ယင်လပ် ပထမ ဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်ပြီ

ယင်လပ် ပထမ ဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်ပြီ

ဒီနေ့ထိုင်း နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲ မှာ ၂၀၀၆ ခုနှစ်တုန်းက စစ်တပ် က အတင်းအဓမ္မ အာဏာသိမ်း ပြီး ရာထူးက ဖယ်ရှားခံရတဲ့ ထိုင်း နိုင်ငံ ယခင် ထိုင်းရတ်ထိုင်း ပါတီ ရဲ့ေါင်းဆောင် နဲ့၀န်ကြီးချုပ် ဟောင်း ဖြစ်သူ သက်ဆင် ရှာန၀ပ် ရဲ ့ညီမ ယင်လတ် ရှင်နာ၀ပ်က ပါလီမန် အမတ်နေရာ ၅၀၀ ကို ၂၆၀ ထိမ်းချုပ် ထိမ်းချုပ် နိုင်ခဲ့ပြီး ၀န်ကြီးချုပ် နေရာ ကိုရရှိ နိုင်ပြီ လို့ရွေးကောက်ပွဲ ကော်မရှင် က သတင်း ထုတ် ပြန်ပါတယ်။



လက်ရှိ ၀န်ကြီးချုပ် အဘီဆစ် ၀ဇ္ဇာ ဇီ၀ ရဲ ့ဒီမိုကရတ် ပါတီက အမတ် နေရာ ၁၆၀ သာ ရရှိ ပြီးသူက ယင်လပ် အနိုင်ရရှိကြောင်း ကို အသိအမှတ် ပြုပြီး “ပထမ ဦးဆုံး ထိုင်း နိုင်ငံ ရဲ ့အမျိုးသမီး ၀န်ကြီးချုပ် “အဖြစ် ရရှိ တာ ကိုလည်း ဂုဏ်ပြု ချီးမြှောက် စကား ပြောကြား ခဲ့ပါတယ်။

ဒီနေ့ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ ကို အမေရိကန်၊ ဥရောပ နဲ့ဂျပန် အာဆီ ယံ နိုင်ငံ များအပါအ၀င် နိုင်ငံတကာ က လည်း စောင့် ကြည့် လေ့လာ ခဲ့ကြပြီး ဒီရွေးကောက်ပွဲ ဟာ တရားမျှတ မှု ရှိတယ် လို့ နိုင်ငံတကာ ရွေးကောက် ပွဲ စောင့် ကြည့် လေ့လာမှု အဖွဲ့ ကြီးက သတင်းထုတ် ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲ အတွက် မဲရုံပေါင်း ၉၄၀၀၀ ကျော် မှာ မဲရုံ အမှုထမ်းပေါင်း ၁.၂ သန်း က မဲတွေရေတွက်တာ နဲ ့ အကူအညီပေးမှု ပြုခဲ့ကြပြီး နိုင်ငံတ၀ှမ်း မှာ လည်း ရဲ နဲ ့ လက်နက် ကိုင် တွေက လုံခြုံရေး ယူခဲ့ကြပါတယ်။


၂၀၀၆ ခုနှစ်က အာဏာသိမ်းမှု မှာ ဦးဆောင် ခဲ့ပြီး အခု ပါတီ ထောင်ထားတဲ့ ဗိုလ်ချုပ်ဆွန်သီဘွန်ညာ ယက်ဂလင်း က တော့ ရွေးကောက် ပွဲ ရလာဒ် ကို သူ သဘော မကျ ဘူး လို ့ ဆိုပါတယ်။


ယနေ ့ည ၈ နာရီ ခွဲ က ပွေ ့ထိုင်းပါတီ ဌာန ချုပ် မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်း လင်း ပွဲ မှာ ယင်လတ် က “ဒီည ကျွန်မ တို ့ ပါတီ အနိုင်ရ တယ်လို ့ ကျွန်မ မပြောချင်ပါဘူး၊ ပြည်သူတွေ ကိုအလုပ်အကျွေးပြုဖို ့ကျွန် မတို ့ပါတီ ကို ပြည်သူတွေ က ရွေးချယ် လိုက်တယ် လို ့ပဲ ကျွန်မ က ပြောချင် ပါတယ် ဟု ပြောခဲ့ ပါတယ်။ နောက် ပြီး သူမကို ေ၀ဖန် ကြတာတွေ ထဲ က တစ်ခု ဖြစ်တဲ့ သူ၀န်ကြီးချုပ် ဖြစ်ရင် သူ ့အကို ပြည်တော် ပြန် ဖို ့ကို လုပ်ပေးမှာ ဆိုတဲ့ စွပ်ဆွဲ ချက် တွေ ကို ပယ်ချ ခဲ့ ပြီးကျွန်မ အကို အတွက် ကျွန်မ မှာ တစ်စုံ တစ်ရာ အထူး အခွင့် အရေး ပေးဖို ့မရှိ ပါဘူး ဆိုပြီး ပြန်လည် ချေပခဲ့ပါတယ်။
 
Thai PBS ရုပ်သံ ကနေ ပြည်ပရောက် ၀န် ကြီးချုပ် ဟောင်း သက်ဆင် ရှာနာ၀ပ် နဲ ့ဆက်သွယ်မေးမြန်းမှု ပြုရာမှာ တော့ သူက ” ပြည်သူတွေ ရဲ ့ အသံ တွေ ကို လေးစားမှု မပြုရင် ဘယ်တော့မှငြိမ်းချမ်းမှု ရမှာ မဟုတ် ဘူး လို ့ ပြောခဲ့ ပြီး ဒီမိုကရတ် ပါတီ ကို ပြည်သူတွေ က ညီးငွေ ့နေ ကြပြီလို ့ ပြောကြား ခဲ့ပါတယ်။


သက်ဆင် ဟာ ဆင်းရဲသား ထိုင်း နိုင်ငံ သားတွေ ရဲ ့ အပြည့်အ၀ ထောက်ခံ မှု ကို ရရှိ သူ ဖြစ်ပြီးသူဟာ နိုင်ငံရဲ ့ ဆက်သွယ်ရေး နဲ ့ စိုက်ပျိုးရေး ဘဏ်ချေးငွေ စနစ် တွေ ကို တခြား အိမ် နီးချင်းနိုင်ငံ တွေ ထက် အပြတ် အသတ် သာ အောင် အဆင့် မြှင့်ပေး နိုင် ခဲ့ သူ တစ်ဦး ဖြစ်ပါတယ်။


သက်ဆင် ဟာ ထိုင်း နိုင်ငံ မှာ ကျင်း ပမယ့် သမီး ဖြစ်သူ ရဲ ့ မင်္ဂလာ ပွဲ ကို လည်း တက်ရောက် ချင်တယ် လို ့ သတင်းထောက် ကို ပြောခဲ့ပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection