ဒေးဘစ်ကတ် မြန်မာပြည်မှာ စမ်းသပ်မယ်

ပိုက်ဆံထုပ် မသယ်ဘဲ ဘဏ်ကတ် (ဒေးဘစ်ကတ်) အိတ်ထဲ ထည့်ထားပြီးသွားလာလှုပ်ရှားရတာ ပိုပြီး သက်တောင့်သက်သာ ရှိပါတယ်။မြန်မာနိုင်ငံ ဗဟို ဘဏ်က အခုအခါ Debit ငွေထုတ်ကတ်တွေကို လာမယ့် ဇူလိုင်လ တတိယ ပတ်က စတင် စမ်းသပ် ပါတော့မယ်။

စမ်းသပ်ကာလ ၁ လ ကို ရန်ကုန်မှာ ရှိတဲ့ ကုန်တိုက် ကြီးတွေမှာ စမ်းသပ်မှု ပြုလုပ်သွားမှာလို့ ဗဟိုဘဏ် အရာရှိတဦး အဆိုအရ သိရပါတယ်။

ATM ကတ်တွေထက် ပိုပြီး လုံခြုံစိတ်ချရတဲ့ Debit ကတ်တွေ အသုံးပြုမှုဟာ အင်တာနက်နဲ့ ချိတ်ဆက် ထား တာမို့ online ရော off line ပါ အသုံးပြုနိုင်ပြီး စမ်းသပ်မှု အောင်မြင်သွားရင်တော့ နိုင်ငံ တဝှမ်းလုံး အသုံးပြုနှိုင်အောင် လုပ်ဆောင်သွားမှာပါလို့ နိုင်ငံပိုင် သတင်းတွေက ဆိုပါတယ်။

အခုအခါမှာ မြန်မာနိုင်ငံက အစိုးရဘဏ်၊ ပုဂ္ဂလိက ဘဏ်တွေဟာလည်း နိုင်ငံခြား ဘဏ်တွေနဲ့ ချိတ်ဆက်

ဆောင်ရွက်မှုတွေ များလာတာကြောင့် ဖက်စပ်လုပ်ငန်းတွေ အကောင်အထည်ဖော်ရေး ဗဟိုဘဏ်က စီစဉ် ထားတယ်လို့ သိရပါတယ်။

ဒီအပြင် နိုင်ငံခြားဘဏ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိလာမှာဖြစ်လို့ ဒီလိုဘဏ်ကတ်တွေကိုကျယ်ကျယ်

ပြန့်ပြန့် သုံးစွဲသွားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။



သတင်း-အိမ့်သံစဉ်
ဧရာဝတီ ဘလော့ဂ်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection