ဒေါ်အောင်ဆန်းစုကြည် ယနေ့ ပုဂံ ဘုရားများ မဖူးဖြစ်

ဒေါ်အောင်ဆန်းစုကြည် ယနေ့ ပုဂံ ဘုရားများ မဖူးဖြစ်

ပုဂံမြို့သို့ ရောက်ရှိနေသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ပြင်ပသို့ ဘုရားဖူး သွားရောက်မည် မဟုတ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈နာရီ ၂၀ခန့်က အဲမန္တလေး လေယာဉ်ဖြင့် မန္တလေးတိုင်း ပုဂံ- ညောင်ဦး လေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ခရီးပန်းသည့်အတွက် အနားယူမည်ဖြစ်သည်ဟု လိုက်ပါသွားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အဖွဲ့၀င် တဦး က ဆိုသည်။

ပုဂံ- ညောင်ဦး ဒေသရှိ သက်ဆိုင်ရာ ဘုရား ဂေါပက အဖွဲ့များ အား ဒေါ်အောင်ဆန်းစုကြည်ကို တခမ်းတနား ကြိုဆိုခြင်း၊ အလှူငွေလက်ခံခြင်းများ မပြုလုပ်ရန် ညောင်ဦး ခရိုင် အုပ်ချုပ်ရေးမှူးက တားမြစ်သတိပေးထားသည်ဟု The Voice Weekly ဂျာနယ် အင်တာနက် စာမျက်နှာ တွင် လည်း ရေးသားထားသည်။
ပုဂံသို့ ရောက််ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ လုံခြုံရေးတာ၀န်ယူထားသည့် အဖွဲ့၀င် ၄ ဦးလိုက်ပါသွားပြီး သားဖြစ်သူ ကိုထိန်လင်းမှာ NLDအဖွဲ၀င် လူငယ် ၁၂ ဦးနှင့် ယမန်နေ့ ညနေကပင် ကားဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု NLD အဖွဲ့၀င် က ပြောသည်။

“လေကြောင်းလိုင်းရော လေဆိပ်ကပါ အားလုံးဂရုစိုက်ကြတယ်၊ အာဏာပိုင်တွေက လုံခြုံရေးလည်း အားလုံး တာ၀န်ယူကြ တယ်၊ အဖွဲ့ချုပ်ကလည်း အတွင်းစည်းအပြင်စည်း တာ၀န်ယူထားတယ်”ဟု ၎င်းက ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ပုဂံမြို့ရှိ Bagan Hotel River View ဟိုတယ်တွင် တည်းခိုကြသည်။

၄ ရက်ကြာမည့် ယခု ပုဂံ ခရီးစဉ်သည် ပြီးခဲ့သည့်နှစ် နို၀င်ဘာလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

ပုဂံ ခရီးစဉ်သည် မိသားစု ခရီးစဉ်ဖြစ်သည့်အတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လူထုနှင့် တွေ့ဆုံခြင်းများကို လုပ်ကိုင်ဦးမည်မဟုတ်ဟုလည်း NLD အဖွဲ့၀င်က ဆက်လက်ပြောသည်။

ခရီးစဉ်မတိုင်မီ NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်ထံ လိပ်မူ၍ NLD ပါတီ၏ ရပ်တည်မှု အနေအထားနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့သည့် အပြင် လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းများ ရပ်တန့်ပြီး မှတ် ပုံတင်ရန် သတိပေးစာ ပေးပို့ခဲ့သည်ဟု အစိုးရသတင်းစာများ၌ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်မတိုင်မီ ဇူလိုင်လ၂ ရက်က သြစတြေးလျ နိုင်ငံခြားရေး၀န်ကြီး ကယ်ဗင် ရုဒ် နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။


POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection