေ ရာတွင်ပင်ပွဲခြင်းပြီးသေဆုံးသွားပြီး သစ်ချ သီးလှော်လှည်းလည်း ကြေမွပျက်စီးသွားခဲသည်။
ယာဉ်မောင်းသူမှာယာဉ်နှင့်အတူမောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
တရားခံဖမ်းဆီးရမည့်ရေးအတွက်သက်ဆိုင်ရာမှစုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံက အင်တာနက်ဆိုင်ကထွက်ပီးတော့ သစ်ခြသီး၀ယ်စားတာခင်ဗျ သူနဲ့အဖေါ်ပါလာတဲ့ ကောင်မ လေးက တော့လွတ်သွားတယ်.. ဈေးရောင်းတဲ့လူလည်း ရေထဲကိုဆင်းပြေးတယ်.
သူကတော့ ပိုက်ဆံပြန်အမ်းတာကိုစောင့်နေရင်းနဲ့ ကံဆိုးသွားတာပါတဲ့
ဖြစ်ပြီးမှဖြင့် တိုက်တဲ့သူကော တိုက်ခံရတဲ့သူကော မည်သူမှမကောင်းတော့ပါ နှစ်ဘက်လုံး နစ်နာကြရ တော့မယ်..အသက်သေ၊ထောင်ကျ ဘာမှမကောင်း.. တွေ့မြင်ရတံလူတွေအဖို့လဲ စိတ်မချမ်းသာ စရာ.. ကာယကံရှင်မိသားစုဆို .....စဉ်းစားသာကြည့်ပေတော့
ဓာတ်ပုံတွေလဲ တင်ပေးတဲ့သူရှိလို့သာ ကြည့်ရတာ...ကာယကံရှင်တွေမြင်သွားရင်လဲ မကောင်းပြန်ဘူး
တစ်ချိန်ပြန်ဖျက်ရင် ပြန်ဖျက်ပါ့မယ်
သြော်... သစ်ခြသီး သာ၀ယ်မစားခဲ့ရင်
ခလေးမ ကောင်းရာသုဂတိလားပါစေ
ကာယကံရှင်မိသားစုနှင့်အတူ ထပ်တူ၀မ်းနည်းလျက်ပါဗျာ
ဓာတ်ပုံနှင့်သတင်း-ကိုကိုလူဆိုး @mandalaygazette
ကာယကံရှင်မိသားစုနှင့်အတူ ထပ်တူ၀မ်းနည်းလျက်ပါဗျာ
ဓာတ်ပုံနှင့်သတင်း-ကိုကိုလူဆိုး @mandalaygazette