ရွှေမန်းကိုကိုအမှုမှ ခေါင်းဆောင်ဟုယူဆရသူ လွတ်မြောက်နေဆဲ

ရွှေမန်းကိုကိုအမှုမှ ခေါင်းဆောင်ဟုယူဆရသူ လွတ်မြောက်နေဆဲ


ရွှေမန်းကိုကို(သူရဦးရွှေမန်း၏သမီးအဖြစ် အယောင် ဆောင်သည်ဟု ဆိုသူ)၊ အေးအေးမာ၊ ရဲအောင်တို့ ဆေးမင်ကြောင်ထိုးစဉ်က တွေ့ရပုံ။ ရွှေမန်းကိုကို တဦးတည်းသာ အဖမ်းခံနေရသည်ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ သမီး ဖြစ်သူ အဖြစ် ဟန်ဆောင်လိမ်လည်နေသူ အမျိုးသမီး ငယ်တစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသော်လည်း အဆိုပါ လိမ်လည်မှုများ အား အဓိက ကြိုးကိုင်လှုပ်ရှားသူ ရဲအောင်(ခ) ရဲဇော် အောင် နှင့် အပေါင်းအပါများ လွတ်မြောက်နေဆဲ ဖြစ်ကြောင်းသိရသည်။

ရွှေမန်းကိုကို ဟု လိမ်လည်နေခဲ့သော မ ရွှေမန်းကိုကို (ခ) မြင့်သူဇာခိုင် (ခ) ငယ်လေး}အား ကမာရွတ် ရဲစခန်းမှာ (ပ)၂၇၃၊၁၂ သွင်းကုန်ထုတ်ကုန် အက်ဥပဒေ ပုဒ်မ ၅(၁) ၅(၃) ဖြင့်၄င်း နိုင်ငံသားစီစစ်ရေးကဒ်ပြား အတုပြုလုပ်မှု (ပ) ၂၇၁ ၊၁၂ ပုဒ်မ ပုဒ်မ၄၂၀၊၄၆၈ တို့ဖြင့် ဇူလိုင်လ (၄) ရက်နေ့တို့တွင် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်းသိရသည်။

သူရဦးရွှေမန်း၏သားသမီးဖြစ် အရောင်ဆောင်၍ လိမ်လည်မှုများတွင် ဒေါက်တာ ရွှေမန်းကိုကို ဟု အယောင် ဆောင်မှုမှာ တစ်ချို့နေရာများတွင် သားဖြစ်သူဟန်ဆောင် ပြီး တစ်ချိဳ႕နေရာများတွင် သမီးဖြစ် ဟန်ဆောင် လေ့ရှိကြောင်း အဆိုပါကဲ့သို့ လိမ်လည်မှုများမှာ လွန်ခဲ့သောနှစ်အနည်းခန့်ကပင် လိမ်မှုခံခဲ့ရသူများ ရှိခဲ့ ကြောင်း အလိမ်ခံခဲ့ရသူ အချို့ထံမှ စုံစမ်းသိရသည်။

အဆိုပါ လိမ်လည်မှုများအား အဓိက ဦးဆောင်သူ ရဲအောင်(ခ) ရဲဇော်အောင် မှာ၄င်းတို့အဖွဲ့အား(long life) ဟု အမည်ပေးထားပြီး ၄င်းကိုယ်တိုင်ပင် သူရဦးရွှေမန်း၏ သားဖြစ်ဟန် အယောင်ဆောင်၍ လိမ်လည်မှုများ ရှိခဲ့ကြောင်းသိရသည်။

ရွှေမန်းကိုကို ဟူ၍ အယောင်ဆောင်လိမ်လည်မှုများ တွင် ပါဝင်ခဲ့သူများ တွင် ရွှေမန်းကိုကို(ခ)မြင့်သူဇာခိုင်သာ ဖမ်းမိထားပြီး ကျန်ရှိသူများ လွတ်မြောက်နေဆဲ ဖြစ်ကြောင်းသိရသည်။

The Street View ဂျာနယ်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection