Nail fungal infection လက္သည္းမိႈ

Nail fungal infection လက်သည်းမှို

အမျိုးသမီး (၃၁ နှစ်)။ ပြည်ပမှာဆိုတော့ ရောဂါ ဖြစ်လို့ ဆေးခန်း သွားရင် သေချာ မပြောပြတတ်တော့ မသက်သာဘူး။ စဖြစ်တာက လက်သည်းရဲ့ ထိပ်ပိုင်းဘေး တဖက်စီမှာ လက်စွယ် ငုတ်သလို ဖြစ်နေတော့ ခွာထုတ်တာ၊ အပေါက်တွေက ချိုင့်ခွက်လေးလို ဖြစ်နေတာ။ ခုဆို လက် ၅ ချောင်းလုံးပဲ။ လက်သည်း ပိုးများလား မသိဘူးတဲ့။ ခွာနေတုန်းကတော့ သွေးကြောအမျှဉ်လေးလို နီနီလေးတွေ့လို့ ခွာထုတ် တိုင်းလဲ ပြန်ပေါ်လာတယ်တဲ့။ ပေးတဲ့ ဆေးနဲ့လဲ မသက်သာတော့ ကြားဖူးနား၀ ဖယောင်း စက်ချပြီး လုပ်ကြည့် တော့လဲ မသက်သာပါဘူး။

လက်သည်း-ခြေသည်းကို မှို၀င်လာရင် အစမှာတော့ ဖြူ-၀ါ၀ါ အစက်အပျောက်လေး ဖြစ်လာပြီး နောက် တော့ အောက်ထဲ ၀င်လာလို့ အရောင်ပြောင်းလာ၊ ထူလာ၊ ကျွတ်ဆတ်လာ၊ ပုံပြောင်းလာမယ်။ ကုရတာ မလွယ်လှပါ။ ခြေသည်း-လက်သည်း ကြွတက်လာတဲ့ အဆင့်ရောက်ရင် Onychomycosis လို့ ဆေးစာက ခေါ်တယ်။ နာလာ၊ အနံ့ပါရလာပြီ။ သေခြာမကုရင် တသက်လုံးလို့ ပြောရမလိုနေမယ်။

Fungus မှိုပိုးဆိုတာ မျက်စိနဲ့ မမြင်ရဘူး။ စိုထိုင်းတာ ကြိုက်တယ်။ ကိုယ့်မှာ အပေါက်-အပြဲ၊ အကွဲ-အရှ ရှိလာမှ အထဲ ၀င်လာတာ။ သူနဲ့ဆင်တဲ့ Yeasts တို့ Molds တို့ကနေလဲ ရောဂါဖြစ်ပါတယ်။ ချွေးထွက်များ သူ၊ ယောကျာ်း၊ အသက် မငယ်သူ၊ စိုထိုင်းတဲ့ အလုပ်လုပ်ရသူ၊ ခြေအိတ်-လက်အိတ် အမြဲ ၀တ်ထားရသူ၊ ဘာမှမစီးဘဲ လမ်းသွားရသူ၊ ဆီးချို ရှိသူတွေမှာ အဖြစ်များတယ်။ Leukemia, AIDS နဲ့ အင်္ဂါအစားထိုး ထားရသူတွေမှာလဲ ပိုဖြစ်တတ်တယ်။

Terbinafine, Fluconazole and Itraconazole စားဆေးတွေ ပေးတယ်။

• Terbinafine (Lamisil) စားဆေး 250 mg ကို တနေ့ ၁ လုံး၊ ဖြစ်ခဲ့တာ ကြာကြာသလို သောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေက ၀မ်းပျက်၊ ယား၊ အစာမကျေ၊ အနီပြင်ထွက်၊ အစားပျက်။

• Fluconazole (Diflucan) စားဆေးကို 150 mg တနေ့ ၁ လုံး၊ ဖြစ်ခဲ့တာ ကြာကြာသလို သောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေက ခေါင်းကိုက်၊ မူး၊ ၀မ်းပျက်၊ ယား၊ အစာမကျေ၊ အစားပျက်။

• Itraconazole (Sporanox) စားဆေးကို 200-400 mg တနေ့ ၁ ကြိမ်၊ ၂ ခါခွဲသောက်လဲ ရတယ်။ ဖြစ်ခဲ့ တာ ကြာကြာသလို သောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေက ၀မ်းလျှော-၀မ်းချုပ်၊ လေထ၊ ခေါင်းကိုက်၊ မူး၊ ယား၊ အစာမကျေ၊ ပါးစပ်နာ၊ သွးဖုံး သွေးယို၊ ချွေးထွက်၊ ကြွက်သားနာ၊ အတူနေခြင် စိတ်နည်း၊ စိတ်ကျ၊ နှာစေး၊ အိပ်မက်မက်။

နောက်ပိုး၀င်တာ ရှိနေရင်လဲ နောက်ဆေး ပေးရမယ်။ Ciclopirox (Penlac) ဆိုတဲ့ Antifungal nail polish ကိုလဲ သုံးနိုင်တယ်။ လိမ်းဆေး တခုထဲနဲ့ မရတတ်ပါ။ စားဆေးနဲ့ တွဲတာ ကောင်းတယ်။ သိပ်ဆိုးရင် ဖြစ်တဲ့ လက်သည်း-ခြေသည်း ခွဲထုတ်ရတယ်။ Laser လေဆာနည်း၊ Photodynamic therapy အလင်းရောင် ပေးကုနည်းတွေလဲ ရှိတယ်။

အိမ်မှာတင် လုပ်လို့ရတာတွေလည်း ရှိတယ်။ Vinegar (ဗနီဂါ) ၁ ဆ၊ ရေ ၂ ဆ ထဲမှာ ၁၅-၂၀ မိနစ်ကြာ၊ တပါတ်မှာ ၃ ကြိမ် စိမ်ထားရမယ်။ Vicks VapoRub ကိုလဲ လိမ်းလို့ရတယ်။

ခြေသည်း-လက်သည်း တိုတိုထားပါ။ ခြောက်သွေ့နေပါစေ၊ တကိုယ်ရေ-သန့်ရှင်းရေး လုပ်ပါ။ စိုတဲ့အလုပ်မှာ ရာဘာ လက်အိတ်-ခြေအိတ်သုံးပါ။ သင့်တော်တဲ့ ခြေအိတ်ရေါးသုံးပါ။ ချွေးထွက်များရင် လဲပါ။ ဖိနပ်မပါဘဲ လမ်းမသွားပါနဲ့။ Manicure and Pedicure salon လက်သည်း-ခြေသည်း အလှပြင်ဆိုင်သွားရင် နာမည်ရ တဲ့ဆိုင်သာ သွားပါ။ Nail polish and artificial nails အလှလုပ်တာ၊ အတုလုပ်တာတွေ ရှောင်ပါ။


Dr. တင့္ေဆြ

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection